လယ်ကွင်းထဲရောက် ဦးသိန်းစိန်

Monday, April 30, 2012

လယ်သမားကြီး ဦးသိန်းစိန် ကျားကူးရွာ စိုက်ခင်းများကို ကြည့်နေပုံ

မနေ့က သမ္မတ ဦးသိန်းစိန် နေပြည်တော်လယ်ကွင်းထဲဆင်းပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ လိုက်ကြည့်နေပုံ ဖြစ်ပါတယ်။ ဒီနေ့ အစိုးရသတင်းစာ ဖော်ပြချက်အရ အလျင်လို၊ ကျားကူး စတဲ့ ကျေးရွာတွေကို သွားရောက်ခဲ့ပါတယ် တဲ့။

ကျားကူးမှာ တရုတ်နိုင်ငံ စိုက်ပျိုးရေးပညာရှင်တွေကို သစ်သီးခြင်း လက်ဆောင်ပေးတယ်၊ တရုတ်ပညာရှင်တဦးက -
- နည်းပညာရပ်များနှင့် မျိုးစေ့ ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊
- စပ်မျိုးစပါး ၂၁ မျိုးကို ၁ဝ ဧက စံပြစိုက်ကွင်း အတွင်း စမ်းသပ် စိုက်ပျိုးထားရှိမှုနှင့် စမ်းသပ်တွေ့ရှိချက်များကို ရှင်းလင်းပြတယ်လို့ ဆိုပါတယ်။

အလျင်လိုရွာ လယ်သမားတွေနဲ့ တွေ့ဆုံရာမှာတော့ ဦးသိန်းစိန်က - မိမိတို့ဘဝ ဖွံ့ဖြိုး တိုးတက်အောင်၊
ချမ်းသာလာအောင် လုံ့လ၊ ဝီရိယ၊ စိတ်ဆန္ဒ အပြည့်ဖြင့် အလုပ်ကိုကြိုးစား လုပ်ကိုင်ကြပါ၊ လယ်သမားတွေ လုပ်နိုင်အောင်လည်း အစိုးရ ကူညီမယ်ဆိုပြီး ပြောလိုက်ပါတယ် တဲ့။

လယ်ကွင်းထဲရောက် သမ္မတကြီးပုံက ကိန်းကြီးခန်းကြီးနိုင်ပုံမရပါဘူး။

အချိန်ရမယ် ဆိုရင် နေပြည်တော် စံပြစိုက်ခင်းနားက လယ်သမားများနဲ့သာမကဘဲ တခြားနယ်တွေက လယ်သမားတွေရဲ့ အခြေအနေကိုလည်း သွားကြည့်သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

1 comments :

  1. Anonymous said... :

    မဆလခေတ်လိုပါပဲ..သိပ်ထူးမယ်မထင်ဘူး..
    နေ၀င်းပုဆိုးတကားကားနဲ့တိုင်းပြည်က စိန်တွေကျောက်
    တွေ သစ်တွေကိုရောင်းစားခဲ့သလို.
    သိမ်းစိန်လည်းဒီလိုပဲလာမလားပဲ..သူမလာတောင်ဒီကြံ့ဖွန်
    ကဒီဇတ်ခင်းမယ်ထင်တယ်..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved