သမိုင်းတင်မယ့် ဓာတ်ပုံ

Friday, April 6, 2012


အိမ့်သံစဉ် ရေးသားသည်)

လူ့ဘ၀မှာ အမှတ်တရဖြစ်တဲ့ အချက်တွေထဲမှာ ဓာတ်ပုံရိုက်ခြင်းလည်းပါဝင်ပါတယ်။ ဓာတ်ပုံတပုံဟာ စကားလုံးပေါင်းများ စွာကို အကျယ်လောင်ဆုံး ပြောနိုင်သလို၊ နောင်လာနောက်သားများအတွက်လည်း သမိုင်း အထောက်အထား တခု အဖြစ် ချန်ရစ်ခဲ့တတ်ပါတယ်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ဟာ မအူပင် အကျဉ်းထောင်ကို ပို့ဆောင် အကျဉ်းချ ခံထားရစဉ် ထောင်ဒဏ် ၆၅ နှစ် နဲ့ ၆ လစီ ချမှတ်ခံခဲ့ကြရပါတယ်။ မအူပင် အကျဉ်းထောင်မှာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ရှိခိုက် မအူပင် ကြေညာ စာတမ်း ရယ်လို့ ထွက်ပေါ်လာခဲ့ဖူးပါတယ်။

အခုတော့ မအူပင် ကြေညာစာတမ်းမဟုတ်ပါဘူး။ မအူပင် အကျဉ်းထောင်ရှေ့မှာ တချိန်က အဲဒီမှာ ထိန်းသိမ်းခံခဲ့ရတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမျိုးအောင်နိုင်တို့ ၃ ဦးသား မအူပင် သမိုင်းမှတ်တမ်း ဓာတ်ပုံ ဖြစ်ပါတယ်။

မနေ့က့  ၈၈ ရဲ့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း မအူပင်ခရီး စာမျက်နှာ ဖွင့်လှစ်ခဲ့ပါတယ်။

ဓာတ်ပုံ -၈၈၊ မအူပင်





















0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved