လူပြောများနေတဲ့ မိုးကျရွှေကိုယ်

Friday, April 27, 2012

~



၂၀၀၇ သံဃာ့လှုပ်ရှားမှုကို ချေမှုန်းစဉ်က ရိုက်ကူးထားတဲ့ မှတ်တမ်းဓာတ်ပုံ
နဲ့
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လွှတ်တော်တက် မိုးကျရွှေကိုယ်များ မှတ်တမ်းဓာတ်ပုံ

ဒီပုံက ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်း Facebook မှာ လူပြောများနေတဲ့ပုံ ဖြစ်ပါတယ်။

ဒီလူကြီး ရာထူးတက်သွား၊ ဆံပင်ပိုမည်း၊ အသားပိုလတ်သွားတယ်လို့ မှတ်ချက်ပြုနေကြပါပြီ။



~

14 comments :

  1. Anonymous said... :

    အင်း....... ကြည့်ရတာ..အထက်ကလာတဲ့အတိုင်း.တသွေမတိန်း..ခေါင်းမာမာနဲ့လုပ်မဲ့ပုံမျိုး..အသိပညာတတ်ဟန်ပန်မရှိသလိုဘဲ..ဒုက္ခပါဘဲ..ဒီလိုလူတွေဦးဆောင်..ဆုံးဖြတ်ချက်တွေပေးနေရင်တော့..ဟင်း...ဘယ်တော့များမှငါတို့လူမျိုးတွေရင်ကော့ရပါ့မလဲ..အချင်းချင်းတွေဘဲပြိုင်ဆိုင်ရင်ကော့နေကြတဲ့နလပိန်းတုန်းမျိုးတွေ..ဟူး....

  1. လူမိုက်တွေစုနေကြတာပေါ့။

  1. Anonymous said... :

    များများသတ်မှ မြန်မြန်ဗိုလ်ချုပ် ဖြစ်မှာလေ

  1. အွန်း။ ကိုယ် ကိုးကွယ်တဲ့ ရဟန်းသံဃာတော်တွေကို ရက်ရက်စက်စက် နှိပ်ကွက်သတ်ဖြတ်တဲ့ လူစွမ်းကောင်း စစ်သူကြိး အရမ်းတော်လွန်းလို့ ရာထူးတွေဘာတွေ တိုးလို့ပါလား။ လွှတ်တော်ထဲဝင်ပြိး ပြည်သူတွေကို ဘာနှိပ်ကွက်ဥိးမလဲ မသိဘူး။

  1. Kyaw Kyaw said... :

    ပခုံးမှာ ကြယ်တလုံးလည်း ထပ်ပိုလာပါတယ်ကွယ်။ ဘုရား ဘုရား... ရင်လေးစရာ။

  1. Anonymous said... :

    အို.. ဘာတဲ့? လွှတ်တော်၏အသံသည် ပြည်သူ့အသံ၊ လွှတ်တော်၏ဆန္ဒသည် ပြည်သူ့ဆန္ဒဆိုတာတွေ သေသေချာချာဖြစ်လာအောင် ဒုဗခမက မအလ ရွေးချယ်ပို့ထားတဲ့ မိုးကျရွှေကိုယ်တွေလား? ဟားဟားဟား.. ဟီးဟီးဟီး.. ဒီမိုကရေစီတွေ အများကြီးအားကြီးရလာတော့မယ့်ပုံပေါက်နေပြီ။

  1. Anonymous said... :

    ဘုန်းကြီးများကို ရဲ ၀ံ့စွာ တိုက်ခိုက်နိုင်မှုကြောင့် ရာထူးတက်သွားတာပါ။

  1. SMH said... :

    That means he was praised for his cruelty in beating monks.

  1. ant said... :

    မြွဆိုးမြွေဟောက်တသိုက်
    အရေခွံလဲလိုက်တာနဲ့
    မြွေလိမ္မာတွေဖြစ်
    နိုင်ငံသစ်ရဲ့မျက်လှည့်ပွဲလား။

    ဆောင့်ကြောင့်ထိုင်တတ်တဲ့ ခွေး
    နည်းနည်းလေး မအူဘဲနေပြရုံနဲ့
    ညစ်ထပ်ထပ် သတ္တ၀ါမျိုးက
    ကေသရာဇာဖြစ်ရရိုးလား။

    ပုတ်သင်ညိုတွေကို ခေါင်းပေါင်းပေါင်း
    အကောင်းစား တောင်ရှည်ဆင်
    လွှတ်သဘင် ၀င်ခိုင်းရုံနဲ့
    ဒီမိုကရေစီနိုင်ငံတော်ကြီး
    ပုံဖော်ပြီးပြီတဲ့လား။

    အင်း ...
    ကောသလမင်းရဲ့အိပ်မက်
    မှန်ချက်တွေကတော့
    ရက်စက်ပါရဲ့။ ။

  1. Anonymous said... :

    နိုင်ငံတကာ ခုံရုံးတင်အရေးယူသင့်ပါတယ်။

  1. Anonymous said... :

    လက်နက်မဲ့ သံဃာကို သတ်ဖို့  အမိန့်ပေးရဲတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တစ်ယောက် မဟုတ်လို့  ဖြစ်မယ်။

  1. Anonymous said... :

    မျိုးချစ်ဗမာတွေ ဒီလို စစ်ခေါင်းဆောင်ကို ဘယ်လို အရေးယူ ကြမှာလဲ။

  1. Anonymous said... :

    ရှက်တက်ရင် အတော်ကောင်းမယ်။ အရျက်မရှိဆုံး လူတန်းစာကို ပြောပါဆိုရင် လွှတ်တော်ထဲရောက်နေတဲ့ မိုးကျရွှေကိုယ် စစ်သားရယ်၊ မဲမသာနဲ့  ရောက်နေတဲ့ ကြံ့ဖွတ်တွေရယ်ဖြစ်ပါတယ်။

  1. Anonymous said... :

    စစ်တပ်သမိုင်း အတော်ရိုင်းခဲ့တာ ရိုင်းနေစဲဖြစ်တာ အရည်အချင်း မရှိတဲ့ စစ်ခေါင်ဆောင်တွေ ကြောင့်ပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved