အသံတွေ ကြားနေရတယ်

Saturday, March 3, 2012




NLD က ကြားဖြတ်ရွေးကောက် ၀င်မယ့်နေရာတွေမှာ မွတ်စလင် မျိုးဆက်သစ်လူငယ်အများစုကို နိုင်ငံသား စိစစ်ရေးကဒ် ထုတ်မပေးလို့ဆိုတဲ့အသံတွေ ညံနေတယ်။ ၂၀၁၅ ဒုတိယလွှတ်တော်သက်တမ်းမှာ အလုံးအရင်း တပ်ချီပြီး အသည်းကြားက မဲတစ်ပြားတွေနဲ့ မွတ်စလင်တိုင်းက NLD ကို မဲပေးမှာ သေချာတာမို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရေတိုရေရှည် စီမံကိန်း မူဝါဒလမ်းစဉ်ဟောင်းအတိုင်း လ၀ကကို ဘေးတီးပြီး ဘိုနေမြဲ ကျားနေမြဲ နှိပ်ကွပ်ဖို့ ဆော်သြနေဆဲပဲလို့ ဆိုကြတယ်။

နိုင်ငံခြားသားတရုတ်တွေ ငွေပေးပြီး နိုင်ငံသားကဒ် လုပ်နိုင်ပေမယ့်၊ မွတ်စလင်တွေကိုတော့ ငွေပေးရင်တောင် နိုင်ငံသားကဒ် ရရှိဖို့ ခက်ခဲနေသတဲ့။ ပြည်တွင်းဖြစ် နိုင်ငံခြားသားလုပ်ဖို့ မဟာစီမံကိန်းနဲ့ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေကြတယ်။

အမျိုးပျောက်မှာ စိုးကြောက်ပါ ၀ါဒစွဲကိုင်ထားဆဲ မျက်ကန်းမျိုးချစ်တွေက လုံခြုံရေးအကြောင်းပြပြီး ကျားကျားမီးယပ် ပုံပျက်ပန်းပျက်လုပ်နေတာကို အာဇာနည်နေ့ မကျင်းပရဲတာက သက်သေပြနေတယ်။

တကယ်တော့ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာကြီးဦးရာဇာတ်၊ ဒီဒုတ်ဦးဘချို၊ မန်းဘခိုင်၊ ဦးအောင်သန်း၊ မိုင်းပွန်စော်ဘွားကြီး၊ ရဲဘော်ထွေး၊ ရာဇ၀တ်အုပ်ဦးအုန်းမောင်ဆိုတဲ့ အာဇာနည်တွေထဲမှာ ဆရာကြီးဦးရာဇာတ်၊ ရဲဘော်ထွေးနဲ့ ဦးအုန်းမောင်တို့ သုံးဦးဟာ နိုင်ငံနဲ့လူမျိုးအတွက် အသက်စတေးပေးသွားတဲ့ မွတ်စလင်တွေ ဖြစ်နေတာကို လူသိမှာ သိပ်ကြောက်တယ်။ သမိုင်းကို ပျောက်အောင် ဖျောက်ချင်ကြလို့ မျိုးဆက်သစ်လူငယ်တွေနဲ့ မွတ်စလင် သူရဲကောင်းတွေကို မရင်းနှီးစေချင်တာကြောင့်ပါ။

ဒါတင်မကဘူး ပထမဆုံး ရန်ကုန်တက္ကသိုလ်ကျောင်းသားဥက္ကဋ္ဌဟာ ဦးရရှစ်ဆိုကလည်း မွတ်စလင်ပဲ။ လွတ်လပ်ရေးရပြီးတော့ တက္ကသိုလ်ကျောင်းသား ဥက္ကဋ္ဌ ဦးရရှစ်က မြန်မာနိုင်ငံရဲ့ ပထမဆုံး ပညာရေးဝန်ကြီးဖြစ်ခဲ့သလို မြန်မာနိုင်ငံရဲ့ ပထမဆုံး မြန်မာနိုင်ငံသမိုင်းကော်မရှင်ဥက္ကဋ္ဌ ဗိုလ်မှူးဘရှင်ဟာလဲ မွတ်စလင်ပါ။ ဗိုလ်ချုပ်အောင်ဆန်း တိုင်းရင်းသားတွေနဲ့ ပင်လုံစာချုပ် ချုပ်ဖို့ကိစ္စ ပေါ်ပေါက်တုန်းကလည်း ဗိုလ်ချုပ်က “ပြန်မယ် ကိုဖေခင် လေယာဉ်ပျံစီစဉ်”လို့ ပြောတုန်းက ပင်လုံစာချုပ် ချုပ်ဖြစ်အောင် ကြိုးပမ်းခဲ့တဲ့ သံအမတ်ကြီး ဦးဖေခင်ဟာလဲ မွတ်စလင်ပါပဲ။ နိုင်ငံခြားရေးဝန်ကြီး ဦးခင်မောင်လတ်၊ သံအမတ်ကြီး ဦးလှမောင်၊ ၀မ်အိုဝမ် ကျော်ဝင်းမောင်လို နိုင်ငံ့ဂုဏ်ရည်ဆရာခြယ်၊ ဒါ့အပြင် ပြောမယ်ဆိုရင် တောင်သူလယ်သမားခေါင်းဆောင် ဂဠုန်ဆရာစံရဲ့ ညာလက်ရုံးဖြစ်လို့ ကြိုးပေးခံရသူ ထိုးကွင်းမှင်ကြောင်တွေနဲ့ ဦးဒူးဒူးဟာလဲ မျိုးချစ်မြန်မာမွတ်စလင်ကြီး တစ်ဦးပါပဲ။ ဒီလို နိုင်ငံနဲ့လူမျိုးအပေါ် သစ္စာရှိရှိ မျိုးချစ်စံပြ မြန်မာမွတ်စလင်တွေရဲ့(လွတ်လပ်ရေးတိုက်ပွဲဝင်)သမိုင်းကို မြေမြှုပ်သဂြုင်္ိဟ်ပစ်ချင်လို့၊ မွတ်စလင်မျိုးဆက်သစ်တွေကို နိုင်ငံသားစိစစ်ရေးကဒ်နဲ့ ဘေးကျပ်နံကျပ်ဖြစ်အောင် စနစ်တကျ နှိပ်ကွပ်နေတာ ထင်ရှားပါတယ်။

တကယ်တော့ မဆီမဆိုင် လက်ပံသားဓားနဲ့ချိုင်ပြီး ပြင်ပကမ္ဘာက အနှိပ်ကွပ်ခံ မွတ်စလင်တွေရဲ့ လှုပ်ရှားမှုကိုကြည့်ပြီး ခေတ်အဆက်ဆက် ပြည်မထဲမှာ မွတ်စလင်သူပုန်ဆိုတာ မရှိခဲ့ပေမဲ့ လုံခြုံရေးနဲ့ ဘာသာရေးကို အကြောင်းပြပြီး အစိုးရတိုင်းက မြန်မာမွတ်စလင်တွေကို Division Policy နဲ့ ဖိနှိပ်ခွဲခြား အုပ်ချုပ်တာ ခံနေကြရတာပါ။

ဒါပေမဲ့ မြန်မာမွတ်စလင်တွေဟာ ဘိုးဘွားများရဲ့ မျိုးချစ်စိတ်ဓာတ်အမွေကို ဆက်ခံပြီး သိသိကြီးနဲ့ ကျရာတာဝန်တွေကို ခေတ်အဆက်ဆက် ထမ်းဆောင်နေခဲ့ကြပေမဲ့ ထိုက်တန်တဲ့ ရာထူး၊ ဂုဏ်သိက္ခာ အဆင့်အတန်းကိုတော့ ဘယ်တုန်းကမှ မရခဲ့ကြပါဘူး။ မြန်မာနိုင်ငံမှာ ဥပဒေရေးဆွဲပြီး နှိပ်ကွပ်ခံနေရတဲ့လူမျိုးက မြန်မာမွတ်စလင်တွေပဲ ဖြစ်ပါတယ်။ လုံခြုံရေးနဲ့ သံသယကြွေးကြော်သံတွေကို ရေလဲသုံးပြီး လူ့အခွင့်အရေးကို မဟားဒယား အချိုးဖောက်ခံနေရတဲ့သူတွေက မြန်မာနိုင်ငံမှာ ဒုတိယ ကိုယ်းကွယ်မှုဆိုင်ရာ လူဦးရေအများဆုံးဖြစ်တဲ့ မြန်မာမွတ်စလင်တွေပါ။

မြန်မာမွတ်စလင်တွေက ဒီမိုကရေစီခေတ်ကို တကယ်အမြန်ရောက်မှ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့ လူ့အခွင့်အရေးကို ရကြမှာမို့ ဒါကိုမဖြစ်မနေ ဆောင်ကျဉ်းပေးနိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အလုံးအရင်းနဲ့ မဲပေးနိုင်ဖို့ တာစူပြီး ကုန်းရုန်း ကြိုးစားနေချိန်မှာ လတ်တစ်လုံးခြားဥပဒေတွေနဲ့ နိုင်ငံသားကဒ်မရအောင် စနစ်တကျ ပိရိစွာနဲ့ လုပ်ကြံ လုပ်ဆောင်နေတာကြောင့် NLD ရေ ကယ်ပါအုံးဆိုတဲ့ အသံတွေ ကြားနေရတယ်။

စနေမောင်မောင် (ဘားမား)

18 comments :

  1. Anonymous said... :

    မင်းတို့နိုင်ငံသားကဒ် ရတာမရတာ အစိုးရနဲ့ရှင်း လဝကနဲ့ရှင်း ယောင်တောင်တောင်နဲ့ NLD ကိုမဲပေးခွင့် ဘာညာဆိုပြီးလာမရောနဲ့ အေး NLD ကနိုင်ငံရေးသန့်သန့်လေးလုပ်နေတာ ရှင်းတယ်နော်

  1. Anonymous said... :

    အဲလို ပြောကြေးဆို ခုမန္တလေးကို ဒေါ်စုသွားလိုက်တာ ကြိုလိုက်တာများ ၀က်ဝက်ကွဲပဲ.. မန္တလေးက တရုတ်မြေဖြစ်နေတာ အားလုံးအသိ.. ဒါဆို အန်အယ်ဒီ မဲမပေးအောင် အစိုးရက တရုတ်ကို မှတ်ပုံတင် မထုတ်ပေးပဲ နေမှာပေါ့.. ဘာလို့ မွတ်စလင်ကို မထုတ်ပေး တရုတ်ကို ထုတ်ပေးလုပ်ရမှာလဲ..

  1. Anonymous said... :

    ပထမဆုံး မေးချင်တာက ဒီပို့စ်ကို ရေးတဲ့ စနေမောင်မောင် (ဘားမား) ဆိုတဲ့ မောင်ရင်... မြန်မာပြည်က မွတ်စလင်တွေ အနှိမ်ခံနေရတယ်၊ ခွဲခြားဆက်ဆံဆံခံနေရတယ် ဆိုတာကို အခုအချိန်ကျမှ အရေးပေါ် ထရေးပြီး တစ်လောက ဖေ့စ်ဘွခ်ပေါ်မှာ ပွက်ပွက်ညံသွားတဲ့ ဒူဘိုင်းမှာ အလုပ်လုပ်နေတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာမလေး တစ်ယောက်ကို အဲဒီက မွတ်စလင်တွေက သတ်ပြစ်မယ်တို့၊ အသက်အန္တာရာယ်ကိုပါ ခြိမ်းခြောက်ပြီး ရန်ရှာတဲ့ သတင်းတွေကျတော့ မြန်မာ တစ်ယောက်အနေနဲ့ ဘာလို့ မကြားခဲ့သလဲ၊ ဘာလို့ အခုလို မရေးခဲ့သလဲ ဆိုတာကတော့ အတော့်ကို မေးခွန်းထုတ်ဖို့ ကောင်းတယ်လို့ ပြောချင်တယ်။ မြန်မာပြည်မှာ ဘယ်မွတ်စလင်ကိုမှ စကားလေး နဲနဲ မှားမိတာနဲ့ မြန်မာတွေက အဲဒီလို သတ်ပြစ်မယ်တို့၊ လုပ်ကြံမယ်တို့ ခြိမ်းခြောက်တာ၊ မြန်မာနိုင်ငံမှာ မနေနိုင်လောက်တဲ့ အထိလုပ်နေတာ၊ လူ့တစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို ဘာသာရေးနဲ့ ကိုင်ပေါက်ပြီး လူမိုက်ဆန်ဆန် ခြိမ်းခြောက်နေတာတို့ မရှိဘူး။ ဟုတ်ပြီလား။ မွတ်စလင်နိုင်ငံတိုင်းမှာ အဲဒီလို အဖြစ်အပျက်တွေ မကြားချင်မှ အဆုံး ဒုနဲ့ ဒေးပဲ။ ကျန်တဲ့ လူ့အခွင့်အရေး ဆုံးရှုံးတဲ့ ကိစ္စတွေကတော့ သတင်းစာမျက်နှာတွေမှာ မြင်နေကျ၊ ကြားနေကျ ဖြစ်နေတာ ပြောမဆုံးပေါင် တောသုံးတောင်ပဲ။ မွတ်စလင်နိုင်ငံတစ်ခုမှာ ဖေ့စ်ဘွခ် အကောင့်တစ်ခု ရှိရုံနဲ့ ကြီးမားတဲ့ အပြစ် ချိုးဖောက်ရာရောက်တယ်။ အပေါ်ပိုင်း ဗလာနဲ့ ရုပ်ရှင်ရိုက်မိတာနဲ့ နိုင်ငံကပါ နှင်ထုတ်ခံရတယ်။ ဒါအသေးအဖွဲတွေပဲ ရှိသေးတယ်။ ကျန်တဲ့ မိန်းကလေးတွေ အသက်မပြည့်သေးဘဲ သားမယားအကျင့်ခံရတာကို. တရားတဘောင်ဖြစ်တော့ သားမယားအဖြစ် အကျင့်ခံရသူ အသက်မပြည့်သေးတဲ့ မိန်းကလေးကိုပဲ တရားခံဖြစ်အောင် ဆုံးဖြတ်တဲ့ ကိစ္စတွေ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ဟောပြောခွင့် ဆိုတဲ့ ကိစ္စတွေပါ အားလုံး ပြောရရင် တစ်ထောင့်တစ်ည ပုံပြင်ထက်တောင် ထူသွားဦးမယ်။ ပွင့်ပွင့်လင်းလင်း ပြောမယ်. လူတိုင်း၊ ဘာသာတိုင်းကို အခြေခံအားဖြင့် လေးစားတယ်။ သို့သော် အစွန်းရောက်တဲ့ ဘာသာရေးအတွေးအခေါ်တွေနဲ့ ကိုင်ကိုင်ပေါက်ပြီး အစဉ်အလာ မရှိတာတွေ၊ လူမဆန်တာတွေ လုပ်ချင်တဲ့၊ လူလူချင်း မလေးမစားတာတွေ၊ တစ်ဆိတ်ရှိတာနဲ့ ရန်လိုတဲ့ သဘောထားနဲ့ လုပ်လိုတဲ့ ဗီဇရှိတဲ့ လူတွေ၊ ဘာသာဝင်တွေကိုတော့ ဘာမှ လေးစားစရာ အကြောင်းမရှိသလို ဘာမှလည်း အခွင့်အရေး ပေးစရာ အကြောင်းမရှိဘူးလို့ မြင်တယ်။

    ဒီမွတ်စလင် အခွင့်အရေးကိုရေးတဲ့ စနေမောင်မောင် ဆိုတဲ့ မောင်ရင် ကို မေးချင်တာက ကိုယ့်လူတို့က အခွင့်အရေး ရမယ်၊ အခွင့်အရေး လိုချင်တယ် ဆိုရင်တော့ ဦးရာဇတ်၊ ဦးရာရှစ်တို့ နာမယ်တွေ ထည့်ထည့်ပြီးရေရွတ်တယ်၊ အေး .မင်းတို့ သိထားဖို့က ဦးရာဇတ်၊ ဦးရာရှစ်တို့က မြန်မာပီပီ မြန်မာလိုနေ၊ မြန်မာလို ဝတ်၊ မြန်မာလိုစားပြီး မြန်မာပြည်အတွက် အလုပ်လုပ်ပေးရင်း သေခဲ့ကြတာကွ။ မင်းပြောနေတဲ့ ဦးရာဇာတ်တို့၊ ဦးရာရှစ်တို့လို မြန်မာတစ်ယောက်အဖြစ် မင်းခံယူတယ် ဆိုရင် မင်းရဲ့ မြန်မာနိုင်ငံအတွက် မင်းရောဘာတွေ၊ ဘယ်လောက်အထိ အလုပ်လုပ်ပြီးပြီလဲ။ ဘယ်လောက်အထိ ပေးဆပ်ပြီးပြီလဲ။ မင်းကိုယ်မင်း မြန်မာမွတ်စလင်ပါလို့ ခံယူရင် ပြီးခဲ့တဲ့ ရခိုင်နယ်စပ်က ဘင်္ဂါလီ မွတ်စလင်တွေ ကိစ္စမှာ မင်းဘာတွေ မြန်မာနိုင်ငံအတွက် လုပ်ခဲ့သလဲ။ ပြောခဲ့သလဲ။ မြန်မာနဲ့ ဘင်္ဂလား စစ်ဖြစ်ပြီ ဆိုပါစို့။ မင်း ဘယ်ဘက်က ရပ်တည်မှာလဲ။ ဘာသာတူခြင်းမို့လို့ ဘာသာတူနိုင်င်ငံချင်းဘက်ကပဲ ပါမလား။ သိချင်လို့ တစ်ဆိတ်လောက် ပြောပြပါဦး။ ပြီးတော့ မင်းပြောတဲ့ ဒုတိယ ကိုးကွယ်မှု ဆိုင်ရာ လူဦးရေအများဆုံး ဆိုတဲ့ စကားကို ပြန်မေးရရင် မင်းတို့ အဲဒီလို ပြောနိုင်ဖို့ မင်းတို့ မွတ်စလင် တစ်ယောက်စီတိုင်းကို အစစအရာရာ ချို့တဲ့ နောက်ကျနေကြတဲ့ ငါတို့ နိုင်ငံက မြန်မာမလေးတွေ တရားဝင်ရော တရားမဝင်ပါ ဘယ်နှစ်ယောက်လောက်စီ ယူပြီး အမျိုးမျိုး ဝါဒမှိုင်းတိုက်၊ မွတ်စလင်ဇာတ်သွင်းခဲ့ကြသလဲ ဆိုတာကို မင်းကို ပြန်မေးရလိမ့်မယ်။

  1. Anonymous said... :

    ဒီမိုကရေစီတောင် မရသေးဘူး၊ ငါတို့ တိုင်းရင်းသားတွေတောင် တောထဲမှာ ငပိခဲနဲ့ မျှစ်စားပြီး တိုက်ပွဲဝင်နေရတုန်း ရှိသေးတယ် မင်းတို့လို တောမီးလောင် တောကြောင်လက်ခမောင်း ခတ်ချင်တဲ့၊ ကြံ့ဖွတ်တွေ ခေတ်တုန်းကလည်း ကြံ့ဖွတ်တွေ ခေတ်မို့လို့ ခြေမပြေးစုပ်၊ မတရားတဲ့ အခွင့်အရေး မှန်သမျှ မရ၊ အရယူခဲ့ကြတဲ့၊ အခု အန်အယ်ဒီနဲ့ ဒေါ်စုခေတ်လည်း ရောက်ပြန်ရော အန်အယ်လ်ဒီနဲ့ ဒေါ်စုကို ပြေးကပ်တတ်ကြတဲ့. ခေတ်ပျက် အခွင့်အရေးသမား၊ ကြောင်တောင်နှိုက်ချင်တဲ့ သဘောထားအပြည့်နဲ့ လူတွေက ဘာသာရေး ဗန်းပြ၊ NLD ဗန်းပြပြီး ကျွန်တော်တို့ ဖိနှိပ်ခံနေရပါတယ်၊ ခွဲခြား ဆက်ဆံခံနေရပါတယ် လို့ သံသေးသံကြောင်နဲ့ ထထအော်နေတာ တတိယ နိုင်ငံတွေ၊ မွတ်စလင်နိုင်ငံတွေမှာ အကြီးအကျယ် ခွဲခြား ဆက်ဆံ၊ ဖိနှိပ်ဆက်ဆံခံနေကြရတဲ့ ငါတို့ မြန်မာတိုင်းရင်းသားတွေ အတွက် တော်တော့်ကို နားကလောဖို့ ကောင်းတဲ့၊ တော်တော့်ကို ရင်နာဖို့ ကောင်းတဲ့ကိစ္စလို့ ဒဲ့ပဲ ပြောချင်တယ်။ အေး. ဒီမိုကရေစီရလို့ မြန်မာပြည်မှာ မင်းဆက် နေချင်တယ်၊ မြန်မာပြည်အတွက် ပေးဆပ်မယ်၊ ကိုယ့်ကိုယ်ကို မြန်မာလို့ လေးလေးနက်နက် ခံယူတယ်။ မြန်မာပြည်ရဲ့ စံနှုန်းတွေ အတိုင်း မြန်မာပီပီသသ နေသွားနိုင်တယ် ဆိုရင်တော့ ဘာသာလည်း ခွဲ၊ လူမျိုးလည်း ခွဲနေစရာ အကြောင်းမရှိဘဲ အားလုံး တန်းတူညီမျှ နေလို့ရနိုင်မယ်။ အခုလောလောဆယ်တော့ သူတို့ကိုယ်တိုင်တောင် လွတ်လပ်ခွင့် ရတာ မကြာသေးတဲ့ အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်ပြီး အရှက်မရှိအော်နေတဲ့ မင်းတို့ အသံတွေ တစ်ဆိတ်တိတ်လေးထားပေးကြပါဦးလို့ ယဉ်ယဉ်ကျေးကျေးပဲ တောင်းပန်ချင်တယ်။

  1. mmp said... :

    use the victim card again???

  1. Anonymous said... :

    ရေးထားတဲ့ Post ကိုဖတ်ပြီးရင်လဲ သူ ဘာကိုဆိုလိုလဲဆိုတာကို အရင်သိအောင်လုပ်ရတယ်။ ဆိုလိုရင်းကို မသိပဲနဲ့ လျှောက်အော်နေတာ အသိဥာဏ်နဲတဲ့ လူတွေ လုပ်တဲ့အလုပ်လို့ မိဘနဲ့ဆရာက ပြောဖူးတယ်။ True (OR) False ?????

  1. Anonymous said... :

    အခု ဆောင်းပါးရေးတဲ့ သူကို တခုလောက် ပြောပြရစေ။

    ဘယ်ပါတီ ဘယ်နိုင်ငံရေးသမားကို ဘက်လိုက်ပြီးပြောတာမဟုတ်ပါ။ မွတ်စလင်တွေကို မြန်မာနိုင်ငံသား မပေးတာ မှန်တယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ မွတ်စလင်များလာရင် မွတ်စလင်တွေကြီးစိုးလာမှာပါ။ ဗလီဆောက်ခွင့်နဲ့ တခြားရပိုင်ခွင့်တွေ တောင်းဆိုလာမှာ။ သင်တို့ရဲ့ အမျိုးကောင်းသားသမီးတွေကို လက်ထက်ပြီး မွတ်စလင်ဘာသာထဲ သွတ်သွင်းသွားမှာကို လက်ခံနိုင်ရဲ့လား ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။ ဗုဒဘာသာ မှေးမှိန်ပျောက်ကွယ်သွားမှာကို ကြည့်ရက်ပါသလား။ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတွေကို ကြည့်ပါ။ မလေးရှားနိုင်ငံမှာ မွေးပြီး မလေးရှားမွတ်စလင်တွေလို တန်းတူနိုင်ငံသားအခွင့်အရေး မရတဲ့မလေးရှားတရုတ်တွေကို နမူနာပါပဲ။ မြန်မာပြည်ကော နောင်တချိန်မှာ မွတ်စလင်တွေကြီးစိုးပြီး မြန်မာလူမျိုးတွေ အဲံလိုဖြစ်တာကို မြင်ချင်ပါသလား။ မဖြစ်နိုင်ဘူးဆိုတာကို မျက်စိစုံမှိတ်ပြီးမပြောပါနဲ့။ မွတ်စလင်တွေဟာ လက်ရဲဇတ်ရဲတယ်။ ဗုဒဘာသာဝင်မြန်မာလူမျိုးတွေက သည်းခံတယ်။ မေတ္တာရှေ့ထားတယ်။ အလျှော့ပေးတယ်။ သတိပြုကြပါလေ။

  1. Anonymous said... :

    Irrawaddy, you write that you don't accept personal attacks in your blog. But the comments here are personal attacks against all Muslims in Myanmar. What's wrong? Do you also agree with the comments? You are also biased.

  1. Anonymous said... :

    ပြည်သူလူထုအားပေးထောက်ခံမှု့အတိုင်းအတာ ကျယ်ပြန့်လာနေတဲ့ အမျိုးသားဒီမိုကရေစီပါတီအတွင်းသို့ ပုဂ္ဂိုလ်အသီးသီး အဖွဲ့အစည်းအသီးသီးမှ ကိုယ်ကျိုးရှာမည့်သူများ အသုံးချမည့်သူများဟာ ဒီမိုကရေစီသံရောယောင်ပေးကာ နည်းလမ်းအသွယ်သွယ် ပုံစံအမျိုးမျိုးဖြင့် ချည်းကပ်လာနေကြပါတယ် အဖွဲ့ချုပ်မှတာဝန်ရှိသူများ ပါတီအဖွဲ့ဝင်များအားလုံးက အထူးသတိပြုလေ့လာစောင့်ကြည့် ကာကွယ်ဖို့အရေးကြီးပါတယ်

  1. Min Kha said... :

    ကိုစနေမောင်မောင်ကို ကျွန်တော်အကြံပေးချင်တာတော့.....
    ဒီလို Web တွေမှာဘာသာရေးနဲ့ဆက်နွယ်မယ်လို့ထင်ရင်မရေးပါနဲ့..
    မိတ်ဆွေရေးတဲ့စာနဲ့ပြန်ရတဲ့ feedback ကမိတ်ဆွေထင်သလို ဖြစ်လာမှာမဟုတ်ဘူး.......
    ကျွန်တော်လည်းမွတ်စလင်တစ်ယောက်ပါ.....
    Comments ၁၀၀ မှာ ၁ ခုလောက်ပဲနားလည်မှုနဲ့ပြန်ရေးမဲ့သူပဲရှိတယ်
    အခုလည်းကျွန်တော်တို့မမြင် ရတဲ့ blog author က approve မလုပ်ထားတဲ့ဆဲထားတာတွေမဖတ်ရတာတောင်ကျေးဇူးတင်ပါ...
    မိတ်ဆွေ ရဲ့ post ကို comments ပေးတဲ့လူထဲမှလေ့လာလိုက်စားထားတဲ့သူရှိသလို......
    မည်းမည်းမြင်မုန်းတဲ့သူလည်းရှိတယ်......
    ကျွန်တော့်ရဲ့နောက်ဆုံးသုံးသပ်ချက်က....မိတ်ဆွေကိုယ်တိုင်လည်းဒီ post ကိုရေးတာရေးတာပါ.... မိတ်ဆွေရဲ့အရေးအသားမှာလိုနေတာတွေအများကြီးရှိတယ်.....
    အပေါ်က comment ထဲကလိုဘဲမိတ်ဆွေတိုင်းပြည်အတွက်ဘာလုပ်ပေးပြီးပြီလဲ?
    ဒါမှမဟုတ်တိုင်းပြည်ကိုအကျိုးရှိအောင်လုပ်ဖို့မိတ်ဆွေဘာတွေပြင်ဆင်ထားလဲ?
    ကိုယ်လုပ်လိုက်တဲ့ကိစ္စကလူမကြိုက်ရင်နေပါစေ....လူမုန်းခံရ
    အောင်တော့မလုပ်ပါနဲ့......

  1. Anonymous said... :

    အားလုံးးညိမ် ...ဘာမှ မပြောနဲ့...ကျူပ်ပြောမယ်...မြန်မာပြည် ဒီမိုကရေစီ မရတာ ခုလို ကွန်မန်းပေးတဲ့ လူတွေရဲ့ အသိညဏ်လောက်ရှိတဲ့ သူတွေအုပ်ချူပ်နေလို့ပါပဲ...စနေမောင်မောင် ရေးထားတဲ့ ပိုစ့်ကို အနည်းဆုံးး၃ခေါက်လောက်ဖတ်စေချင်ပါတယ်...အကြောင်းအရာကို သဘောက်ပေါက် တဲ့အထိ ဖတ်စေချင်ပါတယ်...ခု...ဖြစ်နေတာက မြန်မာမွတ်ဆလင်ဆိုတဲ့ စာသားလေးကို ဖတ်မိလိုက်တာနဲ့ စာရေးတဲ့ သူကို ရော မြန်မာပြည်မှာ ရှိတဲ့ အားလုံးသော မွတ်ဆလင်တွေကို ရော ၀ါးလုံးရှည်ရှည်နဲ့ သိမ်းကြုံးရိုက်ပြစ်တာကို ကျုပ်စာဖတ်သူ အနေနဲ့ မြင် မိတယ်...ကျုပ်တို့ မြန်မာပြည်မှာ ငတ်မွတ်နေတာက ဥပဒေနဲ့ ဒီမိုကရေစီပါပဲ...ဒီမိုကရေစီရဘို့ ဆိုတာ ကလည်း ကျူပ်တို့ မြန်မာပြည်မှာ ရှိတဲ့ လူသားတိုင်းနဲ့ ဆိုင်တယ်...လူသားတိုင်းကလည်းးဒီမိုကရေစီ ကို လိုလားတယ်...ခု..ရွေးကောက်ပွဲ မှာ NLD က ကြားဖြတ် ၀င်မယ်ဆိုတော့ ဒေါ်အောင်ဆန်းဆုကြည် ကို ထောက် ခံတဲ့ တိုင်းရင်းသားတွေ ...နိုင်ငံရေးးကဒ် မရှိတဲ့ မြန်မာမွတ်ဆလင်တွေ က အသဲကြားက မဲတစ်ပြားကို ဘယ်လို ပေးနိုင်မှာလဲ...စစ်အစိုးရ က အဲ့ဒီ နိုင်ငံသားကဒ်မရှိတဲ့ မြန်မာမွတ်ဆလင်တွေရဲ့ အမည်နဲ့ လှိုဝှက်မဲတွေ ယူထားပြီး အနိုင် ရသွားရင် ရော စာဖတ်သူဘာတတ်နိုင်မလဲ....ကျုပ် ပြောချင်တာ ယနေ့ မြန်မာပြည်သည် ဒီမိုကရေစီ နိုင်ငံသို့ လမ်းဆက်လျှောက်နေသည်...ထို့ကြောင့် မိမိ ကိုယ့်ကို နိုင်ငံကြီးသားပီသစွာ အမြင်အာရုံတွေ လမ်းဖွင့် ပြီးးလက်တွဲလျှောက်လှမ်းနိုင်ကြပါစေ...

  1. Anonymous said... :

    ဒီ ဆောင်းပါးဖတ်ရတာ မှန်သင့်သလောက်တော့မှန်ပါတယ် လိုတာတော့အများကြီးပါ ဒါပေမယ့် လက်ရှိ မြန်မာပြည်မှာ ရှိနေတဲ့ ဘာသာခြား မပြောနဲ့ တိုင်းရင်းသားလူမျိုးခြားတွေ တောင်အဖိအနှိပ်ခံနေရတာပါ၊ မြန်မာပြည်မှာ လွတ်လပ်ရေးရခံနီးကစလို့ ခေတ်အဆက်ဆက် လူမျိုး၊ ဘာသာခြား အကုန်လုံး ၀ါးလုံးအစည်းပြေအောင် သွေးခွဲ လာခဲ့တာပါ အင်္ဂလိပ်တွေက လွတ်လပ်ရေးမပေးချင်လို့ တရုပ် ကုလား တိုင်းရင်းသားအားလုံး ကို ပြသနာ လုပ်ခဲ့တာပါ၊ မြန်မာ ဘုရင်လက်ထက် ဘာလူမျိုးရေး ဘာသာရေး ပြသနာမှ မရှိခဲ့ပါဘူး၊
    လွတ်လပ်ရေးရပြီးနောက်ပိုင်း မှာလည်း ဘာသာရေး လူမျိုးရေး ၀ါဒမှိုင်းတွေ ရိုက်သွင်းပြီး သွေးခွဲလာခဲ့တာပါ၊
    တိုင်းပြည် မငြိမ်သက်မှ ဒီတိုင်းပြည်မှာ ပြသနာ ဖြစ်နေမှ တိုင်းတပါးကလူတွေ ဒီအပေါ်မှာ အကျိုးစီးပွားရှာ အမြတ်ထုတ်လို့ရမှာပါ (ဥပမာ မြန်မာပြည်ဟာ အရှေ့အာရှမှာ အချက်အချာကျတဲ့အတွက် တကယ်သာတိုင်းပြည်သာတိုးတက်မယ်ဆို တရုပ်၊ အနိယ၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား တို့ အတွက် အနေအစားမချောင် အမြတ်ထုတ်လို့မရပါ၊ မြန်မာပြည်မှာ ပြသနာဖြစ်မှ နိုင်ငံတကာရဲ့ ရင်းနှီးမြုတ်နှံမှုတွေ အကျိုးအမြတ်တွေ၊သူတို့ပဲရမဲ့အပြင် မြန်မာပြည်က လည်းရသမျှအချောင်နှိုက်လို့ရမှာပါ)
    မြန်မာပြည်ဟာ ၆၂ ခုကစလို့ ဘာသာခြားမပြောနဲ့ တိုင်းရင်းသား ဘာသာတူ ကော ဘာသာမတူပါ အနှိမ်ခံရ အခွင့်အရေးဘာတခုမှ မရပါဘူး၊ တပ်ထဲရော၊ အပြင် ၀န်ထမ်းလောက စီးပွားရေးလောကမှာပါ အကုန်လုံးကို သွေးခွဲဖိနှိပ်ခဲ့တာပါ ရာထူးကြီးကြီးမားမားထဲက လူမျိုးခြားတိုင်းရင်းသား ဘယ်နှစ်ယောက်များရှိလို့လဲ လက်ချိုးရေလို့ရပါတယ်၊
    စစ်အစိုးရဟာ ဗုဒ္ဓ္ဓဘာသာကိုတောင် ဟန်ပြလုပ်ပြီး အတွင်းမှာသံဃာထု မညီညွတ်အောင်လုပ် လှူဖွယ်ပစည်းအမျိုးမျိုးနဲ့ ဂိုဏ်းကွဲ စိတ်ဝမ်းကွဲအောင်လုပ်ခဲ့တာပါ၊ တခြားဘာသာ ဆိုပြောစရာမလိုပါဘူး၊
    ဒီမှာရှိတဲ့ ခရစ်ယန်ဖြစ်ဖြစ် မွတ်စလင်ဖြစ်ဖြစ် ဒီတိုင်းပြည်သားခံယူ ပြီး ဒီတိုင်းပြည်ကိုချစ်ဖို့လိုပါတယ်၊
    FRC ဖြစ်နေတဲ့ တရုပ် ကုလား များသောအားဖြင့်က ဘိုးဘွားဘီဘင် ဒီမှာမွေး ဒီမှာကြီးလာကြတာပါ ဒီလူတွေဟာ ဒီမှာပဲ မွေး ဒီမှာပဲသေရမှာပါ၊ တရုပ်ကို တရုပ်ပြည်ပြန်ပို့လို့ မရသလို မွတ်စ် တွေလည်း ဘယ်တိုင်းပြည်ပြောင်းခိုင်းလို့ရမှာလဲ ဒီမှာပဲ နေမယ့်အတူတူ ဒီတိုင်းပြည်အတွက်အကျိုးရှိအောင် ဒီတိုင်းပြည်ပေါ် သစ္စာရှိအောင် လုပ်ရမယ် သူတို့ကလည်း ဒီတိုင်းပြည်ကိုချစ်ရမယ် ဒီတိုင်းပြည်အပေါ်သစ္စာရှိရမယ်၊ မနေ့တနေ့ ကမှ နယ.်စပ်က ၀င်လာတာတော့ လက်မခံပါ
    ဘယ်ဘာသာ ဘယ်လူမျိုးဖြစ်ဖြစ် အစွန်းမရောက်ကြဖို့လိုပါတယ် ၊ ဖြစ်ခဲ့တဲ့ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေကို ပြန်ကြည့်ရင် စစ်အစိုးရက ပြည်သူတွေကို လမ်းလွဲလိုက်အောင်လုပ်တာကို တွေ့ရမှာပါ၊
    မွတ်စ် တွေကလည်း အစွန်းမရောက်ဘဲ ဦးရာဇတ်လို ဦးဘရှင်တို့လို မြန်မာဆန်ဆန် မြန်မာပြည်သားလို မြန်မာပြည်ကိုချစ်ဖို့ ကြိုးစားကြပါအုံး
    ပြောစရာတွေအများကြီးပါ ဒါပေမယ့်အရေးအကြီးဆုံးက

    အကုန်လုံးသွေးစည်းညီညွတ်ရမဲ့အချိန်ပါ မြန်မာပြည်ဟာ နောက်ကျကျန် အောက်ကျခံနေရတာကြာပါပြီ၊
    မြန်မာပြည်မှာရှိသူ မြန်မာနိုင်ငံသားမှန်သမျှ မြန်မာပြည်ကို သစ္စာရှိလို့ မြန်မာပြည်ကိုချစ် မြန်မာပြည်ကြီးတိုးတက်အောင်လုပ်ရပါမယ့်အချိန်ပါ၊
    မြန်မာပြည်မှာနေပြီး မြန်မာပြည်ကို မချစ်မဲ့ သစ္စာမရှိမဲ့ လူတွေမဖြစ်အောင် ပြည်သူတွေကို လမ်းပြဖို့ အစိုးရမှာတာဝန်ရှိပါတယ်
    ဒီတိုင်းပြည်မှာ နေတဲ့သူတွေ စည်းလုံးညီညွတ်မှ ဒီတိုင်းပြည်သာယာငြိမ်းချမ်းတိုးတက်မှာပါ၊

    ကရင်က ဗမာကိုမုန်း ဗမာ က ကုလားကိုမုန်း ကုလားက တရုပ်ကို မုန်း ပါတ်ခြာလည်မုန်း ပြီးရင်း မုန်းရင် ဒီအမုန်းသံသရာနဲ့ ဘယ်တော့မှမငြိမ်းချမ်း မတိုးတက်နိုင်တော့ပါဘူး စိတ်လျှော့ကြပါ သီးခံကြပါ မေတ္တာ ထားကြပါ
    ဘာသာရေး လူမျိုးရေးက မတိုက်ခိုက်တာ မဆွေးနွေးတာကောင်းပါတယ် တူတာတွေ ယူကြပါ မတူတာတွေ မေ့လိုက်ပါ ကောင်းတာတွေ မြင်လိုက်ပါ မကောင်းတာတွေ မမြင်ပါနဲ့

  1. Anonymous said... :

    ICS U OHN MAUNG is NOT musalin / islamic at all. pls make your correction.

  1. Anonymous said... :

    Nows a day, all the people in Myanmar have to be unity.We don't have to discuss about religious.In democracy,every person have a right to believe in religion.You all are immature for democratic nation.The rank of the person should depend on his activity for our country not on religion.

  1. Anonymous said... :

    U Ohn Maung's Surname was Trutwein. He was in fact of German abstraction but known as Anglo-Burman in Burma. He was either a Christian or a Buddhist. How could he be a Muslim!

  1. Anonymous said... :

    Muslims did take part in NLD activities since the most difficult days. You can inquire at NLD headquarters to know how many muslims took part in NLD activities down the years and how many jailed because of that. You should not blame on all muslims due to an unwise muslim guy.

  1. Anonymous said... :

    When Communist Party was kicked out from AFPFL, Thakin Nu exclaimed: "Long live Communism but down with Burmese Communist Party"!

    Now, I want to say: "Long live the peaceful co-exsistance between Buddhists and Muslims in Burma, but down with Islamists who want to Islamize Burma"!

  1. Anonymous said... :

    Can one have religious freedom in Muslim countries?
    Can a person built a Buddhist monastery or a Hindu temple or a Christian Church or a Jewish Synagoge in Saudi Arabia or in Iran?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved