ပုံပြောင်းလာတဲ့ ထိုင်းသင်္ကြန်

Sunday, April 15, 2012

ဒီနေ့ထုတ် ဘန်ကောက်ပို့စ်မျက်နှာဖုံးက ဂျပန်မင်းသမီး Sora Aoi ရဲ့ သင်္ကြန်ခရီးသွားလုပ်ငန်း မြှင့်တင်နေပုံကို ဖော်ပြထားပါတယ် (ဓာတ်ပုံ - bangkokpost)

ထိုင်းသင်္ကြန်အတွင်း ခရီးသွားလုပ်ငန်းကနေ ဘတ် လေးသန်းခွဲ ရမယ်လို့ ယူဆနေကြပါတယ် တဲ့။

ဒီလုပ်ငန်း မြှင့်တင်ရေးအတွက် Newin ဆိုတဲ့ ထင်ရှားတဲ့နိုင်ငံရေးသမား တယောက်ကဆိုရင် ကာလသားကြိုက် ဂျပန်မင်းသမီး Sora Aoi ကို သင်္ကြန်အတွက် ဖိတ်ခေါ်/စင်ပေါ်ပို့ခဲ့ပါသေးတယ်။

ဂျပန်မင်းသမီးကို စင်ပေါ်တင်တဲ့အတွက် ဝေဖန်ခံနေရပြီ။

ထိုင်းသင်္ကြန်က စီးပွားရေးဆန်လာပြီ။ ထိုင်းပုံစံပွဲတော်လို့ပြောနိုင်တာက တန်ဆောင်တိုင်ပဲ ကျန်တော့တယ်။ ကိုယ့်အတွက် အရေးကြီးတဲ့နေ့ကို ဘယ်လို အဓိပ္ပာယ်ရှိရှိ၊ လေးလေးစားစား ကျင်းပရမယ် ဆိုတာကို မသိတော့ဘူး လို့ ဆိုသူလည်း ရှိပါတယ်။

မြန်မာ၊ လော၊ ကမ္ဘောဒီးယား၊ ယူနန်ပြည်နယ် (တရုတ်)၊ ဗီယက်နမ်ရဲ့ ဒေသတချို့ စတဲ့ နေရာတွေမှာလည်း ထိုင်းလိုပဲ ရေသဘင်ပွဲ လုပ်ကြတယ် လို့ တယောက်က ထောက်ပြပြီး အားလုံးထဲမှာ အကြီးအကျယ် ပြောင်းလဲနေတာကတော့ ထိုင်းသင်္ကြန်ပါပဲ လို့ ဆိုပါတယ်။

ထိုင်းသင်္ကြန်ဟာ ပိုက်ဆံရှာတဲ့၊ လူလယ်ခေါင်မှာ ချွတ်ဖော်တဲ့၊ ယာဉ်တိုက်မှုတွေဖြစ်တဲ့ ပွဲတော် ဖြစ်နေပြီ လို့ ဝေဖန်သူလည်း မနည်းပါဘူး။

သင်္ကြန်ဟာ နည်းမျိုးစုံနဲ့ ပေါက်ကရလုပ်ဖို့ အခွင့်အရေးကြီးတခုဖြစ်လာတာကြောင့် သင်္ကြန်ရဲ့ ရိုးရာ၊ အဓိပ္ပာယ်တွေ မြောင်းထဲရောက်ကုန်ပါပြီ လို့ ညည်းတွားနေကြပါတယ်။

1 comments :

  1. Hikari said... :

    Sora Aoi is a well-known Japanese AV actress. Her porn videos are quite popular.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved