အေပရယ်ဖူး မဟုတ်ပါ၊ ရန်ကုန်မှာ ၀ိညာဉ် မဲပေးပြီ

Sunday, April 1, 2012

ဒီမနက် ဒဂုံဆိပ်ကမ်းမြို့နယ် တနေရာ (ဓာတ်ပုံ - ဧရာဝတီ)

ဒီနေ့ဟာ အေပရယ်ဖူးနေ့။
ရယ်စရာကောင်းအောင်လို့ အူကြောင်ကြောင် သတင်းတွေ တင်ပြီး နောက်ပြောင်တဲ့နေ့။
သို့သော် ... မြန်မာသတင်းသမားတွေ ဒီနေ့ အလုပ်များလွန်းတာကြောင့် အဲဒီရည်ရွယ်ချက်နဲ့ သတင်းတွေ မရေးဖြစ်ဘူးလို့ ယူဆရပေမယ့် ဖတ်ပြီးတော့ အူကြောင်ကြောင် ဖြစ်သွားနိုင်တဲ့ သတင်းတချို့ တွေ့နေရပါတယ် -

အလဲဗင်းမီဒီယာ http://www.weeklyeleven.com က ဒီလို သတင်းဖော်ပြထားပါတယ် -

ဒဂုံဆိပ်ကမ်းမြို့နယ် ၈၉ ရပ်ကွက် မဲရုံ ၁တွင် မဲစာရင်းနံပါနတ် ၈၇၀ မှာ သေဆုံးပြီးသူ၏ မဲစာရင်းဖြစ်သော်လည်း ထိုမဲစာရင်း နံပါတ်၊ အမည်ဖြင့် နံနက် ၇နာရီ မိနစ် ၃၀ အချိန်တွင် လာရောက် မဲပေးသူ ရှိခဲ့ကြောင်း သိရပါသည်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ကောင်းမှုကြောင့် ဒါမျိုးသတင်းတွေ ဖတ်နေရတာ ဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved