မြန်မာပြည် အတိတ်၊ ပစ္စုပ္ပာန် နဲ့ အနာဂတ်

Thursday, April 26, 2012

~


မကြာသေးခင်နှစ်များအတွင်း ပြုလုပ်ခဲ့တဲ့ Payap တက္ကသိုလ် သင်္ကြန်ပွဲ မြင်ကွင်းတခု (ဓာတ်ပုံ - သားကြီး)

Myanmar - Yesterday, Today and Tomorrow ဆိုတဲ့ မြန်မာပြည်အကြောင်း ဟောပြောပွဲတခုကို မနက်ဖြန် (ဧပြီ ၂၇ သောကြာနေ့) ညနေပိုင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Payap တက္ကသိုလ်မှာ ပြုလုပ်ပါမယ်။

တက္ကသိုလ် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားချက်အရ ဆိုရင် အစီအစဉ်က ဟောဒီလိုပါ -

Aung Naing Oo, Vahu Development Institute, will present on "Yesterday"
Khin Ohmar, Burma Partnership, will present on "Today"
Aung Zaw, Irrawaddy Magazine , will present on "Tomorrow"
Moderator: Dr. Thein Swe (economist), Payap University

ညနေ ၅း၀၀ မှ ၇း၀၀ အထိ
Room 317, Pentecost Building, Mae Khao Campus
အင်္ဂလိပ်ဘာသာနဲ့ ပြောဆို သုံးသပ်ကြမယ်လို့ သိရပါတယ်။

Payap တက္ကသိုလ်ဟာ နိုင်ငံစုံကကျောင်းသူကျောင်းသားတွေ တက်ရောက်နေတဲ့ကျောင်း ဖြစ်ပါတယ်။

~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved