“စနစ်ဆိုးနဲ့ စစ်ချိုးခွာစို့” သံချပ်သီချင်းများ

Thursday, March 29, 2012

အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေရဲ့ ၂၀၁၂ သင်္ကြန်အတွက် သံချပ် သီချင်းတွေပါ။





နယူးဒေလီက သံချပ်ဝိုင်းတော်သားများ

ဘာကြောင့် ဒီခေါင်းစဉ်ကို ပေးရသလဲလို့ မေးကြည့်တော့ သံချပ် စီစဉ်သူ ကျောက်မဲ ကျော်ကြီးက …


စီစဉ်သူ ကျောက်မဲ ကျော်ကြီး

“ဟင်းတွေဘာတွေချက်ရင် အိုးတူးသွားလို့ ချိုးကပ်သွားတာကို သေချာမခွာ၊ မဆေးကြောရင် နောက်ဟင်းတွေချက်တဲ့အခါကျတော့ တောက်လျှောက်ကပ်ကုန်တဲ့အပြင် ဟင်းအရသာလည်း မကောင်းနိုင်တော့ဘူး။ ဒီလိုပဲ သမတ သိန်းစိန်အစိုးရက သူတို့ကိုယ်သူတို့ အရပ်သားအစိုးရပါလို့ ပြောနေပေမယ့် စစ်အစိုးရလက်ကျန်စနစ်ချိုးတွေကို သေချာမခွာဘူး၊ မဆေးကြောဘူးဆိုရင် ဘယ်လိုပဲ သန့်ရှင်းတဲ့အစိုးရပါလို့ပြောပြော သန့်ရှင်းတဲ့အစိုးရဖြစ်မှာမဟုတ်ဘူးတဲ့အတွက် စနစ်ဆိုးတွေ၊ စစ်ချိုးတွေကို သေချာခွာပါလို့ ပြောချင်တာပါ” လို့ ပြောပါတယ်။

ပါဝင်တဲ့ သံချပ်သီချင်းတွေကတော့ မကြာခင်ရက်ပိုင်းအတွင်း ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲ အကြောင်း၊ သမတသိန်းစိန်ရဲ့ ဖိတ်ခေါ်ချက်နဲ့ ပြည်တော်ပြန်ကြတဲ့သူတွေအကြောင်း၊ ပြည်တွင်းပြည်ပ မီဒီယာတွေအကြောင်း၊ မြန်မာ့သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးယိုယွင်းလာနေတဲ့အကြောင်း စတာတွေဖြစ်ပါတယ်။






















1 comments :

  1. အမေ said... :

    ဒါမျိုးတွေကရိုးနေပြီ ကြံခိုင်ရေးဆိုတဲ့ အဖွဲ့ရေ တယောက်ဘယ်လောက်ပေးပြီးခေါ်ထားတာလဲ ငါအရင်က ရန်ကုန်မှာ နေခဲ့တာ နင်တို့က တနေ့ ၁၅၀၀ပေးလို့ငါလဲလိုက်ဖူးတယ် ၂၀၀၄ လောက်တုန်းကပါ ဒါပေမယ့် အခုတော့နောင်တရသွားပြီ ငါ့အမေက အစိုးရဝန်ထမ်းလေ ရာထူးက ရုံးအုပ်ပါ ဘယ်မြို့နယ်ဆိုတာတော့ မပြောနိုင်တာ ခွင့်လွှတ်ပါ ပထမရွေးကောက်ပွဲတုန်းက အမေ့ကိုပြောဖူးတယ် ကြံခိုင်ရေးကို မဲမထည့်ဖို့လေ ဒါပေမယ့် သူပြန်ပြောတဲ့ စကားကြောင့် ကြံခိုင်ရေးကို ပိုမုန်းတယ် သူပြန်ပြောတာက "သားမရဘူးတဲ့ အုပ်ချုပ်ရေးမှုူးက ဝန်ထမ်းအားလုံးကို ကြံခိုင်ရေးကိုပဲ မဲထည့်ရမယ်တဲ့ " ဒါပေမယ့် ကြံခိုင်ရေးရယ် မပူပါနဲ့ အမေကပြောတယ် သူနောက်တကြိမ် အခွင့်အရေး၇ှိ၇င် ဘယ်လိုအခက်အခဲပဲ ရှိပစေ ဒေါ်အောင်စမ်းဆုကြည်ကိုပဲ မဲထည့်တော့မယ်တဲ့ ငါဝမ်းသာတယ် အမေအမြင်မှန်ရသွားတာကိုပေါ့

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved