ဆိုကြမယ်၊ စားကြမယ်

Wednesday, March 14, 2012


အမေရိကန်နိုင်ငံ LA မြို့တော်ကြီးမှာ အဆိုပြိုင်ပွဲ၊ အစားပြိုင်ပွဲ ... အဲ ... အစားအသောက်ဈေးပွဲကို ရှေ့တပတ် စနေ (မတ်လ ၂၄) မှာ ပြုလုပ်တော့မှာပါ။
အဆိုပြိုင်ပွဲကြီးမှာတော့
- အိမ်နီးချင်း အရီဇိုးနားပြည်နယ်က အဆိုသမားများ၊
- LA နဲ့
မိုင် ၂၅၀၀ ဝေးတဲ့ ဖလော်ရီဒါပြည်နယ်က အဆိုသမားများ၊
- မြို့ခံ အဆိုသမားများ ၀င်ပြိုင်ကြ ၀င်ဟဲကြမှာပါ။

အစီအစဉ် ပြုလုပ်မယ့် နေရာကတော့ LA မြို့ မြန်မာပြည်သားများ ဆုံစည်းရာ အောင်ဇေခန်းမ ဖြစ်ပါတယ် တဲ့။

အသေးစိတ်ကို
http://2.bp.blogspot.com/-mKJiOJnV_RU/T2CzjtrRFxI/AAAAAAAAT2k/_zMUi86wS2w/s1600/421776_365056503525951_105304102834527_1167098_1316694803_n.jpg မှာ ကြည့်နိုင်ပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်း ရံပုံငွေအတွက် ပြုလုပ်မယ့် ဆိုပွဲ စားပွဲ ဖြစ်ပါတယ်။

အဲဒီဒေသ ထုံးစံအတိုင်း ရန်ပုံငွေပွဲတွေ ဆိုရင် အရောင်းဆိုင်ရဲ့ အမြတ်ငွေ ရာခိုင်နှုန်း အတော်များများကို ရန်ပုံငွေအဖြစ် လှူဒါန်းပါတယ်။ အမြတ် နဲ့ လုပ်အားကိုသာမက ရင်းနှီးငွေ အပါအ၀င် ရောင်းရသမျှကို လှူကြသူများလည်း ရှိပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved