ရန်ကုန်တိုင်း သုံးခွမြို့နယ် ပိုက်စည်းရွာနားကို ဝေလငါးတကောင် ရောက်လာပြီး သောင်တင်ခဲ့ပါတယ်။
သူ့ကို ရေထဲ ပြန်ပို့ပေမယ့် မအောင်မြင်ပါဘူး၊ ရေတက်တဲ့အခါ ကုန်းပေါ် ပြန်ရောက်လာတာပါ။
၂ ရက်အကြာမှာ သေဆုံးသွားပါတယ်။
ဝေလငါးကြီးက ပေ ၅၀ နီးပါး ရှည်ပါတယ် တဲ့။
အခုတော့ မြေမြှုပ်လိုက်ပြီ၊
"တစ်နှစ်ခွဲ နှစ်နှစ်အချိန်လောက်ကျမှ ပြန်ဖော်မယ်။ ဦးတို့အနေနဲ့ကတော့ အရိုးစု ရရှိရေး၊ မပျက်စီးရေး အတွက်ကိုဘဲ လုပ်ဆောင်သွားမှာပါ'' လို့ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာန တာဝန်ရှိသူတဦးက ပြောကြားကြောင်း အလဲဗင်း မီဒီယာ အွန်လိုင်းမှာ ရေးသားထားပါတယ်။
(ဓာတ်ပုံများ - အလဲဗင်း မီဒီယာ အွန်လိုင်း - http://news-eleven.com)
အားးးစားချင်တယ်...ဂျပန်မှာ ဆို မစားနိုင် ကိုရီးယားမှာဈေးကြီးးးး
ရွှတ်..ပြောရင် သွားရည် တောင် ကျ လာပြီ....