အာဆီယံစစ်ဘက်ဆိုင်ရာ အစည်းအဝေး ၂ ခု မြန်မာ တက်ရောက်

Tuesday, March 27, 2012


ဒီနေ့ နေပြည်တော်မှာ တွေ့ရတဲ့ စစ်ရေးပြအခမ်းအနားမြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)

ကမ္ဘောဒီးယားမှာ လုပ်နေတဲ့ စစ်ဘက်ဆိုင်ရာ အစည်းအဝေး ၂ ခုကို မြန်မာပြည်က ကိုယ်စားလှယ်တွေ သွားတက်နေပါတယ်။

အာဆီယံ စစ်ထောက်လှမ်းရေး ၉ ကြိမ်မြောက် အစည်းအဝေး၊ ၉ ကြိမ်မြောက် ကာကွယ်ရေးဦးစီးမှူးများ အစည်းအဝေး ACDFIM တို့ ဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဗိုလ်မှူးချုပ်စန်းမြင့်၊ ဒုတိယဗိုလ်မှူးကြီးကျော်ဇင်မျိုးတို့ မနေ့ကပဲ ကမ္ဘောဒီးယားကို သွားခဲ့တယ်လို့ ဒီနေ့ ကြေးမုံသတင်းစာက ဆိုပါတယ်။

ACDFIM အစည်းအဝေးတွေမှာ အာဆီယံနိုင်ငံတွေအကြားမှာ လုံခြုံရေး နဲ့ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးကြတယ် လို့ ကမ္ဘောဒီးယား စစ်တပ်ရဲ့ မူဝါဒနဲ့ နိုင်ငံခြားရေးရာဌာန ညွှန်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး Nem Sowath က ပြောဆိုကြောင်း ဆင်ဟွာသတင်းတပုဒ်မှာ ဒီလ ၁၃ ရက်နေ့က ရေးထားပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved