ညောင်ထောက်

Monday, April 16, 2012



ခွပါတဲ့၊ ဖြောင့်တဲ့ သစ်ကိုင်းတွေပါ။ အခေါက်ခွာထားတဲ့အတွက် ဖွေးနေပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရိုးဘေးမှာ သင်္ကြန်အကြိုနေ့ကတည်းက နေ့တိုင်း ရောင်းနေတာပါ။ ၀ယ်တဲ့သူ အင်မတန်များပါတယ်။

နှစ်သစ်ကူးကာလမှာ ဒါတွေနဲ့ ညောင်ထောက်ကြတာပါ။ ညောင်ပင်ကြီးတွေမှာ ဒီသစ်ကိုင်းတွေထောက်ပြီး ဆုတောင်းကြတယ် လို့ ဆိုပါတယ်။

မျက်နှာဖုံးရောင်းတဲ့သူကလည်း ညောင်ထောက် ၃ ခု ၀ယ်ထားပါတယ်။

သင်္ကြန်ကာလ ဆက်ဒမ်ဟူစိန်၊ ဘင်လာဒင်၊ စပိုင်ဒါမင်း မျက်နှာဖုံးတွေနဲ့ ပျော်လိုသူများ သူ့ဆီက အားပေးကြပါတယ်။

သင်္ကြန်အင်္ကျီလို့ ခေါ်ကြတဲ့ အရောင်စုံစုံ၊ အပွင့်ပါတဲ့ ရှပ်လက်တိုတွေ ရောင်းတဲ့ဆိုင်။

ချင်းမိုင်တံခါး လို့ ခေါ်တဲ့ နေရာမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေပါ။

ဒီနေ့ ဧပြီ ၁၆၊ တနင်္လာနေ့ဟာ မြန်မာပြည်မှာ သင်္ကြန်အတက်နေ့ ဖြစ်ပါတယ်။

ထိုင်းမှာတော့ တနင်္ဂနွေနေ့ကတည်းက သင်္ကြန် ပြီးဆုံးသွားပါပြီ။



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved