ဂျိုလီ နဲ့ ဘရက်ပစ်တို့ စေ့စပ်ပြီ

Sunday, April 15, 2012

(ဓာတ်ပုံများ - Reuters)

ဂျိုလီတို့ စေ့စပ်ကြောင်းလမ်းပြီ ဆိုတော့ အံ့သြကောင်း အံ့သြကြလိမ့်မယ်၊ သူတို့နှစ်ယောက်က လင်မယားမဟုတ်ဘူးလားပေါ့လေ။

လင်မယား လို့ ဆိုနိုင်သလို လင်မယား မဟုတ်ဘူးလို့လည်း ပြောနိုင်ပါတယ်။

အမြဲတွဲနေတယ်ဆိုတော့ အများအမြင်မှာ လင်မယား ဆိုနိုင်ပြီပေါ့။

ဥပဒေအရ ဆိုရင်တော့ လင်မယား မဟုတ်သေးပါဘူး။ တရားဝင်လက်မထပ်ရသေးဘူး မဟုတ်လား။

ရှုပ်နေတာပဲလို့ မဆိုလိုက်ပါနဲ့လေ - လူဆိုတာမျိုးက အရှုပ်တွေ အပိုအလုပ်တွေ အများဆုံး သတ္တ၀ါ ဖြစ်တယ်၊ ဒီ ၂ ယောက်က ထင်ရှားကျော်ကြားသူတွေလည်းဖြစ်၊ နေတာကလည်း စာချုပ်စာတမ်းခေတ်စားတဲ့နိုင်ငံ ဖြစ်တဲ့အတွက် ပိုရှုပ်ပြီပေါ့။

သူတို့နှစ်ယောက် စေ့စပ်ကြောင်းလမ်းပြီ ဆိုတာကို ဘရက်ပစ်ရဲ့ မန်နေဂျာက သောကြာနေ့မှာ အတည်ပြုပါတယ်။

အင်ဂျလီနာဂျိုလီ စိန်လက်စွပ် ၀တ်ထားပြီ တဲ့။

ဂျိုလီအတွက် လက်စွပ်လုပ်ပေးတဲ့ ပန်းတိမ်ဆရာက လက်စွပ်ဒီဇိုင်းအတွက် ဘရက်ပစ် နဲ့ တနှစ်ကြာအောင် အချိန်ပေး ညှိနှိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။

ဘရက်ပစ်၊ အင်ဂျလီနာဂျိုလီ


မွေးစားသားသမီးများနဲ့အတူ

1 comments :

  1. အေတူကန် said... :

    ပိန်ဂျယ်လီနာဂျိုလီရေ... နည်းနည်းပြည့်လာအောင်လုပ်ဦးဟ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved