(၁)
၂၀၁၀......။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်...။
ရွေးကောက်ပွဲအပြီး.....။
ထိုရွေးကောက်ပွဲ အပြီး ရလဒ်များမှာ ကြံ့ ဖွံ့ ပါတီအနိုင်ရလာ ကာ ဦးသိန်းစိန်အစိုးရတက်လာခြင်း၊ထို့ နောက် ကုန်းလမ်း ပို့ ဆောင်ရေး လုပ်ငန်းတစ်ခုဖြစ်သော မြန်မာ့ မီးရထားလုပ်ငန်း
၏ လက်မှတ်ဈေးနှုန်းများ အဆမတန်တက်လာခြင်း တို့ ပင်ဖြစ်သည်။..............
(၂)
၂ဝ၁ဝ-၂၀၁၁ ပညာ သင်နှစ်တွင်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ကြီးကိုအောင် လာခဲ့ သော ကျွန်ုပ်……။၂၀၁၁ဒီဇင်ဘာ……။ကျောင်းပိတ် သည်မှာ ရှစ်လပင်ပြည့် လေပြီ….။ တက္ကသိုလ်ကျောင်းများတက်ရန်ပြင်ဆင်ရပေတော့ မည်။ နိုဝင်ဘာလကုန်ပိုင်းလောက်တွင်….အိမ်သို့ ခေါ်စာတစ်စောင်….သတင်းအတတ်ပညာကျောင်းမှ
…ခေါ်စာရောက်လာသည်…ဝင်ခွင့် ခေါ်စာ….။ကျွန်တော်ပျော်သွားသည်….။ကျွန်တော် ဝါသနာပါသော…journalism ဘာသာရပ်ကို သင်ကြားခွင့် ရတော့ မည်မဟုတ်ပါလော ။
လိုရင်းကိုပြောကြမည်ဆိုပါစို့  ကျွန်တော်သတင်းအတတ်ပညာ(ရန်ကုန်)ကိုတတ် ရောက်နေခဲ့ သည်။ပထမ နှစ်
ကျောင်းသားအသစ်ကျပ်ချွတ်ဖြစ်သောကျွန်ုပ်သည် အိမ်လွမ်းသူပီပီ….ကျောင်းတက်ရက်ငါးရက်ပြည့် သည်နှင့် တပြိုင်နက် ကျွန်ုပ်မိဘဆွေမျိုးများရှိရာ….ဒိုက်ဦး
မြို့ လေးသို ပြန်သည်။ အိမ်ပြန်သည်။…ရထား…။မြန်မာ့ မီးရထားရယ်နဲ့ ပါ…………….။
(၃)
ကျွန်ုပ်တို ကျောင်းသူကျောင်းသားများသည်မိဘပေးသောတစ်ပတ်စာ ပိုက်ဆံနှင့်  လုံလောက်ချွေတာစွာ သုံးစွဲကြရစမြဲ……။ငွေပိုငွေလျှံ ရှိသည့် အခါ များ ရှားပါးလှသည်။တစ်နေ့  …တစ်ချိန်… ကျောင်းတတ်ရက်ပြည့် ၍အိမ် သို့  ပြန်မည်ဟုစီစဉ်သည်။ ရန်ကုန်မြို တော်ဘူတာကြီးသို့  ………..
ကျွန်ုပ်ရောက်သွားသည်ရထားထွက်ရန် မိနစ်ခြောက်ဆယ်အလို…..။လတ်မှတ်ပေါက်တွင်လူများကျိတ်ကျိတ်တိုး နေသည်။ရှေ့ မှလူများ ကလက်မှတ်ဝယ်ပြီး ပြန်ထွက်လာသည်။သို့ သော် သူတို့ ၏မျက်နှာ တွင်ကား တစ်စုံတစ်ရာမကျေနပ်မှုများက အထင်းသားပေါ် နေသည်။တစ်ယောက်ပြီးတစ်ယောက်….နောက်….။ကျွန်ုပ်အလှည့် …မရောက်သေးပါ..။
ကျွန်ုပ်ရှေ့မှလူ တစ်ယောက်….။လတ်မှတ်ဝန်ထမ်းက
“ဘယ်သွားမလဲ…”
“xxxx ကိုသွားမလို့ ..လတ်မှတ်တစ်စောင်လောက်.ဘယ်လောက်လဲ”
“လတ်မှတ်ဖိုးက.. k လဖ္ဘက်ရည်ဖိုးလေးကတော့  ၂၀၀၊၃၀၀ လောက်ထည့် ပေးပေါ့ ”
ဘုရားရေ….။ “လဖ္ဘက်ရည်ဖိုး” တဲ့ ….။
ကျွန်တော်လှုပ်ရှားသွားသည်။လက်ထဲတွင်ရထားလက်မှတ်ဖိုးသာ ကျန်တော့ သည်။ကျောင်းသားကဒ်ကိုတစ်လှည့်  ပိုက်ဆံကကိုတစ်လှည့် ။ ထိုသို့ ..ထိုသို့ကျွန်ုပ်အလှည့် ရောက်လာသည်…..။သို့ သော် လူတစ်ယောက်သည်လက်မှတ်တန်းစီသူများကိုကျော်တက်၍ လက်မှတ်အရောင်းဌာနဆီသို့  အပြေးအလွှားဝင်လာသည်..။ကျွန်တော်လက်မှတ်မ မှာမီသူက အရင် လက်မှတ်အရောင်းဝန်ထမ်းကိုပြော သည်။
“ ဒိုက်ဦးကိုလတ်မှတ်တစ်စောင်…..”
ကျွန်တော်လည်းကြားထဲမှဖြတ်ပြောလိုက်သည်….။ အဘယ့် ကြောင့် ဆိုသော် ဒိုကဦးခုံကတစ်ခုံတည်းသာကျန်တော့ ၏..။
“ကျွန်တော့် ကိုလည်း ဒိုက်ဦးတစ်စောင်….”
“ ညီလေးလက်မှတ်ဖိုးကတစ်ထောင်…..လဖ္ဘက်ရည်ဖိုးက ၂၀၀၊၃၀၀ လောက်တော့ ထည့် ပေး”
သည် ငနဲ ရဲတင်းလှသည်…ဗြောင်ပင်တောင်းသည်….။
ကျွန်ုပ်ဘေးမှတစ်ယောက်က လက်မှတ်ကို ၁၃၀၀ ပေးပြီးဝယ်သွားသည်…။ကျွန်ုပ်ကမူ ခုံမဲ့ …….။ ကောင်းလေစွ ပျော်စရာကောင်းသည့် လေလံပွဲကြီး….
ရထားလတ်မှတ်များလေလံရောင်းစားပေးနေသည်…..
(၄)
ထိုသို့ ရထားလက်မှတ်အရောင်းဌာနများ တွင်ပျော်ရွှင်စွာ…လာဘ်ပေးလာဘ်ယူမှုများ ကျူးလွန်နေကြသည်ကို မည်သူများကမည်သည့် မျက်လုံး မည်သည့် ဦးနှောက် နှင့် ကြည့် ရှု စစ်ဆေး နေပါသနည်း။ လက်မှတ်အရောင်းဌာန ၏ အပေါ်စီး တွင် “လက်မှတ်မှောင်ခိုရောင်းသူများအား ဖမ်းဆီးပေးပါက..ဆုတော်ငွေ တစ်သိန်း” ဟုသောစာတန်း ကြီးက တရားဥပဒေစိုးမိုးရေးကို ဂုဏ်တက်စေပါသည်။သို့ သော် လက်မှတ်မှောင်ခိုများကို ရောင်းနေကြသူများသည်…..???
သူတို့ ကိုယ်တိုင် ဖြစ်နေကြသည်မှာ…ရယ်ရွှင်ဖွယ်ကောင်းလှသည်.။ ကိုယ့် ပေါင်ကိုကိုယ်လှန်ထောင်းသည်..။ကိုယ့် ပေါင်ကိုကိုယ်လှန်ထောင်း ပြီး မင်းသားခေါင်းဆောင်းထားသော…..ပိုက်ဆံစား ဘီလူများ..ပင်ဖြစ်ပေတော့ သတည်း….။
ဝီရ (ဒိုက်ဦး)
0 comments :
Post a Comment