အဘယရဲ့ Facebook မှာတော့ အခုလို ရေးထားပါတယ် -
ဥပဒေ၏ အထက်တွင် ( ဒီလိုကားပိုင်ရှင်တွေရှိသည် ) ။
.ည.န နံပါတ်ပြားလည်းမဟုတ် ။
ဖတ်ရလွယ်ပြီးမြင်သာသော အရွယ်ရှိသော စာလုံး နံပါတ်ပြားလည်းမဟုတ် ။
စာလုံးအရောင်ကလည်း အဖြူမဟုတ် ။
ဒီကားမျိုးတွေကို အရေးမယူပဲ ( ရန်ကုန်မြို့ ) လမ်းတွေပေါ်မှာ ပေါ်ပေါ်ထင်ထင် သွားလာ မောင်းနှင်ခွင့်ပေးထားတာဟာ ..............
ဒီလိုကားပိုင်ရှင်တွေဟာ တရားဥပဒေ အထက်ကလူတွေဖြစ်ရမယ် ။
မှတ်ချက် ။ ။ ယခုအချိန်အထိ မြန်မာပြည်တွင် တရားဥပဒေ စိုးမိုးမှု မရှိသေးတာကို ပြဆိုပါတယ် ။
အထင်မလွဲကြပါနဲ့ဗျာ
အဲဒါ ကျွန်တော်သွင်းလာတဲ့ ကားတွေထဲက တစ် စီးပါ
အသေအချာမှတ်ပုံမတင်ရသေးခင် အသစ်မှန်းသိအောင် ဓာတ်ပုံရိုက်ထားပြီး ကြော်ညာထားတုန်းကပုံပါ
ကျွန်တော်က ဥပဒေအထက်မှာမရှိပါဘူး
ဒါလေးတောင် မနည်းလွတ်အောင်လုပ်နေရတာပါ