ကချင် ၃ မြို့ ရွေးကောက်ပွဲ နဲ့ KIO ကြေညာချက်

Wednesday, March 28, 2012


ကချင်ဒေသ မဲဆန္ဒနယ် ၃ ခုဟာ လုံခြုံရေးမကောင်းဘူး ဆိုပြီး ကော်မရှင်က အဲဒီ ဒေသတွေမှာ ရွေးကောက်ပွဲ ဆိုင်းငံ့ကြောင်း ကြေညာခဲ့ပါတယ်။ "သင့်လျော်"တဲ့ အချိန်မှာ ကျင်းပမယ် တဲ့။ (မတ် ၂၃)

ကချင်ဒေသ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ဆွေးနွေးဖို့ KIA/KIO နဲ့ ဆွေးနွေးချင်တယ် လို့ NLD က ကြေညာလိုက်ပါတယ်။ ဆွေးနွေးဖို့ အတွက် အစိုးရ သို့မဟုတ် ကော်မရှင်က လုပ်ဆောင်ပေးရင် ဧပြီ ၁ မှာ ရွေးကောက်ပွဲ လုပ်နိုင်မှာပါ တဲ့။ (မတ် ၂၆)

အခုတော့ KIA/KIO က ကြေညာချက် ထုတ်ပြီး ထုတ်ပြန်လိုက်ပါတယ်။ (မတ် ၂၈)

ကြေညာချက်
စာ - ၁
စာ - ၂

ကချင်ဒေသမှာ တိုက်ပွဲဖြစ်တာတွေ ရှိပေမယ့် ရွေးကောက်ပွဲမလုပ်ဖို့ ဆိုင်းငံ့ထားတဲ့ ဗန်းမော်၊ မိုးကောင်း၊ ဖားကန့် မဲဆန္ဒနယ်တွေမှာတော့ တိုက်ပွဲတွေ မရှိပါဘူးလို့ ထောက်ပြသူတွေ မနည်းပါဘူး။

အစိုးရတပ်တွေက ရွေးကောက်ပွဲကာလ အဲဒီဒေသတွေမှာ ပေါ်တာဆွဲ စစ်ရေးပိုမိုပြင်ဆင်လှုပ်ရှားတာမျိုး လုပ်မယ် ဆိုရင်
သို့မဟုတ်
KIA က
ရွေးကောက်ပွဲကာလ အဲဒီဒေသတွေကို ၀င်တိုက်မယ် ဆိုရင်
လုံခြုံရေးအခြေအနေ ကောင်းမယ် မဟုတ်ပါ။

ကြေညာချက်တွေ အပြန်အလှန် ထုတ်နေပေမယ့် ကော်မရှင်/အစိုးရက သဘောတူမှ အဲဒီ ၃ မြို့မှာ ရွေးကောက်ပွဲ လုပ်နိုင်မှာပါ။

အစိုးရ သဘောတူဖို့ ဆိုတာလည်း စစ်တပ် နဲ့ KIA ၂ ဘက်လုံး အပစ်ရပ်မယ် ဆိုတာကို အစိုးရက ယုံကြည်မှ ဖြစ်နိုင်ပါမယ်။

ခုချိန်အထိတော့
၂ ဘက်လုံးက အစိုးရစကားကို နားမထောင်သေးပါဘူး။

ကြားဖြတ်ရွေးကောက်ပွဲမှာ မူလက ၄၈ နေရာ သတ်မှတ်ထားပေမယ့် အခုတော့ ၄၅ နေရာပဲ ကျန်ပါတော့တယ်။

အများ စိတ်ဝင်စားနေတဲ့ NLD ရဲ့ အမတ်လောင်းတယောက်ကို ကော်မရှင်က စာရင်းကနေ ပယ်လိုက်ပါတယ်။
(သူကတော့ ဦးစောလှိုင် ဖြစ်ပါတယ်။)

ဒါကြောင့် NLD က ၄၄ နေရာမှာပဲ ပြိုင်ရတော့မှာပါ။

နေရာနည်းသွားပြီ ဆိုတော့ လွှတ်တော်ထဲမှာ NLD ရမယ့် ထိုင်ခုံလည်း နည်းသည်ထက် နည်းနေပြီလို့ ဆိုရမှာဖြစ်ပါတယ်။


5 comments :

  1. Ta Tut said... :

    "ခုချိန်အထိတော့ ၂ ဘက်လုံးက အစိုးရစကားကို နားမထောင်သေးပါဘူး"

    Hey what the hell man. Do KIO need to disarm them self then you can satisfy? Its gov who attacking KIO stupid reporter.

  1. Anonymous said... :

    အပေါ်ကလူလေး ဒါလေးကြည့်ပြီး ဟဲ(လ) လို့ပြောပါလားကွယ်။
    http://www.youtube.com/watch?v=Ryvsnw0Hfsw&feature=related

  1. Anonymous said... :

    Inn. Kachin state is not safety land and like hell. Unhappy palace.

  1. Ta Tut said... :

    Re: Anonymous says: March 29, 2012 12:35 AM Reply
    အပေါ်ကလူလေး ဒါလေးကြည့်ပြီး ဟဲ(လ) လို့ပြောပါလားကွယ်။
    http://www.youtube.com/watch?v=Ryvsnw0Hfsw&feature=related

    What the hell man? Do you know where that was? You don't event know the place right. I though you might show me Jan Mai Post case. The name man. Ba Ma Tatmadaw and Kachin Tatmadaw on Kachinland. Who is defender and who is Foe? Even child can know that. Only you don't.

  1. Anonymous said... :

    What...?? NLD thinks these 3 spots gonna determine their fate? This is a live and death matter...? while Kachins are getting killed, raped, houses,churches burnt down and starving in the jungles.... Do they really think they can reform the situations of the country only from inside so-called LUT DAW?? This is the time they must act if they really wants to reconcile with the ethnics in the country!! because your actions are speaking very much louder than your words.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved