ဖူးခက်မှာ မြန်မာတွေ ဆန္ဒပြမယ်

Sunday, April 1, 2012


ဖူးခက်တွင် ကုန်ပစ္စည်းမျိုးစုံ ရောင်းချသော(Super cheap ) စူပါချိအမည်ရှိ ဧရာမစူပါမတ်ကက်ကြီးတွင် မြန်မာအလုပ်သမား ဝန်ထမ်းစုစုပေါင်း ၂၄၀၀ ကျော်ရှိပါသည်။

(Super cheap ) စူပါချိအမည်ဖြင့် မီနီမတ်ကက် ဆိုင်ခွဲပေါင်း ငါးဆယ်ကျော်ခန့်လည်း ဖူးခက်တွင် ရှိပါသည်။
အဆိုပါ စူပါချိမှ မြန်မာအလုပ်သမားများအနေဖြင့် ...
၁။ ထိုင်းအလုပ်သမားဥပဒေတွင် ဖော်ပြထားသည့် ဆေးဝါးကုသမှု အာမခံချက်မရှိခြင်း
၂။ အလုပ်သမားတဦးချင်းအနေဖြင့် မိမိတို့ လုပ်စာလစာ မည်မျှရသည်၊ မည်မျှ ဖြတ်တောက်သည်၊ မည်သည့်အတွက်ကြောင့် ဖြတ်တောက်သည်ကို သိရှိခွင့်မရပဲ ထိုင်းလူမျိုးအလုပ်သမားကြီးကြပ်သူများ ပေးသလောက်သာ လက်ခံရခြင်း။ မေးမြန်းစုံစမ်းခွင့်မရှိခြင်း ။
၃။ မေးမြန်းမိသော အလုပ်သမား ခုနှစ်ဦးမှာ ထိုင်းလူမျိုးကြီးကြပ်ရေးမှူးများ၏ ထိုးကြိတ်မှုခံရသည့်အပြင် အလုပ်ပါ ထုတ်ပယ်ခံရခြင်း။
၎။ အလုပ်လုပ်ခွင့်လက်မှတ် ၊ ပတ်စပို့၊ work permit စသည်တို့ကို မိမိတို့ အစီအစဉ်ဖြင့် ပြုလုပ်ပြီးပါလျက် လုပ်ခမှ ထပ်မံဖြတ်တောက်ခြင်း၊
၅။ လူမျိုးရေးခွဲခြားဆက်ဆံခြင်း

စသည့် မကျေနပ်ချက်များကြောင့် ၂၀၁၂ ခုနှစ် ဧပြီလ နံနက် (၀၅း၀၀)နာရီတွင် လုပ်ငန်းခွင်သို့ မဝင်ကြပဲ မိမိတို့မကျေနပ်ချက်များကို ဖော်ထုတ်ဆန္ဒပြကြမည် ဖြစ်ကြောင်း သိရှိရပါသည် ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved