"ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များ သမ္မတအိမ်တော်မြက်ခင်းပြင်ရှိ မဟာသင်္ကြန်ရေကစားမဏ္ဍပ်၌ ယိမ်းအဖွဲ့ဝင်များနှင့် အနုပညာရှင်များက ခါသင်္ကြန်တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေး"ကြတယ် လို့ သတင်းစာက ဆိုပါတယ်။
ဒုသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦး
ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း
ဖေ့စ်ဘုတ်သုံးသူတဦးကလည်း ဦးသိန်းစိန်တို့ရေကစားပုံကို သူ့စာမျက်နှာမှာ တင်ပြီး
ဟောသလို မှတ်ချက်ပြုလိုက်ပါသေးတယ်-အသက်၇၀ အရွယ် ဦးသိန်းစိန် နဲ့ ဇနီးဒေါ်ခင်ခင်ဝင်းတို့ လဲ ဘုန်းကြီးကျောင်းမသွားနိုင်ပါ။ ပါတိတ်အကျီင်္ဝတ်ပြီး သူလဲ ရေကစား နေပြီ။
ဒေါ်အောင်ဆန်းစုကြည် ရေကစားနေတဲ့ပုံတွေကို အလွဲသုံးစားနဲ့ ခုတုံးလုပ်ဝါဒဖြန့် နေတဲ့ လူတွေထဲမှာ စိတ်မကောင်းစရာက စစ်ဗိုလ်တွေ ကိုယ်တိုင်ပါနေတာပါဘဲ။
သူတို့ ဆင်ခြင်နိုင်အောင် ဒေါ်အောင်ဆန်းစုကြည်လိုရေပက်နေစဉ် မြန်မာ ၀တ်စုံပင် ၀တ်မထားတဲ့ ပါတိတ်အင်္ကျီနဲ့  သမတကြီး ယိမ်းသမအမျိုးသမီး ကိုရွေးပြီး ပျော်ရွှင်စွာရေကစား နေတဲ့ ပုံလေး မြန်မာ့အလင်းသတင်းစာက ကောက်နုတ်တင်ပြလိုက်ပါတယ်။
အခုလို မင်္ဂလာရှိလှတဲ့ နှစ်သစ်မှာ သူတစ်ပါးကို အပုပ်ချ တိုက်ခတ် အကုသိုလ်စိတ်တွေ ဖေ့စ်ဘုတ်ပေါ်က နေ တဖွားဖွားပွားများနေမယ့်အစား အတွေးအခေါ်ဟောင်းတွေ ပယ်ခဲ့ပြီး မိမိအသိဥာဏ်များ နှစ်သစ်နဲ့ အတူရင့်ကျက်လာကြပါစေ။


0 comments :
Post a Comment