ဒေါ်စုကို အိန္ဒိယလူမှုအဖွဲ့က ငြိမ်းချမ်းရေးဆုပေး

Monday, April 2, 2012



အိန္ဒိယနိုင်ငံ ပူနေးမြို့အခြေစိုက် ဆာဟတ် လူမှုအဖွဲ့က အဖွဲ့ရဲ့ ပထမဆုံး “ဘဂ်ဂ၀ါ မဟာဗီးရ်” ကမ္ဘာ့ငြိမ်းချမ်းရေးဆုကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးမယ်လို့ ဒီနေ့ ကြေငြာလိုက်ပါတယ်။

တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် အကြမ်းမဖက်လမ်းစဉ်နဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ရတာလို့ အဖွဲ့ဥက္ကဌက ဧရာဝတီကို ပြောပြပါတယ်။

ဆုတံဆိပ်နဲ့ ဆုငွေ ရူပီး ၁၁ သိန်း (USD - ၂၁၅၇၇ ခန့်) ကို လာမယ့် ဂျူလိုင်လအတွင်းမှာ အခမ်းအနားနဲ့ ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဆာဟတ်အဖွဲ့ဟာ အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားပြည်နယ်နဲ့ ပန်ဂျပ်ပြည်နယ်တွေမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးတွေ လုပ်နေတဲ့ အဖွဲ့ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ နီပေါ၊ အီရတ်နဲ့ တူရကီ နိုင်ငံတွေမှာလည်း ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပူးပေါင်းလုပ်ကိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved