မြန်မာ တရာကျော် နယ်စပ်မှာ ရှင်ပြု ရဟန်းခံ

Saturday, April 14, 2012

ဓာတ်ပုံများ - ဧရာဝတီ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ဒေသမှာရောက်ရှိနေကြတဲ့ မြန်မာအလုပ်သမားတွေရဲ့ စုပေါင်းရှင်ပြုရဟန်းခံ အလှူတော်ပွဲကို ကြာသပတေးနေ့က မဲဆောက် တောရဘုန်းတော်ကြီးကျောင်းမှာ စတင် ပြုလုပ်ခဲ့ပြီး မြန်မာအလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ စုစုပေါင်း ၁၅၀ ခန့် သာသနာ့ဘောင် ၀င်ရောက်ခဲ့ကြပါတယ်။

ဒီအလှူတော်ကို မဲဆောက်မှာအခြေစိုက်တဲ့ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း PVA နဲ့ ဒေသခံတွေကနေ ကမကထပြု ပြီး စုပေါင်း ကုသိုလ်ပြုခဲ့ကြတာ ဒီနှစ်ပါ ဆိုရင် ၄ ကြိမ်ရှိသွားပြီလို့ တောရကျောင်းရဲ့ဆရာတော်က ဧရာဝတီသတင်းဌာနကို မိန့်ကြားခဲ့ပါတယ်

ဒီနှစ်သင်္ကြန်မှာတော့ ရဟန်း ၇၄ ပါးနဲ့ သာမဏေ ၆၈ ပါးဖြစ်ပါတယ်။

တနယ်တကျေးကို ရောက်နေကြပြီး ဆင်းရဲချို့တဲ့ကြသူတွေအတွက် ဒီအလှူတော်ကို ကျင်းပပြုလုပ်ပေးတာဖြစ်တယ် လို့လည်း ဆရာတော်က ဖြည့် စွက်မိန့်ကြားပါတယ်။




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved