ဘန်ကီမွန်း မူဝါဒ ပြောင်းပြီ

Monday, April 30, 2012

ဒီမနက် အောက်လွှတ်တော်မှာ တွေ့ရတဲ့ မစ္စတာ ဘန်ကီမွန်း (ဓာတ်ပုံ - AP)

နေပြည်တော်ရောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်း ဒီမနက် လွှတ်တော်မှာ မိန့်ခွန်းပြောပါတယ်။
သူ့မိန့်ခွန်းကို ပြည်တွင်း ပြည်ပ ရုပ်မြင်သံကြားဌာနတွေက တိုက်ရိုက်ထုတ်လွှင့်ကြပါတယ်။

ခါတိုင်းတော့ မြန်မာပြည်အကြောင်း ပြောရင် ဘန်ကီမွန်းက စိုးရိမ်တယ်၊ အရမ်း အရမ်း စိုးရိမ်တယ်၊ အင်မတန် စိုးရိမ်မိတယ် စသဖြင့် ပြောလေ့ ရှိပါတယ်။
အခုတော့ သူက မူဝါဒ ပြောင်းလိုက်ပါပြီ။
သူ့မိန့်ခွန်းအရ ယနေ့ မြန်မာပြည်ဟာ ကချင်ဒေသ တိုက်ပွဲအခြေအနေများမှတပါး စိုးရိမ်ဖွယ် မရှိတော့သလိုပါပဲ။
မြန်မာပြည်ကြီးဟာ အပြောင်းအလဲတွေ တရှိန်ထိုး ဖြစ်ပေါ်နေပါတယ် တဲ့။
ပညာရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးရေးအတွက် ကူညီမှုတွေ ၀င်ဖို့ လိုတယ်၊ နိုင်ငံတကာ ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့လိုမယ် လို့ ဆိုပါတယ်။

ဒါဟာ နေပြည်တော်က လွှတ်တော်မှာ ပြင်ပ ပုဂ္ဂိုလ်တဦး၊ နိုင်ငံခြားသားတဦး ပထမဆုံးအကြိမ် မိန့်ခွန်းပြောခွင့်ရခြင်း ဖြစ်ပါတယ်။

3 comments :

  1. သူရ said... :

    လွတ်တော်မှ အမတ်မင်းများ သူပြောသောမိန်းခွန်းကို နားမလည်းမှာ အထူးစိုးရိမ်းမိပါသည်။(အင်္ဂလိပ်လိုပြော မှာဖြစ်လို့)

  1. Anonymous said... :

    သူပြောတဲ့မိန့်ခွန်းကိုနားလည်တာ လူ၁၀ယောက်မပြည့်ဘူး.
    ဗမာတစ်ပြည်လုံးဆို လူ၂၀၀၀၀ နှစ်သောင်းမပြည့်ဘူး.
    အဲဒါ နအဖရဲ့ပညာရေးစနစ်ကောင်းလို့ပဲ..
    မယုံရင် ရန်ကုန်မြို့လယ်မှာ စစ်တန်းကောက်ကြည့်
    ပါဆန့်နစ် နဲ့မြှောက်ကြည့်..သိလိမ့်မယ်..

  1. Anonymous said... :

    နားမလည်တာများ အဆန်းလုပ်လို့
    မြန်မာလိုတင်ပြ ဆွေးနွေးနေတာတောင်
    သိပ်ကောင်းကောင်း နားလည်တာမဟုတ်ဘူး
    ကျေးဇူးတင်ပါတယ် Thank You
    ပြောပြီးတာနဲ့ လက်ခုပ်တီးပေးလိုက် ပြီးတာပဲ
    သိချင်ရင်နောက်နေ့ ဂျာနယ်ဝယ်ဖတ်လိုက်
    ထူးထူးထွေထွေ ကိစ္စမှတ်လို့
    (ခေါင်းပေါင်းတထောင်ထောင်နဲ့
    ရောယောင်နေသူများ)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved