ဒီချုပ်ရုံးရှေ့က လူထု

Sunday, April 1, 2012



ဓာတ်ပုံတွေကို ဘားမား ဗီဂျေရဲ့ ဖေ့စ်ဘုတ်က ယူပါတယ်။

NLD ရုံးရှေ့မှာ မဲအနိုင်အရှုံးတွေကို စောင့်ကြည့်နေတဲ့ လူထုပါ။ ခုနောက်ဆုံး သိရသမျှတော့ လမ်းတောင် ပိတ်နေပြီလို့ ပြောပါတယ်။

ကော့မှူးမှာလည်း ဒေသခံလူထုက အောင်ပွဲခံနေကြပါပြီတဲ့။ ဒေါ်အောင်ဆန်းစုကြည့် အပြတ်အသတ် နိုင်သွားပါပြီ။

နေရာအတော်များများမှာ NLD က အနိုင်ရကြောင်း ကြားနေ ပြောနေကြပါတယ်။ လစ်လပ်နယ်မြေ ၄၄ နေရာတည်း ဆိုပေမယ့် NLD ဝင်ပြိုင်တဲ့အတွက် ပြည်တွင်းရေးအရရော နိုင်ငံတကာ အရပါ အရေးတကြီးနဲ့ စိတ်လှုပ်ရှားကြရတဲ့ ပွဲဖြစ်နေပါတယ်။

ဒီညတော့ အုံးအုံးကြွက်ကြွက် ရှိနေကြမလား မပြောတတ်ပါ။ ရွေးကောက်ပွဲတွေတိုင်းမှာ မဲထွက်ပေးသူ အနည်းအများကို စိတ်ပူရစမြဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ ကြားဖြတ်ပွဲလေးမှာတောင် မဲပေးရမယ့်စာရင်းထဲ မပါလို့ ဆူပူ စိတ်ဆိုးကြသူတွေကို တွေ့နေရပါတယ်။

NLD က လွှတ်တော်ထဲ ရောက်တော့မယ်လို့ သုံးသပ်ရတယ်။




6 comments :

  1. Anonymous said... :

    ၉၀ ခုနှစ်တံုးကဒီရံုးေရှ့မှာေအာင်ပွဲခံခဲ့တာကိုြပန်သတိရမိပါတယ်။ တိုကျပှဲမွပီးသေးဘူး။
    တိုက်ပွဲပံုစံေြပာင်းတယ်ဆိုတာကိုသတိရြကေစချင်ပါတယ်။

  1. Anonymous said... :

    ပြည်သူလူထုသာ ညီညွတ်ကြပါ
    အရာရာကို အောင်မြင်နိုင်ပါတယ်

  1. Anonymous said... :

    ၉၀ ခုနှစ်တုံးကဒီရုံးရှေ့မှာအောင်ပွဲခံခဲ့တာကိုပြန်သတိရမိပါတယ်။ တိုက်ပွဲမပြီးသေးဘူး
    တိုက်ပွဲပုံစံသာပြောင်းတယ်ဆိုတာသတိထားမိကြမယ်လို့မျှော်လင့်ပါတယ်။

  1. သတိ said... :

    အားလုံးသတိ

    မဲစာရင်း မမှန်မကန်မှုများ.. မရိုးသားမှုများ.. ပုံမှန်မဟုတ်သော ကြိုတင်မဲများကြောင့် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်သည် မျှတမှုမရှိ.. လက်ခံစရာမရှိ.. သပိတ်မှောက်သည်ဟု ကြံ့ဖွံ့သာကြေငြာလိုက်ရင်တော့ လှပြီ.. ဟားဟား.. သူတို့ပြောတာ ဟုတ်မဟုတ်ကလဲ အန်အယ်ဒီကြေငြာချက်တွေက သက်သေအခိုင်အမာ မဟုတ်လားဗျာ.. နောက်ဆုံး ဒေါ်စုသတင်းစာ ရှင်းပွဲမှာတောင် ဒါကို သက်သေထူထားတယ် မဟုတ်လား..

    လေးဆယ့်လေးနေရာပဲမို့ လွှတ်တော်မှာ မပြောပလောက်ပေမဲ့ အရင် ကြံ့ဖွံ့အနိုင်ရခဲ့တဲ့ နေရာတော်တော်များများ ခု အန်အယ်ဒီ အပြတ်ပြန်နိုင်တာတော့ လက်ရှိအင်အားကြီးပါဆိုတဲ့ ပါတီကြီး အရှက်တော်ကွဲခန်းပါပဲ..

    ဘာပဲပြောပြော အန်အယ်ဒီ အခုလို အင်အားကောင်းကောင်းလေး လွှတ်တော်ထဲ ၀င်သွားတာ သဘောကျသဗျာ.. နိုင်ငံကို ဒေါ်စု ဈေးခေါ်ထားတဲ့ သဘောတူညီချက်ရလဒ်ဖြစ်တဲ့ စီးပွားရေး ပိတ်ဆို့မှု မကြာခင်အတွင်း လျော့ကျသွားမယ်လို့ မြင်ပါတယ်.. ဒါဆိုရင် အားလုံး အကောင်းဘက်ဦးတည်တာမို့ ဒီရလဒ်ကို ကြိုဆိုပါသဗျား..

    အားလုံးသက်သာ
    မောင်သတိ

  1. Anonymous said... :

    ၂၀၁၅ အတွက် ကတိတည်တည်
    နဲ့ NLDကိုပဲမဲပေးအုန်းမှာ

  1. အေတူကန် said... :

    ကြံ့များခမျာ ဂန့် သွားရှာပြီ။
    ဖွတ်များခမျာ ကျွတ်သွားရှာပြီ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved