![](http://2.bp.blogspot.com/-sC2XnzRxZyE/T3hH7FsDwQI/AAAAAAAAEMM/ARw-Y8QlRX4/s400/BVJ4.jpg)
![](http://3.bp.blogspot.com/-ZWzGvYP8kuI/T3hH2b0DRaI/AAAAAAAAEMA/-smTYCCTbHw/s400/BVJ3.jpg)
NLD ရုံးရှေ့မှာ မဲအနိုင်အရှုံးတွေကို စောင့်ကြည့်နေတဲ့ လူထုပါ။ ခုနောက်ဆုံး သိရသမျှတော့ လမ်းတောင် ပိတ်နေပြီလို့ ပြောပါတယ်။
ကော့မှူးမှာလည်း ဒေသခံလူထုက အောင်ပွဲခံနေကြပါပြီတဲ့။ ဒေါ်အောင်ဆန်းစုကြည့် အပြတ်အသတ် နိုင်သွားပါပြီ။
နေရာအတော်များများမှာ NLD က အနိုင်ရကြောင်း ကြားနေ ပြောနေကြပါတယ်။ လစ်လပ်နယ်မြေ ၄၄ နေရာတည်း ဆိုပေမယ့် NLD ဝင်ပြိုင်တဲ့အတွက် ပြည်တွင်းရေးအရရော နိုင်ငံတကာ အရပါ အရေးတကြီးနဲ့ စိတ်လှုပ်ရှားကြရတဲ့ ပွဲဖြစ်နေပါတယ်။
ဒီညတော့ အုံးအုံးကြွက်ကြွက် ရှိနေကြမလား မပြောတတ်ပါ။ ရွေးကောက်ပွဲတွေတိုင်းမှာ မဲထွက်ပေးသူ အနည်းအများကို စိတ်ပူရစမြဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ ကြားဖြတ်ပွဲလေးမှာတောင် မဲပေးရမယ့်စာရင်းထဲ မပါလို့ ဆူပူ စိတ်ဆိုးကြသူတွေကို တွေ့နေရပါတယ်။
NLD က လွှတ်တော်ထဲ ရောက်တော့မယ်လို့ သုံးသပ်ရတယ်။
၉၀ ခုနှစ်တံုးကဒီရံုးေရှ့မှာေအာင်ပွဲခံခဲ့တာကိုြပန်သတိရမိပါတယ်။ တိုကျပှဲမွပီးသေးဘူး။
တိုက်ပွဲပံုစံေြပာင်းတယ်ဆိုတာကိုသတိရြကေစချင်ပါတယ်။