ကျန်ရှိ နိုင်ငံရေးအကျဉ်းသား လွတ်ရေး ၈၈ တို့ ဆုတောင်း

Tuesday, April 17, 2012

အိမ့်သံစဉ် ရေးသားသည်)


မြန်မာ နှစ်ဆန်း တစ်ရက်နေ့မှာ ၈၈ မျိုးဆက်ကျောင်းသားများက ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းမှု့တွေကို ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ-၈၈မျိုးဆက် facebook


“နှစ်သစ်မှာ လူအားလုံးပျော်ရွှင်နေကြပေမယ့် ကျွန်တော်တို့ရဲ့ ရဲဘော်အချို့ ထောင်ထဲကနေပဲ ဒီပျော်ရွှင်မှုကို
ငေးမောရုံပဲ ငေးမောနိုင်ကြသေးပါတယ်။ မလွတ်မြောက်သေးသူများ အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေ…..လို့”
ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိသူတွေ ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ဆုတောင်းပေးခဲ့ကြ ပါတယ်။

မြန်မာနိုင်ငံမှာပြုပြင် ပြောင်းလဲရေးတွေ ဖြစ် နေပြီးဆိုပြီး တချို့နိုင်ငံ တွေက မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေကို လျှော့ပေါ့တာတွေ ရှုပ်သိမ်းမှု့တွေကို လုပ်နေကြတယ်။

ဒါပေမယ့် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်သား ၈၀၀ ၀န်းကျင် လောက် ရှိနေသေးတယ်လို့ ထိုင်း နိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းဇယားများ အရ သိရပါတယ်။




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved