လွှတ်တော်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေပါတယ်

Monday, April 23, 2012

ဂျပန်ရောက် ဦးသိန်းစိန် (ဓာတ်ပုံ - Reuters)

ဂျပန်နိုင်ငံရောက် သမ္မတ ဦးသိန်းစိန်ကို သတင်းထောက်တွေက လက်ရှိ မြန်မာပြည်အရေး မေးကြပါတယ်။

လတ်တလော လူပြောများနေတဲ့ NLD ကိုယ်စားလှယ်များ လွှတ်တော် မတက်ဖြစ်သေးတဲ့ အကြောင်းအရာလည်း ပါပါတယ်။ အဲဒီမေးခွန်း၊ အဖြေ အသံဖိုင်ကို ဖော်ပြပေးလိုက်ပါတယ်။

မေးခွန်း - ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ၀င်ရောက်ဖို့က တချို့သောကိစ္စတွေကြောင့် ၀င်ရောက်လို့မရနိုင်ဘူးဆိုတဲ့ အခြေအနေမျိုး ဖြစ်ပေါ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဘယ်အချိန်မှာ လက်တွေ့ကျကျ လွှတ်တော်ထဲ ၀င်လာနိုင်မလဲ၊ လွှတ်တော်အစည်းအဝေး တက်နိုင်မလဲ။

ဦးသိန်းစိန် အဖြေ "ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲကို ၀င်မလာတာဟာ သူ့ရဲ့ သဘောဆန္ဒပဲ ဖြစ်ပါတယ်။ လွှတ်တော်ကြီးကတော့ သူ့ကို ကြိုဆိုနေပါတယ်"



အသံဖိုင်မှာ နားထောင်တဲ့အခါ ဂျပန်စကားသံ ၃၅ စက္ကန့်အကြာမှာ မြန်မာဘာသာ အမေးအဖြေကို ကြားရမှာပါ။

4 comments :

  1. Yes, the parliament is welcoming Daw Suu and her elected representatives with LOCKED DOORS.
    Of course in case Daw Suu and her people ACQUIESCED to (BOW DOWN) and TOOK the OATH (abide by and protect the constitution) the DOORS WOULD OPEN and they would be LOCKED IN for the rest of their lives as well.
    LYING IS A SIN, of course, under both LORD BUDDHA and MAN'S LAWS no doubt.
    CHARACTER and INTEGRITY MAKE MEN/WOMEN lest people forget.
    Daw Suu and her people have VOWED to AMEND and possibly as WELL DESTROY Than Shwe drawn constitution since day one until today remember?
    And Thein Sein and his lot at Naypyidaw are KNOWN as HABITUAL LIARS since day one as well.
    Better to STAY OUT OF Thein Sein's parliament than LIE later folks!

  1. Anonymous said... :

    ကဲ...... အခု လမ်းဆုံးတော့ ရွာတွေ့ပြီပေါ့ကွာ။
    စစ်အာဏာရှင် ကျောထောက်နောက်ခံထားတဲ့ လက်ရှိ ဘောင်းဘီချွတ် အစိုးရရဲ့ သရုပ်မှန်ကို ဒီနေ့မှ တွေ့လိုက်ရပြီ။
    သူတို့ တသက်လုံး ညစ်ပတ်လာခဲ့သမျှ ပြည်သူနှစ်သက်တဲ့ NLD ကိုရှေ့ကကာပြီး ကြားဖြတ်ရွေးကောက်ပွဲဆိုတဲ့ ပ၀ါဖြူခြုံဖို့ ကြိုးစားခဲ့တာလေ။
    သူတို့တွက်တာနဲ့ နည်းနည်းလွဲသွားတာက ဖြူမလာတဲ့ သူ့ပ၀ါက ညစ်တစ်တစ် ရယ်။ ပြည်သူကတော့ NLD နိုင်ပြီဆိုတော့ ဖြူတာ ညစ်တာ သိပ်ဂရုမစိုက်။
    တကယ်တော့ ဒီပွဲဟာ NLD ကို ချောင်ပိတ်ရိုက်ဖို့ ဖန်တီးထားတာပါ။ တဖြည်းဖြည်းလျှော့လာတဲ့သူ့တို့ရဲ့ ကြိုး အခုတော့ စတင်းနေပြီပေါ့။
    အစကတော့ သံသယ ရှိပေမယ့်၊ မယုံမရဲ ယုံကြည့်မိခဲ့တာ။ အခုတော့ မြေခွေးအစိုးရရဲ့ လှည့်ကွက် ထင်ထင်ရှားရှား ဖြစ်လာပြီပေါ့။
    ဘာတဲ့..... NLD က ပြည်သူတွေအတွက် အလုပ်လုပ်သင့်တယ် ဆိုပဲ။ အတိတ်ကို ပြည်ကြည့်ရင် NLD အပါအ၀င် သူရဲကောင်းတွေအားလုံး အသက်တွေ၊ သွေးတွေ ဘ၀တွေ စတေးခဲ့ကြတာ
    ပြည်သူတွေ အတွက်ပဲ။ သူတို့သာ အာဏာကို အလွဲသုံးစားလုပ်၊ ပြည်သူ့တွေရဲ့ သွေးတွေကို သောက်ပြီး၊ ပြည်သူ့ ဘဏ္ဍာတွေကို သုံးဖြုန်းလာခဲ့ကြတာ။
    အတိတ်က ပုံရိပ်မည်းတွေကို သင်ပုန်းချေချင်ပေမယ့်၊ ဒါတွေကို ပြန်ဆွတာလည်း သူတို့ကိုယ်တိုင်ပဲ။
    NLD အနေနဲ့ကလည်း လက်တ၀င်စာလောက် လွတ်လပ်ခွင့်ပေးပေမယ့် ဒီလက်နဲ့ အဓိက သော့ချက်ကို ပြည်သူအတွက် ဖွင့်ပေးနိုင်မယ် ထင်ထားခဲ့တာလေ။
    အခုတော့ ၀င်လာတဲ့ အဲဒီလက်ကို လက်ထိပ်ခတ်ဖို့ ကြိုးစားနေပြီပေါ့။
    လက်ရှိ အစိုးရက NLD နဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ခုတုံးလုပ်ပြီး မည်းညစ်နေတဲ့ သူတို့ရဲ့ အတိတ်က ဖြစ်ရပ်တွေကို ဖုံးဖိပြီး သူတော်ကောင်း လုပ်ဖို့ ကြိုးစားနေတာပါ။
    ပြည်သူတွေ NLD ကို အထင်မလွဲကြပါနဲ့၊ ဒီအချိန်မှာ NLD ဘက်မှာ ၀န်းရံပေးထားကြပါ။ ပြည်သူတွေ အားလုံးသိတဲ့ အတိုင်း လက်ရှိ အခြေခံဥပဒေဆိုကြီးက
    ပြည်သူတွေအတွက် ဘာအကျိုးမှမရှိပဲ အခုချိန်အထိ နောက်ကွယ်မှာ လည်ပတ်နေတဲ့ အာဏာရှင် ယန္တယားကြီးကို 100% ကာကွယ်ပေးထားတဲ့ ဥပဒေဆိုးကြီးပါ။
    ဒါကို NLD က ပြုပြင်ဖို့ ကြိုးစားတဲ့အတွက် အခုလို ထိပ်တိုက်ရင်ဆိုင်မှုတွေ တွေ့ရတာပါ။ ပြည်သူတွေအားလုံး စည်းလုံး ညီညွတ်ကြပါ။

    ဒီ comment ကို သင့်စိတ်နဲ့ မတွေ့ရင် disapproved လုပ်နိုင်ပါတယ်။ ဒါပေမယ့် လက်ရှိ အစိုးရဲ့လှည့်ကွက်ကို စောင့်ကြည့်ဖို့ သင် မမေ့ပါနဲ့။

  1. pheasant said... :

    သိပ်မှန်တယ် Anonymous ရေ

  1. Shwe Ban said... :

    Be careful Myanmar,constitution2008 is very dangerous and poison for Myanmar.Please support NLD,don't trust these bastards of people from army exit.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved