ကမ္ဘာ့အလှဆုံး အမျိုးသမီး

Friday, April 27, 2012

အိမ့်သံစဉ် ရေးသားသည်)

လူတွေဟာ ကိုယ်ပိုင်ဆိုင်တဲ့ အရာတွေအပေါ်မှာ ဂုဏ်ယူတတ်ကြတာ ဓမ္မတာပါ။ အလွန်လှပသူတွေက သူ့အလှအပေါ် ဂုဏ်အယူဆုံးလည်း ဖြစ်တတ်ပါတယ်။

ဒါပေမယ့် ကမ္ဘာ့အလှဆုံး အမျိုးသမီးလို့ အမေရိကန်အခြေစိုက် People မဂ္ဂဇင်းက ဆိုထားတဲ့ ဂရမ်မီ ၁၆ ကြိမ် ဆုရှင် အသက် ၃၀ အရွယ် အဆိုတော် ဘီယွန်းဆေးကတော့ သူ့ရဲ့ ဂုဏ်အယူဆုံး အရာဟာ မိခင်ဘ၀ပါဘဲ တဲ့။

အခုတော့ ပုခက်လွှဲသော လက်ပိုင်ရှင် ဘီယွန်းဆေးက ကမ္ဘာကြီးကို တကယ်ကိုင်လှုပ်နေတာကတော့ သူ့ အနုပညာနဲ့ ဖျော်ဖြေမှုက တကယ့် အံ့ဖွယ် ခွန်အားကြီး တရပ်အဖြစ်နဲ့ပါ။

အသက် ၄၂ နှစ်ရှိပြီးဖြစ်တဲ့ နံမည်ကြီး ရက်ပါ အဆိုတော် ဂျေဇက် ( Jay-Z) နဲ့ ၄ နှစ်တာ ပေါင်းသင်းလာရင်း လွန်ခဲ့တဲ့ ဇန်န၀ါရီလ ၇ ရက်နေ့က ဘီယွန်းဆေးဟာ နယူးယောက်မြို့မှာ သမီး ရတနာလေးကို မွေးဖွားခဲ့ပါတယ်။

“သူက အလှဆုံးအရာလေးပါဘဲ”လို့ ဘီယွန်းဆေးက The People မဂ္ဂဇင်းကို မကြာသေးခင်က ပြောခဲ့တာပါ။

“သမီးတယောက်ပိုင်ဆိုင်တယ်ဆိုတဲ့ အကောင်းဆုံး အရာကတော့ တကယ့်အမွေစစ်ပါပဲ” လို့ သူက ဆိုပါတယ်။
ဘီယွန်ဆေးက ဆက်ပြောတာက “ချစ်ခြင်း မေတ္တာဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်က အခုတော့ တကယ့်ကို တမူထူးကဲနေတယ်” တဲ့။

အဲဒီ့နေ့က ဘီယွန်းဆေးနဲ့ အထူး အင်တာဗျူးတဲ့ The People မဂ္ဂဇင်းနဲ့ အထူး အင်တာဗျူးမှာ သူ့အလှရဲ့ လျို့ဝှက်ချက် တွေကိုလည်း သူက ဖောက်သည်ချသွားခဲ့ပါသေးတယ်တဲ့။

ကမ္ဘာပေါ်မှာ ဖျော်ဖြေရေးနဲ့ ပါတ်သက်ရင် ခွန်အားကြီး တရပ်လို့ ပြောကြတဲ့ ဘီယွန်းဆေးက မိခင်ဘ၀ကိုမြတ်မြတ်နိုးနိုးနဲ့ သမီးလေးရဲ့ ဝေရာဝစ္စတွေကို ကြေကြေနပ်နပ်ကြီးလုပ်ရင်း မေတ္တာ ဆိုတဲ့ သဘောကို ကောင်းကောင်းနားလည်ခံစား နေ ပါတယ်။


beyonce songs
beyonce video
beyonce song
byonce
beyonce love
beyonce me myself and i
beyonce dangerously in love

beyonce check on it
beyonce me myself
beyonce naughty

check on it lyrics

beyonce irreplaceable
beyonce experience dvd

beyonce experience
crazy in love beyonce

beyonce videos
beyonce photo
da club beyonce
beyonce surgery

beyonce lyric
beyonce sister
beyonce wallpapers
beyonce kelly rowland
naughty girl beyonce
beyonce hair

7 comments :

  1. Anonymous said... :

    မြန်မာမင်းသမီးတွေနဲ့ကွာပကွာ..

  1. Anonymous said... :

    မယုံဘူး။မယုံဘူး။ သူတိုဆီက ပြောတဲ့ မေတာ အကြောင်းတွေ

  1. Anonymous said... :

    မယုံဘူး။မယုံဘူး။ သူတိုဆီက ပြောတဲ့ မေတာ အကြောင်းတွေ

  1. မဟာသရေစည်သူ ရက်ပါ said... :

    ဂျေဇက် မဟုတ်ပါ။ ဂျေဇီး ဖြစ်ပါတယ်။

  1. Anonymous said... :

    ဘယ်လိုကြည့်ကြည့် မလှတဲ့သူကိုများ...

  1. Anonymous said... :

    ဘယ်လိုမှရင်ခုန်လို့မရဘူး

  1. Anonymous said... :

    မဆိုးပါဘူးကြည့်​လို့​တော့ရပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved