ရန်ကုန်မှာ လျှပ်စစ်မီး လုံလောက်တော့မယ်

Sunday, April 29, 2012


အိမ့်သံစဉ် ရေးသားသည်)

ဒီကနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲက မင်္ဂလာ အရှိဆုံး သတင်းတခုအတွက် ၀မ်းသာပီတိဖြစ်မိပါ တယ်။

ရန်ကုန်မှာ လျှပ်စစ်မီး လုံလောက်ဖို့အတွက်ကို အမေရိကန်ပြည်ထောင်စုက GE ကုမ္ပဏီက ရွှေ့ပြောင်း သယ် ယူရ လွယ်ကူပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝတ် ၂၅ စီ ထုတ်လုပ်နိုင်တဲ့ မီးစက်ကြီး ၄ လုံးကို ငှားရမ်း သုံးစွဲပေး မယ်လို့ ၀န်ကြီး ဦးစိုးသိန်း က ပြောပါတယ်။

ဒီ ရက်သတ္တပါတ် အနည်းငယ်အတွင်း ရောက်လာမှာဖြစ်ပြီး သာကေတမှာရှိတဲ့ ပျက်ဆီးနေတဲ့ သဘာဝဓာတ်ငွေ့ တာဘိုင်ကြီးကိုလည်း GE ကုမ္ပဏီက ပြုပြင်ပေးပါအုံးမယ်တဲ့။

ရန်ကုန်သူရန်ကုန်သားတွေကတော့ ဖယောင်တိုင်တွေနဲ့ မီးစက်လေးတွေ တကယ် ပစ်ပယ်လို့ ရမရတော့ စောင့်ကြည့်ရ အုံးမယ်ထင်ပါတယ်။ တကယ်သာ လျှပ်စစ်မီး လုံလုံလောက်လောက်နဲ့ဆိုရင် အခုလို ပူပြင်းတဲ့ နွေရာသီ အဲယားကွန်းလေး နဲ့ နေလို့ ရတန်ကောင်းပါရဲ့။

တခြားမြို့တွေအတွက်တော့ အခုထိ မသဲကွဲပါဘူး။ မြစ်ဆုံစီမံကိန်းကို ရပ်ပြီး တနိုင်ငံလုံး GE လျှပ်စစ်မီးအားပေး စက်ကြီးတွေသာ ဆင်ပေးလိုက်ရင်တော့ တနိုင်ငံလုံး အလင်းရောင်အောက် တကယ်ရောက်သွားမယ်ထင်ကြောင်း ရန်ကုန်က သတင်းထောက် တဦးကတော့ မှတ်ချက်ပေးထားပါတယ်။
နေ့လည် မွန်းတည့်ချိန်ကနေ ညနေ ၄ နာရီအထိ စက်မှု ၀န်ကြီးရုံးက သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီး ဦးစိုးသိန်းက ပြောလိုက်တာပါ။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာတော့ ၀န်ကြီး ၃ ပါးဖြစ်ကြတဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်းနဲ့ ဦးခင်ရီတို့ တက်ကြောင်း ပြည်တွင်း ဂျာနယ်များရဲ့ အင်တာနက်စာမျက်နှာများမှာ ဖော်ပြထားပါတယ်။


6 comments :

  1. Anonymous said... :

    မီးစက်ကတော့ဟုတ်ပါပြီ....ဘာနဲ့လည်တဲ့မီးစက်လည်းဆိုတာသိချင်ပါတယ်...ဒါမှလည်း၂၄ နာရီမီးပေးနိုင်မပေးနိုင်စာဖတ်သူများသိစေရန်ပါ

  1. Boronmz said... :

    ဒါဆိုရင်....မီတာခကဈေးတက်အုံးမှာလား........

  1. Anonymous said... :

    ဖယေါင်းတိုင်စက်ရုံတွေ မပိတ်ကြနဲ့ အုန်းနော် နယ်သူနယ်သားတွေ တောသူတောင်သား နယ်စွန်နယ်ဖျား တိုင်းရင်းသားတွေ အတွက် ဆက်ထုတ် ပေးပါလို့ အကြံပေးပါတယ် ကျေးဇူးတင်ပါတယ်

  1. Anonymous said... :

    လေနဲ့လည်မယ် ဒီဇယ်အင်ဂျင်ဟေ့..
    မသိရင်မှတ်ထား နအဖ န၀တ မဆလ ခေတ်တွေတောက်
    လျောက် သတင်းစာမှာဖေါ်ပြပြီး သတင်းစာနဲ့လည်တဲ့
    လျပ်စစ်ဓါတ်အားထုတ်စက်တွေ တည်ဆောက်ခဲ့တာ..
    မီးလင်းတာသတင်းစာပေါ်မှာပဲလင်းတယ်..
    အခုလည်း လေပဲကန်နေတဲ့ ကြံ့ဖွတ်ရဲ့ လေအားသုံး
    ဒီဇယ်အင်ဂျင်လာတော့မယ်..
    မီးပိုလို့ တရုပ်ကိုရောင်းစားထားတဲ့ မီးဝန်ကြီး တစ်ယောက်
    တော့ရှက်လို့ဆိုပြီး မိန်းမ ထမီကြားဝင်ပုံးနေတယ်ဆိုပဲ..

  1. Anonymous said... :

    ကြားပေါင်းများလို့ ရိုးနေပါပြီ။

  1. BvRbOfCaA said... :

    Now, what r we going to do with this little bastard Zaw Min ?

    To Mr. President, Mr. Speaker ..

    are we still keeping him as 'nothing as a rubbish ' ?

    He is to be trialed for Mass Killing.
    He is to be ousted for misleading the country making false statement to country.
    He is to be ? what else ? removed and taken prosecuted in accordance with both existing and new legislation.

    U S D P be tarnished because of his behaviour and loose tongue.

    Do something about him. Don't leave him as " loose cannon'. Seriously!

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved