စင်ကာပူ အငြိမ့်

Sunday, April 29, 2012



ဒီနေ့ညပွဲ။ လူရွှင်တော် ဇာဂနာ၊ မေတ္တာ၊ အရိုင်း၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ဗေဒါ။

မင်းသမီး ချောအိငြိမ်းနဲ့ အရိုင်းရဲ့သမီးလေး ပန်းနု။

ပြက်လုံးက အဟောင်းတွေကော အသစ်တွေကောပါတယ်။

လူတွေက အရိုင်းနဲ့ ဇာဂနာ အလုပ်အင်တာဗျူးမှာ အမေးအဖြေလုပ်တာ သဘော
ကျကြတယ်။ ဇာဂနာကမေး၊ အရိုင်းကဖြေ။ မြန်မာပြည်မှာ လောလောဆယ် ဘာအပေါဆုံးလဲ ဆိုတော့ “ဖောင်ဒေးရှင်း“ တဲ့။ လောလောဆယ် ခေတ်အစားဆုံး စကားလုံး ၂ လုံးကိုပြောပါ ဆိုတော့ “အမေ” နဲ့ “အဘ” တဲ့။

အဲဒါကို တော်တော်သဘောကျကြတယ်။ လူ ၂၀၀ လောက်ရှိမယ်။ ရုံပြည့်ပဲ။ သီချင်း၊ သံချပ်ပြီး ခဏ ပွဲနား၊ ပြီးတော့ အငြိမ့်ထွက်။ သံချပ်က အသီးတွေ လုပ်တဲ့ ဟာမျိုးကိုပြန် အပ်ဒိတ်လုပ်ထားတာ။ အလုပ်သမားတွေအကြောင်း သံချပ်ထိုးတာပါတယ်။

မြန်မာပြည်မှာတော့ သင်္ကြန်ကပြီးပြီ စင်ကာပူမှာတော့ သင်္ကြန်ကို မျှင်းပြီး လုပ်နေတုန်း မပြီးသေး :P

3 comments :

  1. soemoe15 said... :

    မြန်မာနိုင်ငံက ပြည်သူတွေလဲ ဒါမျိုး ပွဲကလေး ကြည်ချင်ပါတယ်.........

  1. KyawKyawBo said... :

    ကိုဇာဂနာရေ ပွဲကတော့ တော်တော်လေးကောင်းပါတယ်။ ပထမပိုင်းသံချပ်ကတော့ သင်္ကြန်ြ­ပီးသွားလို့ လားတော့မသိ နည်းနည်းတော့ ပေါ့နေသလိုပဲဗျ။ နောက်ပိုင်းအြ­ငိမ့်က ပိုကောင်းတယ်။ မင်းသမီးနှစ်လက် အကကောင်းသလိုြ­ပက်လုံးတွေလည်းတော်တော်ကောင်း တော်တော်ထိပါတယ်။ ဒါပေမယ့် အရုပ်ဆိုးတာ တခုကတော့ အရက်မူးနေတဲ့         ကင်းကောင်ပဲ။ သောက်ချင်ရင်လဲ ပြွဲ­ပီးတဲ့ အထိလေးတော့ စောင့်ပေါ့ဗျာ။ အခုတော့စင်ပေါ်မှာ မူးနေတာ တော်တော်အရုပ်ဆိုးပါတယ်။ ဒါဟာပရိတ်သတ် ကိုစော်ကားတာပဲ။ ကျွန်တော်တို့ အချိန်ကုန်ခံ ငွေကုန်ခြံ­ပီး လာကြည့် ကျတာကိုဇာဂနာနဲ့ြ­မပုဏ္ဏမာ ရဲ့အနုပညာကိုလေးစားလို့ပါ။ ပရိတ်သတ်နဲ့ အနုပညာရှင် အြ­ပန်အလှန်လေးစားမှု လေးထားနှိင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ( Kallang Theatre ကခုံပေါင်း ၁၇၀၀ ရှိပါတယ်၊ ကျွန်တော်တော့ လွတ်နေတဲ့ ခုံတစ်ခုံမှမတွေ့ ခဲ့ဘူး။ သတင်းထဲမှာရေးထား သလို လူ၂၀၀ လောက်ရှိတယ် ဆိုတာတော့ လုံးလုံးလွဲနေတယ်ဗျ။ )

  1. Anonymous said... :

    စင်ကာပူအငြိမ့် အပြည့်အစုံဘယ်မှာရနိုင်မလဲ သိတဲ့လူရှိရင် ညွန်းပါအုန်း ကျေးဇူးတင်ပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved