NLD အခြေအနေကောင်းနေတယ်လို့ ဦးဉာဏ်ဝင်းပြော

Sunday, April 1, 2012

(ဓာတ်ပုံ - facecbook / National League for Democracy)
နေ့လည် ၂ နာရီထိ မဲရုံတချို့ရဲ့ မဲစာရင်းများတွက်ပြီးထုတ်ပြန်ချက်များအရ NLD အခြေအနေကောင်းနေတယ်လို့ ပါတီပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောဆိုလိုက်ပါတယ်။ ရေတွက်ပြီးတဲ့ မဲရုံတချို့ထဲက ကော့မှူး ၁ နေရာ၊ ကျွန်းစု ၁ နေရာ၊ ပုလဲမြို့နယ်တွင် ၂ နေရာတို့တွင် အနိုင်ရရှိထားပါပြီ။

“ခုထက်ထိ ရသလောက်လေးအခြေအနေကိုတင် ပြောရမယ်ဆိုရင် ကျနော်တို့ အခြေအနေကောင်းနေတယ်လို့ပဲပြောနိုင်တယ်” ဟု ဦးဉာဏ်ဝင်း က ဧရာဝတီကို ပြောပါတယ်။

စစ်တပ်တွင်း မဲရုံများတွင် ကြံ့ခိုင်ရေးပါတီ က အနိုင်ရရှိနေမှုနှင့်ပတ်သက်ပြီး ဦးဉာဏ်ဝင်း က “ဒီဥစ္စာက လွတ်လပ်စွာ မဲပေးတယ်လို့ကို ကျနော်က မယုံကြည်ဘူး” လို့ သူက မှတ်ချက်ပြု ပြောဆိုပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved