
20.3.2012နေ့တွင် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်သို့ NLD ပါတီ အောင်နိုင်ရေးအတွက် စည်းရုံးရေးခရီးစဉ်အဖြစ် သရုပ်ဆောင်ရဲတိုက်နှင့် အဖွဲ့ သွားရောက်ခဲ့သည်။
21.3.2012နေ့တွင် ပခုက္ကူမြို့တွင် ညအိပ်ရပ်နား၍ နံနက်၈နာရီ၄၅အချိန်တွင် မြစ်ချေ၊ ကမ္မဒေသများသို့ သွားရောက်ခဲ့ပြီး နေ့လည် ၂ နာရီ ၄၅ အချိန်တွင် ပခုက္ကူမြို့သို့ ပြန်လည် ရောက်ရှိခဲ့သည်။


ထိုမှတဖန် ခန်တော်ရပ်ကွက်နှင့် အမှတ်(၁၃)နှင့်(၁၄)နယ်မြေများနှင့် မြို့တွင်းသို့ အင်အားပြ လှည့်လည် စည်းရုံးခဲ့ပြီး ညနေ(၆)နာရီခန့် အချိန်တွင် ခရီးစဉ် အဆုံးသတ်ခဲ့သည်။
၎င်းနောက် စစ်ကိုင်းတိုင်း ဒေသကြီးရှိ ဒေသအချို့သို့ ထပ်မံသွားရောက်မည်ဟု သိရှိရပါသည်။




0 comments :
Post a Comment