NLD ရပ်တည်ချက်ကို ထောက်ခံခြင်း

Tuesday, April 24, 2012

မနေ့က တွေ့ရတဲ့ တပ်မတော်သားအမတ်များ (ဓာတ်ပုံ-ဧရာဝတီ)

NLD ကိုယ်စားလှယ်များ လွှတ်တော်မတက်နိုင်သေးတဲ့ သတင်းတွေ ရေးသားချက်တွေအပေါ် စာဖတ်သူများက တုံ့ပြန်ဝေဖန်နေကြပါတယ်။


စာဖတ်သူအသံများထဲက တချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမည် စကားနှင့် လေးစားလိုက်နာပါမည် ဆိုတဲ့စကားနှစ်ကြောင်းက လုံးလုံး မတူဘူးလို့ ဆယ်တန်း မအောင်တဲ့ ကျွန်တော် သိတယ်
ဦးဌေးဦး ကျွန်တော့်ကို လင်းပေးပါဦး

...............................................................................

NLD မှန်ပါတယ်။ မြန်မာနိုင်ငံကို အဆင်းရဲဆုံး နိုင်ငံ ဖြစ်အောင် လုပ်တဲ့ လူတွေ အများဆုံးပါတဲ့ အုပ်စုက လက်ရှိ အုပ်ချုပ်နေတာပါ။ ပြင်ချင်တဲ့ စိတ်ရှိရင် ပြင်ခွင့် အာဏာ ရှိတဲ့လူက ချက်ချင်းပြင်သင့်တယ်လေ။ ဥပဒေမှာ စကား တခွန်းက အရမ်းအရေးကြီးပါတယ်။ လွှတ်တော်တက်တိုင်း ဆိုရမယ့် သစ္စာ စကားကိုက ကာကွယ်စောက်ရှောက်ပါမယ်ဆိုတာတော့ မဟုတ်သေးဘူး။ သစ္စာက အရေးကြီးပါတယ် လေစားမယ်ဆိုတာကို လက်ခံသင့်ပါတယ်။ သစ္စာကို တန်ဖိုး မထားတဲ့သူတွေကို တော့ မသိဘူးပေါ့ဗျာ။

...............................................................................

ချဉ်ချဉ် တူးတူး မူးပြီးရော ဆိုတဲ. အဖွဲ.မှာ NLD မပါတာ လေးစားပါတယ်။
လွှတ်တော်ထဲရောက်ဖို.သက်သက်ပဲ ဆိုရင် လေ.လာရေး သွားရင်တောင် ရတယ်၊
ထိုင်ပြီး ဟိုကြည်.ဒီကြည်. လုပ်ပြီး ပြန်လာယုံပဲ၊ လွှတ်တော်ကိုယ်စားလှယ် ဖြစ်စရာ မလိုပါဘူး၊
အစကောင်းမှ အနှောင်း သေချာမှာ ။ အခုရှုပ်မှ နောင်ရှင်းမှာလေ။

...............................................................................

NLDက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ချင်လို့ လွတ်တော်ထဲဝင်တာ။ ဒါကို ကာကွယ်စောင့်ရှောက်ရမယ် ဆိုတော့ ဖြစ်မလား ။

...............................................................................

NLD ရဲ.စာသားပြင်ဆင်ထားတာက ပိုပြီးထိရောက်မှုရှိသလိုဥပဒေနှင်.မြန်မာစကားကို ထိန်းသိမ်းရာလည်ရောက်တဲ.အတွက် မှန်တယ်လို. ထောက်ခံပါတယ်။
တကယ်ပြောရရင် ပစွှည်းဥစွှာနှင်.ပြည်သူလူထုကိုပဲ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ်လေ။
ဥပဒေဆိုတာလေးစားလိုက်နာရမယ်။။ ထိန်းသိမ်းကာကွယ်ဖို.မှမဟုတ်တာ။။။။။။

...............................................................................

လိုက်နာစောင့်ရှောက်ပါမည် ဆိုတာနဲ့ မပြင်ရဖူးလို့ ဆိုလိုတာ မဟုတ်လို့ သိပ်တော့လဲ မထူးခြားပါဖူး။ ထူးခြားနေတာက မီဒီယာ ငထူးတွေက ထူးအောင် တမင် လျှောက်လုပ်နေတာ။

NLD က လက်ခံပြီး ကျမ်းကျိန်မယ်ဆိုရင် မီဒီယာတွေက လုပ်တော့မယ် NLD က ၂၀၁၀ ဥပဒေကို လက်ခံအတည်ပြုလိုက်ပြီလားတို့ ဘာတိုနဲ့ အတို့ အထောင် လုပ်ဦးမယ်။

8 comments :

  1. Anonymous said... :

    မင်းတို့ ဗမာတွေကလည်းကွာ .. အချင်းချင်း ကပ်နေကြတယ်..မပြီးနိုင်တော့ဘူး... မင်းတို့ စာကြီးပေကြီး ဗမာတွေ ကြီးစိုးတဲ့ တိုင်းပြည်မှာ ငါတို့ တိုင်းရင်းသားတွေ လူလာဖြစ်ရတာ စိတ်လေတယ်ကွာ... ဘယ်လို အတုယူ လေးစား အားကျ ရမှန်းမသိတော့ဘူး... ငါတို့ တိုင်းရင်းသား အားလုံး အချင်းချင်း မညီညွတ်သေးတောင်မှ မင်းတို့ ဗမာတွေ အချင်းချင်း ညီညီညွတ်ညွတ် ပြည်ထောင်စုကို ဦးဆောင်ပြပါ... ခုချိန်မှာ ဒါဘဲမြင်ချင်တယ်...

  1. Anonymous said... :

    NLD ရဲ့ ဦးဆောင်မှုကသာ တိုင်းသူပြည်သားတွေ အေးချမ်းသာယာတဲ့ နိုင်ငံတော်ကို တည်ဆောက်နိုင်မှာပါ။ ဒေါ်စုကို အပြည့်အ၀ယုံကြည်ပြီးသား၊ NLD ကိုအပြည့်အ၀ထောက်ခံပါတယ်။

  1. Anonymous said... :

    အပေါ်ကရေးတဲ့သူက မျက်စိတဖတ် နားတဖတ် ရှိတဲ့သူဖြစ်မယ်။ NLD ရွေးကောက်ပွဲဝင်တာ သိန်းစိန်နဲ့ ညှိပြီး ၂၀၀၈ ဥပဒေပြင်စင်ရေးကို အဓိကထားပြီး ဝင်ရွေးခံတာ ၊ ၂၀၀၈ အရင်ဥပဒေကို မကြိုက်လို ၂၀၁၀ ရွေးကောက်ပွဲကိုမဝင်တာ ၊ အရင်က ဦးသိန်းစိန်က မီးစိန်းပြပြီး အခုမှ မသိခြင်ရောင်ဆောင်နေတာ ၊ အခုကြည့်လွတ်တော်မှာ သူတို့ဘာသာ သူတို့ လူတွေပြောင်းနေကြတာ ၊
    အစကောင်မှ အနောင်းသေခြာမှာပါ၊

  1. Anonymous said... :

    NLD ရဲ့ရပ်တည်ချက်ကို အပြည်ဝထောက်ခံပါတယ်..အစကောင်းမှ အနှောင်းသေချာမှာ...ဒိကျမ်းကျိန်တဲ့ စာသား..လေးပြင်ဘိုရာ.တောင် ဒိလောက် ပေကပ်ကပ်လုပ်နေရင်..ဒိထက်မက ..အရေးကြိးတဲ့ ပြည်သူတေအတွက် မလိုလားအပ်တဲ့ .အခြေခံ ဥပေဒေတေ ပြင်ဘိုတော်တော်ခက်နိုင်တယ်..ဒိလူတေက သူတိုစိတ်ကြိုက်ေ၇းစွဲထားတဲ့ အခြေခံဥပဒေ ..ပြင်မဲ့ အနေထားမ၇ှိဘူး..ဒါကြောင့် NLDရဲရပ်တည်ချက်ဟာ မှန်ကန်တယ်..လွတ်တော် တက်ရေ မတက်ရေးက အဓိက မကျဘူး..အခြေခံဥပဒေ ပြင်ဆင်ရေးက အရေးကြိးတယ်...ပထမ အဆင့် အောင်မှ..နောက်အဆင့်တေ..အလားလားကောင်းမှာ...NLD..အောင်မြင်အောင် ..ဆက်လုပ်ပါ..ထောက်ခံပါတယ်...

  1. Anonymous said... :

    10000% RIGHT.....

  1. Anonymous said... :

    NLD IS 100% RGIHT .THESE TWO WORDS ARE NOT SO DIFFERENT WHO DON'T KNOW ABOUT LAW . NLD IS RIGHT

  1. Anonymous said... :

    ခင်ဗျားတို့သိတဲ့အတိုင်းပဲ သူတိုဆွဲခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာက ပြင်စ၇ာ တွေ အများကြီး၇ှိတယ်ဆိုတာသိကြတယ်မလား ဒီစာသားလေးတောင်ဒီလောက်ခက်နေ၇င် ကျန်တာကတော့ မတွေး၇ဲစ၇ာပဲ သိတော့မယ်အတိုင်း ၂၀၀၈ ဖွဲစည်းပုံဆိုတာက သူတို ဟာသူတို့ေ၇းပြီ ;ပြည်သူကို အတင်းအဓမ္မ ထောက်ခံခိုင်းထားတာမဟုတ်လား

  1. Anonymous said... :

    NLDအောင်မြင်ပါစေလို့ဆုတောင်းပါတယ်
    ဖွဲးစည်းပုံအခြေခံဥပဒေသည် နိုင်ငံသားအားလုံး အတွက်အသက်ပဲ
    နိင်ငံသားတွေကိုဖိနိပ်ချူပ်ချယ်ဖို့လုပ်ထားတဲ့ ဥပဒေဆို၇င် သေးသေးမွှားမွားက အစအကုန်ပြင်၇မယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved