ကော့သောင်း ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ
ကော့သောင်းမြို့တွင် တည်ဆောက်လျက်ရှိသော (၈) မဂ္ဂါဝပ် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံမှာ မကြာမီ ပြီးစီး၍ ကော့သောင်းမြို့ပေါ် (၁၀) ရပ်ကွက်နှင့် ရွှေပြည်စိုးကျေးရွာ၊ ပုလုံးတုံးတုံးကျေးရွာ၊ ဆယ်မိုင်ကျေးရွာ များသို့ ၂၀၁၂ ခုနှစ်၊ ဧပြီလ (သင်္ကြန်အလွန်) ခန့်တွင် လျှပ်စစ်ဓါတ်အား စတင်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရပါသည်။
ဓါတ်အားရောင်းချဈေးနှုန်းမှာ (၂၀၀) ကျပ် ဖြစ်ပြီး လက်ရှိ ကော့သောင်းမြို့ပေါ် ရပ်ကွက်များတွင် မီတာ (၁) ယူနစ်လျှင် ထိုင်းဘတ်ငွေ (၂၂) ဘတ် (မြန်မာငွေ ၅၇၂ ကျပ်) ခန့်ဖြင့် သုံးစွဲနေကြရသဖြင့် (၁) ယူနစ်လျှင် (၃၇၂) ကျပ် သက်သာ၍ ဆယ်မိုင် ကျေးရွာတွင် ထိုင်းဘတ်ငွေ (၃၀) ဘတ် (မြန်မာငွေ ၇၈၀ ကျပ်) ခန့်ဖြင့် သုံးစွဲနေရသဖြင့် (၁) ယူနစ်လျှင် (၅၈၀) ကျပ် သက်သာ စေမည် ဖြစ်သည်။ (မှတ်ချက် - ယနေ့ ဘတ်ငွေ ပေါက်ဈေး (၁) ဘတ် = (၂၆) ကျပ် ဝန်းကျင်)
အတော်အသင့် ချွေတာ၍ အသုံးပြုသော အိမ်တစ်အိမ်တွင် တစ်လလျှင် မီတာယူနစ် (၅၀) ဝန်းကျင်ခန့် ကျရောက်မည် ဖြစ်သဖြင့် (၅၀ ယူနစ် x ၂၂ ဘတ် = ၁၁၀၀) ဘတ် (မြန်မာငွေ ၂၈၆၀၀ ကျပ်) ဝန်းကျင် ကျသင့်ပါသည်။ ကော့သောင်းမြို့ရှိ ရပ်ကွက် တစ်ခုတွင် ပျမ်းမျှ အိမ်ခြေ (၁၀၀၀) ဝန်းကျင်ခန့် ရှိပါသည်။
တစ်မြို့လုံး အတိုင်းအတာနှင့် ယှဉ်၍ လစဉ်/နှစ်စဉ် ဆုံးရှုံးမှု သက်သာစေမည့် ကော့သောင်းမြို့သူ/သားများ၏ ချွေးနှင့်ရင်း၍ ရှာဖွေထားရသော ပြည်တွင်းငွေများအား အထက် ဖေါ်ပြပါ ဇယားတွင် ခန့်မှန်းတွက်ချက် လေ့လာနိုင်မည်ဖြစ်သည်။
အပြည့်အစုံ သိရှိလိုပါက ဓါတ်အားပေးစက်ရုံ စီမံကိန်းမန်နေဂျာ၏ ရှင်းလင်းဟောပြောချက်များအား ပြန်လည်လေ့လာ သုံးသပ်ချက်များကို အောက်ပါ Link များတွင် pdf ဖိုင်အဖြစ် Download ရယူ၍ ဖတ်ရှုလေ့လာနိုင်ပါသည်။
http://ifile.it/t7y1bw8/Coal%20PowerPlant%20in%20Kaw%20Thaung.pdf
http://www.mediafire.com/?bzj78mp6lrl2pjs
ပြည်သူတွေမီးရတာဝမ်းသာစရာပါ။
ဒါပေမဲ့ ကျောက်မီးသွေးကြောင့်ဖြစ်လာမဲ့ဆိုးကျိုး
ကိုပြည်သူတွေခံစားရမှာဆိုတာကို ကာကွယ်မူ့ကြို
လုပ်ထားပြီးပြီလား။ထိုင်းမှာကကျောင်မီးသွေးဆိုးကျိုး
ကိုသိလိုသုံးစွဲတာပြည်သူတွေကလက်မခံပေ။