၈၈ နာမည် သုံးပြီး တောင်ငူမှာ အလှူခံ လိမ်ညာ

Friday, April 20, 2012

လင်းသန့် ရေးသားသည်)

တောင်ငူမြို့နယ်ရှိ ကျေးရွာများ၏ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ဟု ဆိုကာ
၈၈ မျိုးဆက်ကျောင်းသားများ အမည်နှင့် အဖွဲ့ အစည်းကို အသုံးချကာ တောင်ငူမြို့ရှိ ဆရာတော် ဦးဥာဏိဿ လင်္ကာရထံမှ လွန်ခဲ့သည့် မတ်လကုန်ပိုင်းက ငွေကျပ် ၉ သိန်းအား လိမ်လည်မှု တခု ဖြစ်ခဲ့သည်။

ဆရာတော်က တိုင်ကြားပြီးနောက် လိမ်လည်သူများကို ရန်ကုန်တွင် ဖမ်းဆီးရမိကြောင်း၊ တောင်ငူ ရဲစခန်း သို့ လွှဲပြောင်းလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

လိမ်လည်သူ တဦး၏ အမည်မှာ မင်းသွေးလူ ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့သည် အုပ်စုဖွဲ့၍ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ လူယုံသဖွယ် ဟန်ဆောင်ကာ လိမ်လည်ခဲ့ခြင်းဟု သိရသည်။

နောက်နောင် ၈၈ မျိုးဆက်ကျောင်းသားများ တံဆိပ် နှင့် အဖွဲ့အစည်းကို အသုံးချကာ ပြည်တွင်း၊ ပြည်ပတို့မှ အလှူခံခြင်းများ လုပ်လာပါက ရန်ကုန်ရှိ ၈၈ ရုံးခန်း ဖုန်းနံပါတ် ၀၁ ၅၇၇ ၆၅၆ သို့ ဆက်သွယ် စုံစမ်းပါရန်
၈၈ မျိုးဆက်ကျောင်းသား များ အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံတဦးက ပြောကြားသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved