ထမံသီအရေး ၀တ်ပြုသူတွေကို နှောင့်ယှက်လို့ ကူကီးအမျိုးသမီးအဖွဲ့ ကန့်ကွက်

Tuesday, April 10, 2012

ချင်းတွင်းမြစ်ပေါ် တည်ဆောက်မယ့် ထမံသီ ရေကာတာ စီမံကိန်းအရေးနဲ့ ချင်းတွင်းမြစ်ဒေသကာကွယ်ရေး ၀တ်ပြုဆုတောင်းသူတွေကို နယ်မြေခံ အာဏာပိုင်တွေက ခြိမ်းခြောက်မှုတွေကို ကန့်ကွက်ရှုတ်ချတဲ့ ထုတ်ပြန်စာကို ကူကီးအမျိုးသမီးများ လူ့အခွင့်အရေးအဖွဲ့နဲ့ ကူကီး ကျောင်းသားများတပ်ဦးက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။


မတ်လ ၁၄ ရက်နေ့၊ လိုင်ဗွန်ဂျန်ရွာမှာ ၀တ်ပြုဆုတောင်းပွဲလုပ်တယ်၊ ၁၆ ရက်နေ့မှာတော့ ၀တ်ပြုပွဲမှာ ပါဝင်ခဲ့တဲ့ ကျေးရွာလူကြီးတွေကို နယ်မြေခံ အာဏာပိုင်တွေက ခြိမ်းခြောက်ပြီး နောင်မှာ ဒီလိုလှုပ်ရှားမှုတွေမှာ မပါဝင်ဖို့ ၀န်ခံကတိထိုးခိုင်းတာတွေရှိတယ်လို့ ပါရှိပါတယ်။

ဒီရေကာတာ စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုတွေဖြစ်လာပြီး ပတ်ဝန်းကျင်က ဒေသခံတွေ နေရာရွှေ့ပြောင်းခံရတယ်၊ ဒါ့အပြင် ချင်းတွင်းမြစ် အောက်ဖက်ဒေသတွေမှာ ရေလွှမ်းမိုးမှုတွေဖြစ်လာမှာကြောင့် ချင်းတွင်းမြစ်ပေါ်မှာ အိန္ဒိယရင်းနှီးမြုပ်နှံမှုနဲ့ လုပ်မယ့် ထမံသီ ရေကာတာ စီမံကိန်းကို ဖျက်သိမ်းပေးဖို့ အိန္ဒိယအစိုးရနဲ့ အစိုးရလက်အောက်ခံ အမျိုးသားရေအားလျှပ်စစ်ကော်ပိုရေးရှင်းကို အိန္ဒိယ-မြန်မာနယ်စပ်အခြေစိုက် ကူကီးအမျိုးသမီးများ လူ့အခွင့်အရေးအဖွဲ့နဲ့ ကူကီးကျောင်းသားများတပ်ဦးက တောင်းဆိုတယ်လို့ ပါရှိပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved