ဗိုလ်ခင်ညွန့် NLD ကို မဲပေးသလား

Sunday, April 1, 2012

ဒီမနက် မဲရုံကအပြန် တွေ့ရတဲ့ ဦးခင်ညွန့် (ဓာတ်ပုံ - Reuters)

ဗိုလ်ခင်ညွန့် မိသားစု ဒီမနက် မရမ်းကုန်းမှာ မဲပေးခဲ့တဲ့အကြောင်း 7Day News ဂျာနယ် Facebook မှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ဘယ်သူ့ကို ဘယ်ပါတီကို မဲပေးခဲ့ပါသလဲ?
"အများဆန္ဒနဲ့ထပ်တူ" မဲပေးခဲ့ပါတယ် တဲ့။
ဘယ်လို အများဆန္ဒလဲ ဆိုတာတော့ မသိရပါ။ ရွေးကောက်ပွဲကော်မရှင်က ကြေညာမယ့် ထောက်ခံမဲစာရင်းကို ဆိုလိုတာလား၊ ဒါဆိုရင်တော့ မရမ်းကုန်းမှာ နိုင်မယ့်သူကို သူ မဲပေးခဲ့တယ်ပေါ့လေ။
နောက်ထပ် ဖြစ်နိုင်ချေက ပြည်သူအများ နှစ်သက်တဲ့ ပါတီ၊ ကိုယ်စားလှယ်ကို မဲပေးခဲ့တယ် ဆိုတာပါပဲ။
သူကတော့ မြန်မာလို ဖြေတာပဲ။ ဒါပေမယ့် မြန်မာလို ဘာသာပြန်နေရပြန်တယ်။

သားဖြစ်သူ ကိုဇော်နိုင်ဦးကတော့ ရှင်းတယ်။ "NLD ပါတီမှ ဒေါက်တာဒေါ်မေ၀င်းမြင့်" ကို ပေးခဲ့တယ်၊ လူပုဂ္ဂိုလ်အရ လေးစားလို့ ပေးခဲ့တာ တဲ့။

6 comments :

  1. Anonymous said... :

    thanks a lot ko zaw naing Oo

  1. Anonymous said... :

    ဦးခင်ညွန့်ရေ
    ခင်ဗျားတို့မှာလဲ တာဝန်ရှိတယ်
    နိုင်ငံကို မွဲအောင်လုပ်ခဲ့တာ ခင်ဗျားလဲ
    ကီးပလေယာ တယောက်ပဲ
    ခု ရီဖောင်း လုပ်တဲ့အချိန်မှာ ခင်းဗျား လမ်းမှန်လျှောက်သင့်ပါပြီး
    ခင်းဗျားကြောင့် ဒုက္ခရောက် ထောင်ကျတဲ့သူတွေလဲ တပုံတပင်ပဲ
    ခင်းဗျားကတောင် စစ်ခွေးတိုက်မရောက်တာ
    ခင်းဗျား တပည့်တွေ စစ်ခွေးတိုက်ပို့
    တိုက်ပိတ်
    လူမသိသူမသိသေတာတွေလဲ ရှိသေးတယ်
    ဖြစ်နိုင်ရင် ပြည်သူတွေကိုတောင်းပန်သင့်တယ်
    ခင်းဗျားထောင်အကြိမ်ကြိမ်ချဖူးတဲ့ ဇာဂနာတောင် ခင်းဗျားကို မေတ္တာထားခဲ့တာ
    ကျနော်တို့ ခင်းဗျားကိုခွင့်လွတ်မှာပါ
    မသေခင် အမှန်တရားတော့ လုပ်စေချင်တယ်

  1. nwenwe said... :

    အော် ............ဖအေနဲ့ သားတောင်မှ ယှဉ်မရဘူးနော် ..စကားပြောတာကိုတောင်ဝေ့လည်ကြောင်ပတ်နဲ့  သတ္တိရှိရှိဗြောင်ပြောရမယ်လေ ..အကျင့်ကခုထိမပျောက်သေးဘူး ..တသက်လုံးကလိန်ကကျစ်လုပ်လာတော့ ခုလည်းကလိန်ကျအုံးမလို့ ..................

  1. အောင်ကြူး said... :

    မရမ်းကုန်း အမှတ်၉ရပ်ကွက် မဲရုံအမှတ်၈မှာ အန်အယ်လ်ဒီက တမဲပဲရတယ် ကျန်တာတွေအားလုံးက (မြန်မာကွန်ရန် ၁၊ ပယ်မဲ ၃) လို့ ဧရာဝတီအခြားသတင်းတခုမှာ ရေးထားတာ ဖတ်ရတယ်။ အဲဒီမဲရုံမှာ ဗိုလ်ခင်ညွန့်ပေးခဲ့တာဆိုရင် သူနဲ့သူ့မိန်းမ ကြံ့ဖွတ်ကို ပေးခဲ့တာ သေချာပြီ။ သူ့သားက အန်အယ်လ်ဒီကိုပေးခဲ့တာ ဖြစ်နိုင်တယ်။ ဘယ်မဲရုံမှာသူတို့ပေးခဲ့တာလည်း နောက်ဆက်တွဲသတင်း တင်ပေးဂျပါအုံး...။

  1. အောင်ကြူး said... :

    ဆောရီးဗျို့.. ဦးခင်ညွန့်တို့မိသားစု မဲထည့်တာ မဲရုံအမှတ်၂ ရပ်ကွက်အမှတ်၇တဲ့.. သစ်ထူးလွင်မှာ ရေးထားတယ်...။

  1. စိမ်းမမ said... :

    ထောက်လှမ်းရေးစိတ်ဓာတ်နဲ့ အကျင့်ဆိုးကိုအခုချိန်ထိမဖျောက်သေးဘူး။
    လူကြီးလူကောင်းကိုမပီသတာ။
    ဘာဖြစ်လဲဘယ်သူကိုပေးခဲ့တယ်ပေါ့ ..
    ပွင့်ပွင့်လင်းလင်း ..
    ဟိုဘက်လိုလို ဒီဘက်လိုလိုနဲ့
    သာကူးပြီးလုပ်စားဖို့စကားပြောတာကိုက စိတ်ဓာတ်ကိုဖော်ပြနေတာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved