မြန်မာတွေပျော်ကြတဲ့ မဲဆောက်သင်္ကြန်

Monday, April 16, 2012

ဓာတ်ပုံများ - ဧရာဝတီ)

ဒီနေ့မဟာသင်္ကြန်အတက်နေ့မှာ ထိုင်း-မြန်မာ နယ်စပ်တာ့ခ်ခရိုင် မဲဆောက်မြို့မှာ နောက်ဆုံးနေ့အဖြစ် ကျင်း ပတဲ့ နှစ်သစ်ကူးပွဲတော်ကို ထိုင်းနဲ့မြန်မာနိုင်ငံသားတွေ အတူတကွ ဆင်နွဲခဲ့ကြပါတယ်။

ရပ်ကွက်အလိုက်အလှပြ ယာဉ်တွေ အဆိုအက အတီးအမှုတ်အဖွဲ့တွေနဲ့ မြို့တွင်း လှည့်လည်တင်ဆက်ခဲ့ကြပါတယ်။

မြို့စတည်ချိန်ကစပြီးရှိခဲ့တဲ့ မဲဆောက်မြန်မာစုအရပ်ကလည်း မြန်မာ့ရိုးရာအဆိုအကအဖွဲ့တွေနဲ့ ပါဝင်တင်ဆက်ခဲ့ကြတာပါ။

မြန်မာ့ရိုးရာသင်္ကြန်အစားအစာတွေဖြစ်တဲ့ မုန့်လုံးရေပေါ်နဲ့သင်္ကြန်ထမင်းတွေ ဧည့်ခံ ကျွေးမွေးခဲ့ကြပါတယ်။

ရန်ကုန်သင်္ကြန်နဲ့တူတာတခုကတော့ အမေများအဖွဲ့ရဲ့ အက အလှတွေ မဲဆောက်မှာ ရှိနေတာပါပဲ။

ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်မှာရှိပြီး မြန်မာနိုင်ငံမြ၀တီမြို့နဲ့နယ်ခြားသောင်းရင်မြစ်ဘဲခြားတဲ့ မဲဆောက် မြို့ကို ဗုဒ္ဓသက္ကရာဇ် ( ၂၄၄၂)ခုနှစ်မှာ စတည်ခဲ့တာပါ။

လက်ရှိမှာ ထိုင်းနိုင်ငံသား ( ၁၈၀၀၀၀) နဲ့ရွှေ့ပြောင်းမြန်မာအလုပ်သမား (၂)သိန်းခန့် အလုပ် လုပ်ကိုင်နေကြတဲ့နယ်စပ်မြို့လည်းဖြစ်တယ်။

အဲဒါအပြင်ကို ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကကျတဲ့လမ်းကြောလည်းဖြစ်တဲ့အတွက် မြန်မာတွေ အများဆုံး တည်ရှိတဲ့မြို့လည်းဖြစ်တယ်လို့ မဲဆောက်မြို့ရဲ့မြူနီစပါယ်လူကြီးတဦးဖြစ်တဲ့ ထိုင်းနိုင်ငံသားဦးပုက ဧရာဝတီသတင်းဌာနကိုပြော ပါတယ်။

ထိုင်းအစိုးရကမဲဆောက်မြို့နယ်အဖြစ် တရားဝင်သတ်မှတ်ပေးတာ နှစ်ပေါင်း (၁၁၃)နှစ်ရှိပြီးဖြစ်တဲ့ မဲဆောက်မြို့မှာ လက်ရှိမြန်မာဘုန်းတော်ကြီးကျောင်းတိုက် ၅ တိုက်တည်ရှိပါတယ်။
























0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved