စင်္ကာပူ မြန်မာသံရုံးမှာ ကြိုတင်မဲပေးသူ

Friday, March 9, 2012

စင်္ကာပူရောက် ကိုနိုင်လင်းက သူ့ Facebook မှာ အခုလို ရေးထားပါတယ်။

"Singapore မြန်မာသံရုံးတွင် NLD Daw Khin Htay Kywe အား ကြိုတင်မဲ ပေးခဲ့ပြီး" တဲ့။ ကြိုတင်မဲပေးတဲ့ ဓာတ်ပုံလည်း တင်ထားပါတယ်။

သူက ကြားဖြတ်ရွေးကောက်ပွဲမှာ မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်က NLD ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဌေးကြွယ်ကို မဲပေးခဲ့တာပါ တဲ့။

ဘာကြောင့် ဒေါ်ခင်ဌေးကြွယ်ကို မဲပေးရတာလဲ ဆိုတဲ့ ဧရာဝတီ သတင်းဌာနရဲ့ အမေးကို ကိုနိုင်လင်းက အခုလို ဖြေပါတယ် -

"သူ့ကိုလည်း သိတယ်၊ သူ့အကြောင်းလည်း သိတယ်။ NLD ကိုလည်း နဂိုကတည်းက ထောက်ခံပြီးသားပါ။ ဒါကြောင့် သူ့ကို မဲပေးလိုက်တာပါ" တဲ့။

(ဒေါ်ခင်ဌေးကြွယ် ဆိုတာ ၂၀၀၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်မှာ ထိန်းသိမ်းခံရစဉ် လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေတွေထဲက တဦး ဖြစ်ပါတယ်။ NLD မှာ နှစ်ပေါင်း ၂၀ ကျော် ရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်။)

မော်လမြိုင်ဇာတိ ကိုနိုင်လင်းက မနေ့က သံရုံးက အပြန်မှာ ဒီဓာတ်ပုံကို Facebook မှာ တင်လိုက်တာပါ။

"မဲပေးတဲ့နေရာမှာ လူ ၈ ယောက်ပဲ ရှိတယ်။ သံရုံးက ၀န်ထမ်း ၂ ယောက်၊ မဲပေးမယ့်သူ ၆ ယောက်။ အခု မဲပေးချင်တယ် ဆိုရင် မရတော့ဘူး။ Request Form ဆိုတာ အရင်တင်ပြီး ခွင့်ပြုချက်အရင်တောင်းရတယ်။ မဲပေးဖို့ အစီအစဉ်ကို လူတိုင်းမသိလိုက်ဘူး။ အရင်တပတ် သောကြာနေ့က ကြေညာတယ်၊ ဒီကြားထဲ စနေ တနင်္ဂနွေ ရုံးပိတ်တယ်။ ကျနော်တို့ဆိုရင် မီရုံလေးပဲ။ နီးစပ်ရာ ပြောပြီး လျှောက်လွှာတင်လိုက်ကြတယ်။ (မဲပေးဖို့အခွင့်အရေးအတွက် ပေးထားတဲ့) အချိန်က အရမ်းကို နည်းပါတယ်" လို့ ကိုနိုင်လင်းက ဧရာဝတီကို ပြောပါတယ်။

ကြိုတင်မဲ request form ကို ဖေဖော်ဝါရီ ၂၄ နောက်ဆုံး ထားပြီး တင် ခဲ့ ရ တာပါ။ သံရုံး website မှာ ကြေညာတဲ့ ရက် က ဖေဖော်ဝါရီ ၁၈ ပါ။ ၂၂, ၂၃, ၂၄ နေ့တွေမှာ သံရုံး ပိတ် ပါ တယ် တဲ့။

10 comments :

  1. Tin Ohn Mar Zaw said... :

    အဲတာဆို သိန်းချီနေတဲ ရွှေ တွေ ထဲ မှာ ဒီ ၆ ယောက်ပဲ မဲပေးခဲ့ ရတယ်ပေါ့ ...ကျန်တဲ့ လူတွေဘယ်လိုလုပ်မလဲ...ဘာမှမပြောပဲ ဒီအတိုင်းငြိမ်နေကြမှာလား...

  1. Anonymous said... :

    တာဝန်ကြေလုပ်တဲ့လုပ်တဲ့ မြန်မာသံရုံး တာဝန်ေ ကြပါပေတယ်။
    အဲဒီအတွက် မြန်မာသံရုံးကို ဂုဏ်ပြုတဲ့အနေနဲ့  ဆုငွေ စင်္ကာပူဒေါ်လာ ၁သိန်း ဆုချလိုပါတယ်။
    မတ်လ(ဂ)ရက်၂၀၁၂ ကြာသာပတေးနေ့  နောက်ဆုံးထားပြီး wellwisher@gmail.com ကို ဆက်သွယ်ပါ။

  1. OO said... :

    They have keys, they can open anytimes and can be throw or change your vote.

  1. Anonymous said... :

    I dont know that declaration from Myanmar Embassy, Singapore. Why they declared on their website on closely.

  1. Anonymous said... :

    Do you still believed that *There will be changes in Burma ? No, as long as Than Shwe and his assisstants ,partners like T.A.M.O., A.T.,K.S. and many others Kyant Phunt are there, they will be creating many ways to oppose the way of Reforming to Democracy. For examples like Tunisia,Egypt,after many people killed,Blood Shed,then, there will be total changes,That is what I have find out and believe.They will be making troubles,they won't give reasonable changes to reform.I know that from the very earlier stage.Just wait and see.

  1. Anonymous said... :

    ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ ပြည်ပမြန်မာသံရုံးတွေက ၀န်ထမ်းတွေ တစ်ပတ်လောက် မဲစာရွက်တွေထဲကို ထင်ရာ မြင်ရာနာမည်တွေ ရေးပြီး ကြံ့ဖွံထောက်ခံမဲတွေ ရေးခြစ်ရပါတယ်. အဲဒါတွေကို ရန်ကုန်ပို့ပြီး ကြီုတင်မဲလုပ်လိုက်ပါတယ်။
    ၉၈%ထောက်ခံမဲ မရရင် အလုပ်ဖြုတယ်မယ်ဆိုလို့ အဲဒီလိုလုပ်ကြတာပါ။
    ကျနော့သူငယ်ချင်း သံရုံးဝန်ထမ်းကိုယ်တိုင်ပြောပြတာပါ။

  1. Anonymous said... :

    ဘာသမ္မတလဲ ကြံ့ဖွတ်လက်ထွက် သမ္မတ။ ဒီပုတ်ထဲက ဒီပဲ။

  1. Anonymous said... :

    This is not fair declaration from Myanmar Embassy Singapore.How can be do to vote NLD coming on April 1.Now, stay early can be vote it.

  1. Anonymous said... :

    Only the person who stay at the township where 48 seat free can be vote.

  1. Anonymous said... :

    တကယ်ကိုစိတ်ပျက်စရာပါ
    တချို့ဆိုသိတောင်မသိလိုက်ကြပါဘူး
    ဒါလားသန့်ရှင်းသောအစိုးရဖြစ်ရမယ်တဲ့
    မိန့်ခွန်းတွေပြောသွားတာတော့မစားရ၀ခမန်းပဲ
    လုပ်တော့သာသောက်တလွဲတွေ
    ဒီအစိုးရကိုဘယ်ပြည်သူမှမဲမပေးချင်ဘူး
    အဲသူ့တို့ဆွေမျိုးများတစုနဲ့သာကူးသာပေါင်းတွေသာပေးမှာ
    မလုပ်နိုင်ရင်လည်းဆင်းပေးလိုကကျပါတော့
    ဒီဘ၀တစ်သက်စာမကယူပြီးထားတာတောင်အားမရကြ
    သေးဘူးလား....
    မသေးသေး
    စင်ကာပူ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved