မိုးစက်ဝိုင်နဲ့ပတ်သက်ပြီး Miss Universe Myanmar အဖွဲ့ သတင်းထုတ်ပြန်

Thursday, October 10, 2013

~


မော်စကိုသွားပြီး မယ်စကြဝဠာပြိုင်ပွဲဝင်မယ့် မိုးစက်ဝိုင်နဲ့ ပတ်သက်ပြီး 
"အများပြည်သူထင်ယောင်ထင်မှားဖြစ်အောင်" အင်တာနက်မှာ ရေးသားပြောဆိုတာတွေ ရပ်ပေးဖို့ မြန်မာပြည်မယ်စကြဝဠာအသင်းက မေတ္တာရပ်ခံလိုက်ပါတယ်။


အသင်းရဲ့ အောက်တိုဘာ ၉ ရက်နေ့ ထုတ်ပြန်ချက်ကို မူရင်းအတိုင်း ကူးယူ ဖော်ပြလိုက်ပါတယ်။

  MISS UNIVERSE MYANMAR ORGANIZATION ၏ သတင်းထုတ်ပြန်ချက်

MISS UNIVERSE MYANMAR 2013 မိုးစက်ဝိုင် အား Online နှင့် Facebook စာမျက်နှာများပေါ်တွင် လူနည်းတစ်စုမှ ဂုဏ်သိက္ခာညှိုနွမ်းအောင် အများပြည်သူထင်ယောင်ထင်မှားဖြစ်အောင် သတင်းအချက်အလက်ထုတ်လွှင့်ခြင်းမျိုးမဟုတ်ပဲ အတင်းဖြန့်ဝေနေခြင်းများအားမိမိတို့၏ အမည်၊ မိမိတို့၏ဂုဏ်သိက္ခာစောင့်ထိန်းရေးသားပြောဆိုကြပါရန် MISS UNIVERSE MYANMAR ORGANIZATION အနေဖြင့် ရပ်တန့်ပေးပါရန်တိုက်တွန်းပြောဆိုလိုက်သည်။

ထိုကဲ့သို့ ရေးသားသူလူနည်းစု အနေဖြင့် မည်ကဲ့သို့ရည်ရွယ်ချက်မျိုးဖြင့်ဆောင်ရွက်နေခြင်းဖြစ်သည်ကို MISS UNIVERSE MYANMAR ORGANIZATION နှင့် မိုးစက်ဝိုင် ကို အားပေးကြသော မိဘပြည်သူများကသိရှိသော်လည်း ယင်းတို့၏ဂုဏ်သိက္ခာအားငဲ့ညှာထောက်ထားသောအားဖြင့် ယခုကဲ့သို့တိုက်တွန်းရေးသားလိုက်ရခြင်းဖြစ်ပါသည်။



 Miss Myanmar Universe လို့ ခေါင်းစဉ်တပ်ထားတာကို Miss  Universe Myanmar လို့ ပြင်လိုက်ပါတယ်

Miss Universe Myanmar ရွေးချယ်ပွဲ မြင်ကွင်းများ 
http://blog.irrawaddy.org/2013/10/miss-universe-myanmar_4.html



.

17 comments :

  1. Anonymous said... :

    မိုးစက်ဝိုင် သို့ မဟုတ် မိုးစက်ယန်း တရုတ်-ဗမာ ပေါ့ ။

  1. Anonymous said... :

    အင်တာနက်မယ်ရအောင်ကြိုးစားမယ်..ဆိုလား..ဘာလား
    ------------------------------------------

    ဇာတ်ပေါင်းသော်..

    ဖိုးလပြည့် + မိုးစက်ဝိုင် + တရုတ် + ဖွတ်လော်ဘီများ

    တို့သည် ပေါင်းစည်းသွားကြပြီဖြစ်သည်..

    ဖွတ်လော်ဘီတို့သည်..မြေးတော်အုပ်စု..တို့ကို..
    ကာကွယ်ရင်းကာကွယ်ရင်းနှင့်

ှုဦးသန်းရွှေမြေး..ဂဏန်းတစ်ကောင်.ဘက်မှ.
    ပေါ်တင်ကျစွာ...
    ရပ်တည်မိနေကြလေပြီ...

    အဲဒီတော့..

    ဖတ်ရှုသူများအနေနဲ့..

    အဖြူအမဲ သူ့ဘာသူကွဲသွားမှာဖြစ်သလို..

    သူတို့ရဲ့ရည်ရွယ်ချက်ဘာရှိမည်ဆိုတာကို..

    သေချာစွာ..ဆင်ခြင်သဘောပေါက်နိုင်ကြပါစေ..၊
    — with Dota Soldiers and 20 others.

  1. Anonymous said... :

    လူနဲ့ မူနဲ့ကွဲကြပါ.. ***
    ================
    ခင်ဗျားတို့ ကျွန်တော်တို့ ယနေ့ Miss Universe မိုးစက်ဝိုင်နဲ့ ပတ်သက်ပြီး..

    မိုးစက်ဝိုင်ကို ပုဂ္ဂိုလ်ရေးအရ မုန်းကြတာလား..

    မြစ်ဆုံကိစ္စကြောင့် မုန်းကြတာလား..

    လက်ပံတောင်းတောင် ကိစ္စကြောင့် မုန်းကြတာလား..

    ဓာတ်ငွေ့ ပိုက်လိုင်းကြောင့် မုန်းကြတာလား..

    ဗိုလ်ချုပ်ခင်ညွန့် လက်ချက်နဲ့ ၁၉၉၀နောက်ပိုင်း အလုံးအရင်းနဲ့ ဝင်လာတဲ့ နောက်ပေါက် တရုတ်တွေကို မုန်းကြတာလား..

    အာဏာရှင်မိသားစုနဲ့ ပတ်သက်ပြီး မုန်းကြတာလား..

    ပြည်တွင်းမှာ ဒိုးတူ ဘောင်ဖက် နှစ်ရှည်လများ အတူတကွ နေလာခဲ့ကြတဲ့ မြန်မာဆန်တဲ့ မြန်မာပြည်ဖွား အတူတကွ ရုန်းကန်ခဲ့တဲ့ တရုတ်လူမျိုးတွေကို အားနာကြဖို့ မေတ္တာရပ်ခံပါရစေ..

    ကျွန်တော်တို့ မုန်းတာ လူကို မဟုတ် မူကိုဖြစ်တယ်...

    မြန်မာ့မြေပေါ်က သံယံဇာတတွေကို သူခိုးဈေးနဲ့ မတရားဂုတ် သွေးစုပ်ခဲ့တဲ့ တရုတ်အစိုးရနဲ့ တရုတ်အစိုးရရဲ့ မြန်မာအပေါ်ထားရှိတဲ့ ပေါ်လစီ မူကိုသာ ဖြစ်သည်..။

  1. Anonymous said... :

    Miss Universe Myanmar တရုတ် CCTV ကရုပ်သံပါ..
    ခေါင်းစဉ်ကတော့ တရုတ်လို 华裔女子胜出
    အင်္ဂလိပ်လို ဘာသာပြန်ရင်တော့ Chinese woman to win ဆိုပြီးလုပ်ချ လိုက်လေရဲ့..
    (အင်တာဗျူးမှာ မိုးစက်ဝိုင်ရဲ့ ငါ့မြန်မာပြည်အတွက် ရရှိတဲ့ အခွင့်အရေးကို ဆုရရှိဖို့ ကြိုးစားသွားမယ်လို့ အင်္ဂလိပ် ဖြေကြားသွားတဲ့ စကားလုံးများကို ထောက်ရှုသင့်သည်..)
    မည်သို့မျှ မဝေဖန်လို ပြိုင်ပွဲကာလလည်း အချိန်ဘာမှ မလိုတော့ပေ...
    လာမယ့် နိုဝင်ဘာလ ၉ရက်နေ့ မော်စကိုမှာ ပြုလုပ်မယ့်
    Miss Universe ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ စွမ်းစွမ်းတမံ ယှဉ်ပြိုင် ကြိုးစားအားထုတ်ကာ မြန်မာနိုင်ငံသားများအတွက် ဂုဏ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်မိရင်း..

    ဒီမိုဝေယံ

    စထွက်ကတည်းက မသူတော်ဘေးနား ရောက်ခဲ့သည်အတွက် မပြေးသော်လည်း ကန်ရာရှိခဲ့လေပြီ...။


    လူနဲ့ မူနဲ့ကွဲကြပါ..

    မိုးစက်ဝိုင် ပြောသွားတဲ့ Because i get the chance to represent my county. Thank you so much ဆိုတဲ့ အနှစ်သာရရှိတဲ့ စကားလုံးကို ထောက်ရှုပြီးအားပေးသင့်သည်ဟု ရှုမြင်မိသည်..။ ဂန္တဝင် မန္တလေးမြို့မ တူရိယာအသင်းမှာ ဥက္ကဋ္ဌလုပ်ခဲ့သူ တဦးဟာ ဘာလူမျိုးဖြစ်တယ် ဆိုတာနဲ့ ၈၈မျိုးဆက်က မနီလာသိန်းတို့လို တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်တွေဟာ ဘာလူမျိုးဖြစ်တယ် ဆိုတာကို လေ့လာသင့်သည်..။

    လူနဲ့ မူနဲ့ကွဲကြပါ..

    ခင်ဗျားတို့ ကျွန်တော်တို့ ယနေ့ Miss Universe မိုးစက်ဝိုင်နဲ့ ပတ်သက်ပြီး..

    မိုးစက်ဝိုင်ကို ပုဂ္ဂိုလ်ရေးအရ မုန်းကြတာလား..

    မြစ်ဆုံကိစ္စကြောင့် မုန်းကြတာလား..

    လက်ပံတောင်းတောင် ကိစ္စကြောင့် မုန်းကြတာလား..

    ဓာတ်ငွေ့ ပိုက်လိုင်းကြောင့် မုန်းကြတာလား..

    ဗိုလ်ချုပ်ခင်ညွန့် လက်ချက်နဲ့ ၁၉၉၀နောက်ပိုင်း အလုံးအရင်းနဲ့ ဝင်လာတဲ့ နောက်ပေါက် တရုတ်တွေကြောင့် မုန်းကြတာလား..

    အာဏာရှင်မိသားစုနဲ့ ပတ်သက်ပြီး မုန်းကြတာလား..

    ပြည်တွင်းမှာ ဒိုးတူ ဘောင်ဖက် နှစ်ရှည်လများ အတူတကွ နေလာခဲ့ကြတဲ့ မြန်မာဆန်တဲ့ မြန်မာပြည်ဖွား အတူတကွ ရုန်းကန်ခဲ့တဲ့ တရုတ်လူမျိုးတွေကို အားနာကြဖို့ မေတ္တာရပ်ခံပါရစေ..

    ကျွန်တော်တို့ မုန်းတာ လူကို မဟုတ် မူကိုဖြစ်တယ်...

    မြန်မာ့မြေပေါ်က သံယံဇာတတွေကို သူခိုးဈေးနဲ့ မတရားဂုတ် သွေးစုပ်ခဲ့တဲ့ တရုတ်အစိုးရနဲ့ တရုတ်အစိုးရရဲ့ မြန်မာအပေါ်ထားရှိတဲ့ ပေါ်လစီ မူကိုသာ ဖြစ်သည်..။ ထို့အတူ မုန်းရမှာက တရုတ်အစိုးရ မြန်မာပြည်အပေါ် ထားရှိခဲ့တဲ့ အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစားမူနဲ့ အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစား ပြည်သူမျက်နှာ မကြည့်ခဲ့တဲ့ အာဏာရှင်တစုရဲ့ ချမှတ်ခဲ့တဲ့ မူကိုသာဖြစ်သည်..။

    ဒီမိုဝေယံ

  1. Anonymous said... :

    လွှတ်တော်မှာ အရေးကြီးအဆိုတော့တင်ရတော့မယ်
    ===============================
    မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးနိုင်ငံတကာပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့်သူ
    မှန်သမျှ မြန်မာနိုင်ငံသားတိုင်းရင်းသားစစ်စစ် မိဘနှစ်ပါးက မွေးဖွားသူဖြစ်ရမယ်တို.၊
    တခြားနိုင်ငံပြိုင်ပွဲများမှာနိုင်ငံကိုယ်စားပြုမဟုတ်ပဲ ၀င်ပြိုင်ခဲ့ဘူးသူမဖြစ်စေရတို.၊ စသည်ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံကို ကိုယ်စားပြုသူဖြစ်ရေး ဆွေးနွေးကြဖို.တော့
    လိုပြီထင်တယ်နော် .........................

  1. Anonymous said... :

    မန်မာနိုင်ငံက Miss Universe ပြိုင်ပွဲတာဝန်ရှိသူများ၊ ဒိုင်လူကြီးမင်းများဖြေရှင်းပေးပါ
    =============================================
    မိုးစက်ဝိုင် Moe Sat Y ဟာ တရုတ်အမျိုးသမီး Yang Xinrong (杨鑫荣) ဖြစ်ပါတယ်။
    .......................................................................................................
    ၂၀၀၉ ခုနှစ်မှာ ကျင်းပခဲ့တဲ့ Miss Chinese International 2009 မှာ ပထမရရှိခဲ့သူက လားရှိုးက တရုတ်အမည် Peng Hanzhen ဖြစ်ပြီး၊ ဒုတိယဆုရရှိခဲ့သူက ယခု Miss Myanmar 2013 ကို ရယူခဲ့တဲ့ မိုးစက်ဝိုင် Moe Sat Y ခေါ် တရုတ်အမျိုးသမီး Yang Xinrong (杨鑫荣) ဖြစ်ပါတယ်။ ဒီ Miss Chinese International 2009 မှာ မိုးစက်ဝိုင် Moe Sat Y ခေါ် Yang Xinrong (杨鑫荣) က အကောင်းဆုံးခန္ဓာကိုယ်
    အလှပိုင်ရှင်ဆုသာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ထို့ အတူဘဲ Golden Phoenix Chinese Newspaper Myanmar Golden Phoenix Cup ကို ရရှိခဲ့ပြန်ပါတယ်။

    杨鑫荣 MOESAT.Y,身高5'8",亚军,最佳身材奖 来自仰光市,学历.

    Yang Xinrong MOESAT.Y, height 5'8 ", runner-up, the best body award from Yangon City.

    ယခု တရုတ်သတင်းဌာနတွေမှာ ၀မ်းသာအားရနဲ့  ဖေါ်ပြနေတာတွေကတော့ တရုတ်
    အမျိုးသမီး ခေါ် Yang Xinrong (杨鑫荣) ကလာမယ့် နိုဝင်ဘာလ ရုရှမှာကျင်းပမယ့်
    Miss Universe ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စား ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့  ဂုဏ်ယူဖေါ်ပြနေကြပါတယ်။

    10月3日,在缅甸仰光,华裔选手杨鑫荣获得缅甸环球小姐选美冠军。缅甸在仰光国家剧场当日举行2013缅甸环球小姐选美比赛,华裔选手杨鑫荣获得冠军,并将代表缅甸参加11月在俄罗斯举行的2013环球小姐大赛。杨鑫荣2009年曾获得缅甸金凤凰中文报主办的金凤凰杯中华小姐大赛亚军

    October 3, in Yangon, Myanmar, Chinese athletes Yang Xinrong get Miss Universe beauty pageant winner. Myanmar in Yangon, Myanmar National Theatre to be held 2013 Miss Universe pageant, Chinese athletes Yang Xinrong won the championship, and will participate on behalf of Burma held in Russia in November 2013 Miss Universe contest. Yang Xinrong 2009 was awarded the Golden Phoenix Chinese newspaper Myanmar Golden Phoenix Cup sponsored by Miss China contest runner-up.

    ကျွန်တော်တို့  မြန်မာနိုင်ငံသူ နိုင်ငံသား ပြည်သူလူထုကို အကွက်ကျကျ စီစဉ်ပြီး ၀ိုင်းဝန်းညာခဲ့တဲ့ လုပ်ရပ်ပါ။ ကိုယ်တိုင်းပြည်ကို ကိုယ်စားပြုမယ့် အလှမယ်တစ်ဦး
    ဟာ မြန်မာနိုင်ငံသားစစ်စစ်တစ်ဦးဖြစ်ရမယ့်အစား၊ဘယ်အချိန်ကာလက ရောက်ခဲ့မှန်းမသိတဲ့ တရုတ်မိဘနှစ်ဦးက မွေးဖွားပြီး မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရုတ်အမျိုးသမီးကို ပုံစံပြောင်းပြီး မြန်မာအလှမယ်အဖြစ် ဖန်တီးကာ အားကစားဝန်ကြီးဌာနက ၀န်ကြီး
    တွေ၊ မယ်ရွေးပြိုင်ပွဲကို ၀ိုင်းဝန်းစီစဉ်လှည့်ပတ်ခဲ့ကြသူတွေ အားလုံးနဲ့  Miss Universe ပြိုင်ပွဲ လက်ခံကျင်းပမယ့် ရုရှနိုင်ငံရော နောက်ဆုံး မိုးစက်ဝိုင် Moe Sat Y ခေါ် တရုတ်အမျိုးသမီး Yang Xinrong (杨鑫荣) ပါ ၀ိုင်းဝန်းလိမ်ညာကြခြင်းဟာ
    မြန်မာနိုင်ငံတော်နဲ့  မြန်မာပြညသူလူထုကို ရိုင်းပြစွာ စော်ကားလိုက်ခြင်းဘဲ
    ဖြစ်ပါတော့တယ်။

  1. Anonymous said... :

    အယ်လ်ခွန်းရီ ဘယ်လဲ ဘာလဲ.....
    ( ၃ )

    ဒေါ်အယ်လ်ခွန်းရီ ဘာကြောင့် မိုးစက်ဝိုင်ကို ကာကွယ်နေတာလဲ ? ? ? ? ?

    ဒေါ်အယ်လ်ခွန်းရီး တစ်ယောက် ဘာကြောင့် မိုးစက်ဝိုင်ကို အွန်လိုင်းက ဝေဖန်မှုတွေအပေါ် ကာကွယ်ပေး ရလဲ ဆိုတာ စဉ်းစားစရာပါ။

    ဒေါ်အယ်လ်ခွန်းရီတို့ ရွေးချယ်ထားတဲ့ အလှမယ် အသစ်စက်စက် မိုးစက်ဝိုင်ကို အင်တာနက် အွန်လိုင်းတွေ မှာ ဝေဖန်ကြတဲ့အပေါ် ပြန်သုံးသပ်ဖို့ ဆိုထားတယ်။ ဒါက မိုးစက်ဝိုင်ကို ကာကွယ်တာပါ။

    ဒေါ်အယ်လ်ခွန်ရီရဲ့ နောက်ကြောင်းကို ဒါကြောင့် ပြန်ခြေရာ ကောက်ကြည့်တယ်။

    ခင်ပွန်းသည် စစ်တပ်အရာရှိကြီး၊ ဖခင်ကလည်း မြောက်ပိုင်း တိုင်း တိုင်းမှူး၊ တလျှောက်လုံး စစ်တပ် အကျိုးစီးပွား အတွက် လုပ်လာတာ လူတိုင်း သိပါတယ်။

    ဒီအပြင် ဒေါ်အယ်လ်ခွန်းရီဟာ စစ်အစိုးရ လက်ထက်တလျှောက် ဒေါ်ကြိုင်ကြိုင်ရဲ့ ဦးစီးမှုအောက်မှာ ရှိတဲ့ အမျိုးသမီးရေးရာအတွက် အားကျိုးမန်တက်လုပ်ခဲ့တာ ပြည်သူ သိအောင်ပြောလိုက်တာပါ။

    ဒေါ်အယ်လ်ခွန်းရီးက အထက်တန်းပြ ဆရာမ တဦးလည်းဖြစ်တယ်။

    ဒီနေ့ခေတ်ကြီးထဲမှာ ဘယ်ဟာကိုမှ လျှော့တွက်လို့မရတော့ပါဘူး။ ပြည်သူတွေကို အချဉ် လို့တော့ မထင် ပါနဲ့ မှားသွားမယ်။ နှစ်ပေါင်းများစွာ ပြည်သူကို တောက်လျှောက် လျှော့တွက်လာခဲ့ကြတာ အားမတန်လို့ မာန်လျှော့်နေခဲ့ရတဲ့ ပြည်သူတွေဟာ စစ်တပ်နဲ့ပတ်သက်လာတော့ကတော့ ရင်ထဲမှာ အနာကိုယ်စီနဲ့ ဆိုတာ သိထားဖို့တော့ လိုတာပေါ့။

    အခု Miss Universe Myanmar 2013 ကို ရွေးချယ်တယ်ဆိုတာလဲ အစကတည်းက ဘယ်သူ ဘယ်ဝါ ကို ရွေးမယ်ဆိုတာ အကွက်ရှိပြီး သားတွေပါ။။ ဒါကို မသိတဲ့သူတွေပဲ နားလှည့် ၊ ပါးရိုက်ခံလိုက်ရတာ ပရိသတ်တွေပါ။

    သိတဲ့သူကဖော်လိုက်တော့ ဒေါ်အယ်လ်ခွန်းရီ တစ်ယောက် သားသမီးချင်း ကိုယ်ချင်းစားခိုင်းနေ တယ်။ အရင်စစ်အစိုးရ ခေတ်တွေတုန်းက တပ်မတော်ဖခင်စစ်စစ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်အပုပ်ချနေခဲ့စဉ်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ညှင်းပန်းနှိပ်စက် ဖမ်းဆီးခံနေခဲ့ရစဉ်တွေက သူ ဘာလို့ နုတ်ဆိတ်နေခဲ့တာပါလိမ့်။

    အခုတော့ ပြည်သူတွေက ရိုင်းဆိုင်းနေ သလို ပြောပေါက်ကတော့ စစ်တပ်အကြိုက် ဖိုးလပြည်တို့ အကြိုက် ဖာထေးပြီးပြောနေလိုက်တာ လူသိတာပေါ့။

    မိုးစက်ဝိုင်ဘယ်သူ ဘယ်ဝါဆိုတာတွေကို အင်တာနက်စာမျက်နှာတွေမှာဖတ်ရမှာပေါ့ ထွေထွေထူးထူး
    ရေးမနေ တော့ပါဘူး။

    မိုးစက်ဝိုင်က ပြီးခဲ့တဲ့ ရက်ပိုင်းက The voice နဲ အင်တာဗျူးဖြေတုန်းက သူ လုပ်မယ့် ပရဟိတ လုပ်ငန်း
    တွေ ကိုပြောပါတယ်။

    ဘာတဲ့ ထူးဖောင်ဒေးရှင်းတိုလို့ အခိုင်အမာရှိပြီးသား ပရဟိတတွေမှာ သူ ၀ိုင်းဝန်းလုပ်ဆောင်ပေး မယ်... နောက် အမျိုးသမီးရေးရာတို့လို့ အဖွဲ့အစည်ကြီးတွေမှာပေါ့…. အဲလိုဖြေတာပါ။

    မိုးစက်ဝိုင်နဲ့ မေးထားတာတွေကို အင်တာနက်စာမျက်နှာပေါ်လဲရောက်တော့ ပြည်သူတွေ ပြောတာများ လာတော့ နောက်တနေ့ သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့အချိန် ချက်ချင်း မူက ပြောင်းသွားတော့တာပဲ။။။။။

    ဒါကိုကြည့်ချင်းအားဖြင့် တရုတ် သွေးဗီဇ ပြလိုက်တာပါ။ ဘာကြောင့်လဲဆိုတော့ စီပွားရေး ဈေးကွက်ရွှေ့ သလို လုပ်လိုက်တာပေါ့။ သူဆုရထားတဲ့ ပိုက်ဆံနဲ့ပဲ၊ ပရဟိတ လုပ်ငန်းတွေကို ဆက်လုပ်သွားမှာပါတဲ့။။။။ ထူးဖောင်ဒေးရှင်းဆိုတာနဲ့ အမျိုးသမီးရေးရာတို့အတွက် ဆိုတာ မပါလာတော့ဘူးလေ။

  1. Anonymous said... :

    တစ်ခု တွေးကြည့်မိတယ်။

    ၁၉၈၂ ဥပဒေအရ နိုင်ငံသား မှတ်ပုံတင်ရမရ မသေချာတဲ့ လူမျိုးခြားဖြစ်သူက တိုင်းရင်းသားတွေထွက်ပိုအရေးပါပြီး နိုင်ငံကို ကိုယ်စားပြုလို့
    ရတာ မဆန်းဘူးလို့ ။

    ဘာ့ကြောင့်လဲဆိုရင်

    လွှတ်တော်ထဲမှာတောင်

    မှတ်ပုံတင် ရှိမရှိ မသေချာတဲ့ တိုင်းတပါးသား သုံးယောက်က အခန့်သား ၀င်ထိုင်နေတာကို ဆွဲထုတ်လို့မှ မရသေးတာ ။

    ဖြစ်စဉ်နှစ်ခု အတူတူပဲလေ ...။

  1. Unknown said... :

    တရုတ်မ ဖြစ်နေလို့  မြန်မာပြည်ကိုယ်စားပြု ရွေးတာ လက်မခံပါ အားမ ပေးပါ

  1. ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်ကြံပြောဆိုနေတယ်ဆိုတာထက် အမှန်တွေကိုပြောနေကြတာဖြစ်ပါတယ်။ မြန်မာတိုင်းရင်းသူတွေကိုလည်း အားနာကြပါဦး။ Miss Myanmar Universe ရဲ့ ပေါ်လစီဟာ ဘာလဲ၊ နီးရာလူဆွဲသွင်းတဲ့ ပေါ်လစီလား။
    ဒီပြိုင်ပွဲဟာ တိုင်းနဲ့ပြည်နယ် အဆင့်ဆင့်ရွေးပြီးမှ တက်လာတဲ့ ပွဲ ဖြစ်သင့်တယ်။ မိုးစက်ဝိုင် ခေါ် တရုတ်အမျိုးသမီး Yang Xinrong ဟာ၊ အာဏာရ အသိုင်းအဝိုင်းနဲ့ မနီးစပ်ပဲနဲ့ ဒီနေရာမှာ ရှိနေမှာ မဟုတ်ဘူး။
    တရုတ်တွေကို အားနာသလို၊ မြန်မာ့တိုင်းရင်းသူ (ကရင်၊ ကချင်၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကယား) စသည့် အမျိုးသမီးများကိုလည်း အားနာကြစေချင်ပါတယ်။

  1. susan said... :

    အဲဒီအဖွဲ့ကိုက ဖိုးလပြည့် ဖိနပ်အောက်ကဘဲ ဘာတန်ဖိုးရှိတဲ့ ကြေညာချက်မို့လို့လဲ

  1. Anonymous said... :

    How can a country progress peacefully when there are so many racist, ignorant and short sighted people???

  1. Anonymous said... :

    မနာလိုခြင်ဝန်တိုခြင်း ကင်းရှင်းကြပါစေ။
    တို့မေတ္တာအစွမ်းအံ့မခန်း အေးချမ်းကြပါစေ။
    မုဒိပွားကုသိုလ်များ ပွားများနိုင်ပါစေ။

  1. Anonymous said... :

    လူမျိုးခွဲခြားခြင်း ကင်းရှင်းကြပါစေ။
    ဘာသာတရားခွဲခြားခြင်း ကင်းရှင်းကြပါစေ။
    တိုင်းရင်းသားအချင်းချင်း ခွဲခြားခြင်း ကင်းရှင်းကြပါစေ။

  1. Anonymous said... :

    "လူနဲ့ မူနဲ့ကွဲကြပါ.. ***


    http://pbs.twimg.com/media/A8DTqpRCMAAhgQS.jpg:large

    Obama was kissing Daw Aung San suu Kyi in the media photo. Can you say they have something unspeakable going on between them? I don't think so. Don't believe everything of what you see; don't believe everything of what you heard; see and understand by yourself.

    It's possible that there is nothing between MSY and PLP.

  1. Anonymous said... :

    ဧရာဝတီကလည်း ခေါင်းစဉ်ရေးတာက မှားနေတယ်။ Miss Universe Myanmar ပါ။ Miss Myanmar Universe မဟုတ်ပါဘူး။ hot news မို့ ပြေးရင်းလွှားရင်း ဟပ်လိုက်ချင်တာပဲသိပြီး၊ ဘာမှ သေချာမလေ့လာဘူး။

  1. Unknown said... :

    အားလုံး ကိုယ့်အလုပ်ကိုလုပ်ကြတာကောင်းပါတယ်။ဘယ်သူမဆို ကိုယ့်အလုပ်ကိုလုပ်ပီး၊ကိုယ့်ထမင်းကိုယ်စားကြပါ။သူတစ်ပါးတစ်ဦးကြောင့် ထမင်းစားပျက်၊အကုသိုလ်ရမည့် အလုပ်ကို မလုပ်ကြပါနဲ့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved