ကချင်ပြည်မှာ ရွေးကောက်ပွဲ လုပ်ပါ

Monday, March 26, 2012

ကချင်ဒေသမှာ ရွေးကောက်ပွဲလုပ်ပါ၊ လုံခြုံရေးဆိုင်ရာ ပြဿနာ တစုံတရာ မရှိပါဘူး တဲ့။
NLD က ဒီကနေ့ ကြေညာချက် ထုတ်ပါတယ်။

ကချင်ပြည်နယ် ဗန်းမော်၊ မိုးကောင်း၊ ဖားကန့် ဒေသတွေမှာ လုံခြုံရေးမကောင်းတာကြောင့် အဲဒီဒေသတွေမှာ ဧပြီ ၁ ရက်နေ့ ရွေးကောက်ပွဲလုပ်မယ့်အစီအစဉ် မရှိဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ဆိုထားပါတယ်။


NLD ကြေညာချက်လင့် - http://1.bp.blogspot.com/-8gTatIZ1GI8/T3AmFMjms8I/AAAAAAAAUd4/fnViF_Gue7Y/s1600/00usda%2B%25282%2529.jpg

5 comments :

  1. သတိ said... :

    အားလုံးသတိ

    အဟက်.. ဒီကြေငြာချက်ကို ကြည့်ပြီး အတော့်ကို ပေါ့ပေါ့တိမ်တိမ်တွေးတဲ့ အန်အယ်ဒီပဲလို့ မြင်ပါတယ်.. ဒါဟာ ဒေါ်စုကိုယ်တိုင် သဘောတူညီချက်နဲ့ ထုတ်တယ်ဆိုရင်တော့ ဒေါ်စုရဲ့ အမြင်ကျယ်မှု စွမ်းရည်ကို သံသယရှိရမှာလား.. ဒါမှမဟုတ် တိုင်းရင်းသားတွေအပေါ် လွှမ်းမိုးနိုင်စွမ်းအပေါ် ကိုယ့်ဘာသာ ယုံကြည်မှု စွမ်းရည်ကို လေးစားပေးရမလား တွေးစရာပါပဲခင်ဗျ..

    လုံခြုံရေးဆိုတာ အန်အယ်ဒီတစ်ပါတီထဲရဲ့ လုံခြုံရေးလို့ သတ်မှတ်မယ်ဆိုရင် အန်အယ်ဒီလက်ခံထားတဲ့ ဒီမိုကရေစီဆိုတာကို အံ့သြောရမှာပါပဲ.. အဲဒီဒေသတွေမှာ ကြံ့ဖွံ့အပါအ၀င် တခြားဝင်ပြိုင်မဲ့ ပါတီတွေအားလုံး တကယ်အန္တရာယ်ကင်းကင်း လွတ်လွတ်လပ်လပ် မဲဆွယ်ခွင့် ရကြမလား.. ရပါစေ့မယ်လို့ တကယ်တာဝန်ရှိတဲ့ အစိုးရတောင် အရှက်ကွဲခံပြီး ၀န်ခံလို့ အာမမခံနိုင်ချိန်မှာ အန်အယ်ဒီက ဘာနဲ့ အာမခံသလဲ.. ထားပါတော့ ကြံ့ဖွံ့က အဲဒီမဲဆွဲခွင့်ကို သုံးပြီး အန်အယ်ဒီလုပ်သလို လူအင်အားအလုံးအရင်းနဲ့ တ၀ုံးဝုံးလှုပ်ရှားမယ်ပဲထား.. အဲဒီလူတွေဟာ လုံခြုံစေရပါမယ်.. လွတ်လပ်စေရပါမယ်လို့ ပါးစပ်နဲ့အပြောမဟုတ်တဲ့ လုပ်ဆောင်နိုင်စွမ်းရည် အန်အယ်ဒီမှာ ဘာရှိသလဲ.. ဖြစ်လာပြီထားပါတော့.. ရှုံ့ချပါသည် ကန့်ကွက်ပါသည်လောက်နဲ့ ပြီးမဲ့ အာမခံချက်လောက်သာ ပေးနိုင်တဲ့ အဖွဲ့အစည်းက တ၇ားလက်လွတ် ဘာမဟုတ်တဲ့ မဲနေရာ သုံးခုလောက်ကို ငန်းငန်းတက်စိတ်နဲ့ တရားလက်လွတ် ထုတ်တဲ့ ကြေငြာချက်လို့ မြင်ပါတယ်..

    ခပ်ရှင်းရှင်းပြောရင် ဒီနေရာတွေ လုံခြုံရေးမရှိပါလို့ ကြေငြာတဲ့ အစိုးရရဲ့ ပြည်သူ့လုံခြုံရေး တာဝန်ခံနိုင်မှုဟာ အပြတ်အမှတ်လျော့လို့ သူတို့ဘာသာ အမှတ်လျော့ပြီးသားကို ကိုယ်တကယ်လုပ်နိုင်တာ ဘာမှလဲ မရှိပဲ ၀င်ပြီးအာချောင်တယ်လို့ မြင်ပါတယ်.. ကျွန်တော်သာ အစိုးရနေရာဆိုရင်တော့ အိုကေ.. ဒေါ်စုနဲ့ညှိလေဆိုပြီး ခွင့်ပြု.. အန်အယ်ဒီက ပဏာယူပြီး ကျွန်မတို့ညှိလိုက်တာ ဘာအန္တမှ မရှိစေလို့ အာမခံဘာတယ် ဘာညာကွိကွ ထွက်လာမှ ကြံဖွံ့အင်အားတွေရော တခြားအင်အားတွေပါ အလုံးအရင်းပို့လို့ အဲဒီဒေသကို အင်အားဖြည့်ဖို့ အခွင့်ကောင်းလို့ မြင်ပါတယ်.. အဲဒီမှာမှ ပြသနာ တစ်ခုခုဖြစ်ရင် အန်အယ်ဒီကို လွှဲချရုံပါပဲ..

    အစိုးရအနေနဲ့ ဒီနေရာ သုံးနေရာလောက်နဲ့ ထူးပြီး နာမည်ပျက်ခံစရာ မလိုတဲ့ အချီန်မှာ ကျယ်ကျယ်မကြည့်ပဲ နေရာတကာ ငါ့ကိုညစ်နေတာများလားဆိုတဲ့ စိတ်လောက်နဲ့ လှုပ်ရှားနေတဲ့ ပါတီအဆင့်လောက်ပဲ ကိုယ့်ဘာသာ သတ်မှတ်နေပြီး လှုပ်ရှားနေတဲ့ အန်အယ်ဒီရဲ့ အရည်အသွေး ကိုကြည့်ပြီး ဘာရယ်မဟုတ် ရင်မောမိပါ့ဗျား.. ဟားဟား..

    အားလုံးသက်သာ
    မောင်သတိ

  1. Anonymous said... :

    သို့
    မောင်သတိ..

    NLD ရဲ့ ကြေညာချက်ကို နောက်တခေါက်လောက် ထပ်ဖတ်ပြီး ကိုယ်ရင့် စွတ်စွဲချက်တွေကို ပြန်သုံးသပ်ဘို့ လေးစားစွာ အကြံပြုပါရစေ။

    “ကျွန်တော်သာ အစိုးရနေရာဆိုရင်”..ဆိုပြီး ကိုရင် ချပြတဲ့ အကွက်က ခပ်တုံးတုံး ခလေးတောင် တွေးလို့ရတာမို့ ဒါလောက်မှ မမြင်ဘဲ ဒီကြေညာချက် ထုတ်မှာမဟုတ်ဘူး ဆိုတာ ဖတ်ရင်းသိလာပါလိမ့်မယ်။ မသိသေးဘုးဆိုရင် လဲ ကိုရင့် ဥာဏ်အဆင့်အတန်း ကိုရင် သိနိုင်တာပေါ့။ အရှုံးမရှိနိုင်ပါဘူး။

    ထပ်ဖတ်ကြည့်စမ်းပါ။

    သက်..သာ၊
    အေးစေ။

  1. Anonymous said... :

    မောင်သတိ ရေ၊
    NLD ရဲ့ေုကူငာချက်ကို သတိရှိရှိပြန်ဖတ်လိုပ်ပါအုံး၊
    မျက်လုံးစုံမှတ် ဇွတ်ပြောမနေနဲ့လေ၊ NLD မှာတတ်သိ
    ပညာရှင်တွေ၊နိုင်ငံရေးပရိယယ်ုကွယ်ဝသူတွေအများကြီးနဲ့ ဖွဲ့ စည်းထားတဲ့အဖွဲ့ဖြစ်လို့ သေချာဆင်ခြင်သုံးသတ်ပြီးမှထုတ်ပြန်ခြင်းဖြစ်တယ်။ စာမှာရေးထားတာ KIO/KIA တို့နဲ့ ရွေးကောက်ပွဲလုံခြုံမှူရှိရေးအတွက်ဆွေးနွေးခြင်ပါတယ်လို့ပြောထားပါတယ်၊သေခြာဖတ်ပါအုံး မောင်သတိရဲ့။

  1. Ta Tut said... :

    Stupid Gov. They know they can't win. That's why. Those places are money making area. KIO never attack to nobody. They just protect them self. they even provide security for 2008 poll. Jerk Gov and the one who believe that gov is even worst.

  1. Anonymous said... :

    အပေါ်က ချီးပေ။ မင်းကဆရာကြီးလား။
    လုံခြုံရေးအကြောင်းတွေပြောနေရအောင်။ ငါ မေးမယ်။ လစ်လပ်မဲဆန္ဒနယ်စာရင်း ထုတ်ပြန်တုန်းက လုံခြုံရေးကောင်းလား။ အခု ရွေးကောက်ပွဲလုပ်ခါနီးမှ လုံခြုံရေးအရ ဖြစ်ရပြန်ပြီလား။ မင်းအတွေးက ကလေးအတွေးအစစ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved