နေပြည်တော်မဲတွေကို NLD သိမ်းပိုက်ပြီလား

Sunday, April 1, 2012


နေပြည်တော်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ ဝင်ပြိုင်ခဲ့ရာမှာ ဇမ္ဗူသီရိမြို့နယ်မှာ ဒေါ်စန္ဒာမင်း၊ ပုဗ္ဗသီရိမြို့နယ်မှာ ဦးဖြိုးဇေယျာသော်၊ ဒက္ခိဏသီရိမြို့မှာ ဦးနိုင်ငံလင်း၊ ဥတ္တရသီရိမြို့နယ်မှာ ဦးမင်းသူတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဧရာဝတီက နောက်ဆုံးရတဲ့ သတင်းများအရ ဦးနိုင်ငံလင်းက မဲရုံ ၁၇ တွင် မဲရေတွက်ရာမှာ ၁၆ ရုံမှာ အနိုင်ရရှိနေပြီး၊ ဦးဖြိုးဇေယျာသော်လည်း အနိုင်ရရှိသွားတယ်လို့ နေပြည်တော်ကိုရောက်ရှိနေတဲ့ သတင်းထောက်တွေက ပြောပါတယ်။

အလားတူ ဒေါ်စန္ဒာမင်းနှင့် ဦးမင်းသူတို့ နှစ်နေရာမှာလည်း မဲအကြိတ်အနယ်ဖြစ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ကျော်ခ


3 comments :

  1. Anonymous said... :

    ရှက်တတ်ရင် သေသင့်ပါတယ်။

    ခင်ဗျာ တို့လမ်းတွေကို စက်ဘီး လမ်းလောက် ဖောက်ပေးတာ နိုင်ငံတိုးတက်မှာ မဟုတ်ဘူးဗျ
    တခြားအိမ်နီးချင်းနိုင်ငံတွေကိုလဲ သွားဖူးအောင်ကြိုးစားပါဦး
    သူများနိုင်ငံတွေ ဘာတေါတိုးတက်နေပြီလဲဆိုတာ
    နိုင်ငံဖွံ့ဖြိုးအောင်မလုပ်တတ်ရင် လုပ်တတ်သူကို နေရာ ပေးလိုက်
    စိတ်ဝင်စားရင် တော့လေ့လာပြီးမှ နိုင်ငံရေးလုပ်ပါဗျာ
    ခုဟာက စစ်သားလေသံနဲ့ အမိန့်နဲ့ အုပ်ချုပ်လို့မရဘူးဗျ။ ဒါတောင် သိပ်မလွတ်လပ်လို့ဒီလောက်နိုင်တာ လွတ်သာလွတ်လပ် ခင်းဗျားတို့ ၁မဲတောင် ရချင်မှရမှာ

  1. Anonymous said... :

    It is Win-Win solution .Very good and great news ! Congratulation to Ah Ba U Thein Sein & Ah Ba Shwe Than and all .:)

  1. Anonymous said... :

    ဒေါက်တာချက်ကြီးဝက်ဆိုဒ်က မျိုးဟန်ထွန်းပြောသလို
    ကြံ့ဖွတ်နဲ့ အန်အဲဒီက ဂျယ်ဒိုးနက်နဲ့ ပေါက်ဆီလောက်
    ကွာသကွ..
    မင်းတို့ကြံ့ဖွတ် ရှက်တတ်ရင်ကိုယ့်ဟာကိုငရုပ်ကျည်ပွေ့နဲ့
    ထုသေသင့်တယ်.ဘယ်ညာ.ဘယ်ညာ.၁၂၃၄..၁၂၃၄..
    ပြည်သူ့ချည်ဖတ် ကြံ့ဖွတ်.ပြည်သူ့ချည်ဖတ် ကြံ့ဖွတ်
    ပြည်သူ့ချည်ဖတ် ကြံ့ဖွတ်..လို့ တပ်မတော်လေ့ကျင့်
    ရေးကျောင်တွေမှာဆောင်ပုဒ်ပြောင်းသင့်နေပြီ..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved