မြောက်ကိုရီးယား ဒုံးပျံ ပင်လယ်တွင်း ပျက်ကျ

Sunday, April 15, 2012


အိမ့်သံစဉ် ရေးသားသည်)

ဓာတ်ပုံ၊ The Nation

ကမ္ဘာပတ်လမ်းတွင်းကို ဂြိုလ်တု လွတ်တင်ရေး အတွက် Unha 3 လို့ အမည်ရတဲ့ ဒုံးပျံ တစင်း မြောက်ကိုရီးယားရဲ့ ကမ်းခြေမြို့လေး တခုကနေ လွှတ်တင်လိုက်တာမှာ မိနစ်ပိုင်းအတွင်းမှာပဲ ပင်လယ်ဝါထဲကို ထိုးကျ ပျက်ဆီးသွား ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန KCNA က ယနေ့ သောကြာနေ့ နံနက်စောစောမှာ ကြေညာသွားခဲ့ပါတယ်။

ကွယ်လွန်သူ မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်အီဆွန်းရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ် အနေနဲ့ အခုလို လွှတ်တင်လိုက်တာလဲဖြစ်ပါတယ်။

ပညာရှင်တွေကတော့ ဘာကြောင့် အခုလို မအောင်မြင်ခဲ့တာကို ဆန်းစစ်နေကြတယ်လို့လည်း KCNA သတင်းဌာနက ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စု၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ တခြားနိုင်ငံတွေကလည်း မြောက်ကိုရီးယားရဲ့ ဒုံးပျံလွှတ်တင်မှုကို မပြတ် စောင့်ကြည့် အကဲခတ်နေကြတာပါ။

မအောင်မြင်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ယနေ့ သောကြာနေ့က ဒုံးပျံ လွှတ်တင်မှုကို အမေရိကန်ပြည်ထောင်စု ကတော့ ကန့်ကွက်ရှုံ့ချလိုက်ပါတယ်။

နိုင်ငံတကာကလည်း မြောက်ကိုရီးယားကို ဒုံးပျံ လွှတ်တင်ခြင်းမပြုရန် တားမြစ်ထားပါတယ်။ မြန်မာဗိုလ်ချုပ်များ မြောက်ကိုရီးယားရဲ့ ဒုံးပျံနည်းပညာကို အားကျနေကြ တာပါ။

မြောက်ကိုရီးယားကတော့ တရုတ်ဆီက တဆင့် နည်းပညာကို ပျိုကညာတွေသုံးပြီး ခိုးယူခဲ့တာလို့လည်း ဝေဖန်မှုတွေရှိနေတာပါ။

တရုတ်ကြီးကလည်း ရုရှားဆီက သူခိုးဈေးနဲ့ နည်းပညာ ၀ယ်ယူခဲ့ပါတယ်။ ဒါပေမယ့် အားလုံးက ဆရာစား တကွက်ဆီ ချန်ရင်းနောက်ဆုံးတော့ မြောက်ကိုရီးယားဆီ ရောက်လာတဲ့ မီးကျိုးမောင်းပျက် နည်းပညာကို မြန်မာဗိုလ်ချုပ်တွေ လိုချင် လို့ မြန်မာပြည်က ဆန်နဲ့ လဲတာကို စဉ်းစားမရပါဘူး။

1 comments :

  1. Anonymous said... :

    ပျက်ကျတာကောင်းပါတယ်။ နို့မို့ရင် အဲဒီ ဒုံးပျံ ၀ယ်ဘို့
    ကျုပ်တို့ဆီက အခွန်ထပ်တိုးကောက်နေဦးမယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved