ပဲခူးတိုင်းထဲမှာ KNU ရုံးဖွင့်

Wednesday, April 11, 2012

ဒီနေ့ နေ့လယ်ပိုင်းက ထိုင်းမြန်မာနယ်စပ်ကို ပြန်ရောက်လာကြတဲ့ KNU ငြိမ်းချမ်းရေးကော်မတီ အဖွဲ့ဝင်တွေပါ (ဓာတ်ပုံများ-ဧရာဝတီ)

အစိုးရနဲ့ KNU တို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုဟာ အဆုံးမသတ်နိုင်သေးပါဘူး။ ဆက်လက် ဆွေးနွေးညှိနှိုင်းစရာတွေ အများကြီး ရှိပါသေးတယ်လို့ ဆိုပါတယ်။ သို့သော်လည်း ဖြစ်ထွန်းမှု တခုကတော့ ပဲခူးတိုင်းထဲမှာ KNU ဆက်ဆံရေးရုံးဖွင့်နိုင်တာပါပဲ။ အဲဒီအကြောင်းကို ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံးမှာ ဖော်ပြထားပါတယ်။ ကျောက်ကြီးမြို့မှာပါ တဲ့။

သတင်းတွေမှာ ကျောက်ကြီးမြို့ ဆိုတာ ပါရင် မိုင်းနင်းမိ၊ ပေါ်တာ၊ သတ်ဖြတ်၊ မတရားကျင့် ဆိုတဲ့ သတင်းတွေချည်းပါပဲ။ ကျောက်ကြီးဟာ KNU နဲ့ အစိုးရတပ်တို့ရဲ့ စစ်မြေပြင် တစိတ်တဒေသပါပဲ။

ဒီကနေ့ ကျောက်ကြီးသတင်းက ဒါတွေ မပါဘဲ ဆက်ဆံရေးရုံးဖွင့်တယ် ဆိုတော့ ထူးခြားတယ်လို့ ဆိုနိုင်ပါပြီ။

ငြိမ်းချမ်းရေးတည်ဆောက်မှု ခရီးဆက်ရန် ရှိသေးတယ် ဆိုပေမယ့် ဒါလေးက သတင်းကောင်းတပုဒ် ဖြစ်နေပါတယ်။










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved