လျှပ်စစ်ဌာနရဲ့ စားပုံစားနည်း

Monday, May 7, 2012


ကျွန်တော်သည် မြန်မာ့လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး၊ လျှပ်စစ်ဓါတ်အား ( ၂ ) ၊ ရုံးအမှတ် ( ၂၇ ) ၊ နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသော အငယ်တန်းဝန်ထမ်းတစ်ဦးဖြစ်ပါသည်။

ကျွန်တော်တို့ ဌာန၏ ဝန်ကြီးမှာ ဦးခင်မောင်စိုး၊ ဦးဆောင်ညွှန်ကြားရေးမှုးချုပ်မှာ ဦးခင်မောင်ဇော်၊ ဝယ်ယူရေးဌာန၏ အထွေထွေမန်နေဂျာမှာ ဦးတင်စိုး၊ လက်ထောက်အင်ဂျင်နီယာ ဦးဝင်းမြင့်တို့  ဖြစ်ကြသည်။

ကျွန်တော်သည် သတင်းများနားထောင်၊ ဂျာနယ်များ ဖတ်ရာမှ ဘတ်ဂျတ်အကြောင်း အနည်းငယ်တီးခေါက်မိပြီး ကျွန်တော့်တို့ ဌာန၏ ကိုယ်ကျိုးရှာကာ နိုင်ငံဘဏ္ဍာ ဖြန်းတီးမှုကို လူအများသိရှိစေလိုပါသည်။

2012 feb and march တွင် Gas Turbine စက်ကြီးများအတွက် အသုံးပြုရန် turbine ပေပါ အလုံးပေါင်း ၁၆၀၀ ကျော် (လီတာ ၃၂၀ ၀၀၀ ကျော် ) ကို တင်ဒါခေါ်ခဲ့ပါသည်။

ပြိုင်ဆိုင်သည့် ကုပ္မဏီပေါင်း ၁၀ မှ ၁၅ ကုပ္မဏျီရှိသည်။ ပြိုင်ဆိုင်သူများသည် သံလျင်ရှိ အစိုးရ ဆီဓါတ်ခွဲခန်းတွင် ၂၅၀ ၀၀၀ ကျပ် အကုန်အကျခံ၍ စစ်ဆေးကြရသည်။ သံလျင်ရှိ အစိုးရ ဆီဓါတ်ခွဲခန်းတွင် ဆီနမူနာအောင်မြင်သည့် ကုပ္မဏီပေါင်း ၄/ ၅ ခုရှိသည်ဟု သိရသည်။

တင်ဒါရွေးခြယ်သည် ဆိုသည်မှာ ဆီနမူနာအောင်မြင်ပြီး ဈေးအနည်းဆုံးသူကို ဝယ်ရမည်ဟု ကျွန်တော်တို့  အငယ်တန်းဝန်ထမ်းတစ်ဦးအနေဖြင့် နားလည်ပါသည်။

စာရင်းအရ ဆီနမူနာအောင်မြင်ပြီး ဈေးအနည်းဆုံးသူ၏ ဈေးမှာ ပေပါတစ်လုံးလျှင် ၃၅၀ ၀၀၀ ကျပ်သာဖြစ်ပြီ့း ဌာနက ဝယ်ယူပေးလိုက်သည့် ဈေးမှာ ပေပါတစ်လုံးလျှင် ၆၅၀ ၀၀၀ ကျပ်ဖြစ်နေသည့် ဆီကိုသာ ရွေးခြယ်လိုက်သည်ကို တွေ့ ရှိရသည်။

ဆီပေပါအလုံးပေါင်း ၁၆၀၀ ကျော်ဖြစ်သည့် အတွက် ဆီနမူနာအောင်မြင်ပြီး ဈေးအနည်းဆုံးသူ နှင့် ဝယ်လိုက်သည့် ဈေးမှာ ပေပါတစ်လုံးလျှင် ၃၀၀ ၀၀၀ ကျပ်ကွာဟသည့် အတွက် ( ၃၀၀ ၀၀၀ ကျပ်* ၁၆၀၀ ပေပါ = ၄၈၀ ၀၀၀ ၀၀၀ ကျပ် ) ကျပ်သိန်းပေါင်း ၄၈၀၀ အပိုပေးလိုက်ရသည်။

၎င်းအပြင် ရွေးခြယ်ခံရသည့် ကုပ္မဏီ၏ အပြင်ရောင်းဈေးမှာ အဆိုပါဆီကိုပင် ၄၅၀ ၀၀၀ ကျပ် မှ ၄၈၀ ၀၀၀ ကျပ် ဖြင့်သာ ရောင်းနေသည်ဟု သိရပါသည်။

အစိုးရကိုတင်ဒါဖြင့်တင်သွင်းသည့် ကုပ္မဏီအပိုဆောင်း ( ၂၀၀ ၀၀၀ ကျပ် * ၁၆၀၀ ပေပါ= ၃၂၀ ၀၀၀ ၀၀၀ ကျပ် ) သိန်းပေါင်း ၃၂၀၀ ကျပ် ကျော်ဖြစ်နေရာ မည်သူက မည်မျှစားထားသည်ကို ထိုသူများသာ သိနိုင်ပေတော့မည်။

ကျွန်တော်တို့ဌာနတစ်ခုထဲမှ ပစ္စည်းတမျိုးထဲ ဝယ်ယူမှုမှ အပိုဆုံးရှုံးမှုသည်ပင် ဤမျှလောက်များနေပါက တနိုင်ငံလုံး အတိုင်းအတာဖြင့် မည်မျှ ဆိုးရွားနေမည်ကို သတင့်းဌာနများ ဖေါ်ထုတ်စေချင်ပါသည်။

ဤငွေဖြင့် ကျောင်းများ ၊ ဆေးရုံများတွင် အသုံးချနိုင်ပါက နိုင်ငံအတွက် အလွန် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်သောကြောင့် ဤကိစ္စကို အမြန် စုံစမ်းမေးမြန်းဖေါ်ထုတ်သင့်ပါသည်။

ဘတ်ဂျတ်ကိုမျှတစေချင်သူ

5 comments :

  1. Anonymous said... :

    I really appreciate your wistle blowing. We need more people like you to build our country.We need the right people in the right place who cannot accept for wrong doing and wasting the budget.

  1. Ko Thu said... :

    သူတို့ လျပ်စစ်ကကောင်တွေဒီလိုဘဲလုပ်စားနေတာကြာပြီလေ
    ယခင်ဝန်ကြီးလက်ထက်တည်းကိုက ဖြစ်နေတာလေ
    တင်ဒါဆိုတာက အမည်ခံဘဲခေါ်နေတာလေ တကယ်တမ်းကသူတို့နဲ့ အဆင်ပြေတဲ့သူ သူတို့ကိုများများပေးတဲ့သူကိုသာရောင်းတာဘဲလေ
    သူတို့ခေါ်တဲ့ Spec;ကိုက်တယ် Sampleအောင်တယ်ဆိုပေမဲ့လည်း သူတို့က ဘာဖြစ်လို့၊ညာဖြစ်လို့ဆိုပြီးပယ်တတ်တယ်လေ ဒါတွေဟာမြန်မာနိုင်ငံမှာနေပြီး နိုင်ငံကြီးသားမပီသဘူးလို့ထင်တယ်ဗျာ နိုင်ငံရဲ့ ရရှိတဲ့ ဘတ်ဂျတ်ကိုအလကားဖြုတ်းတီးနေတာ Co.,ltd တွေထဲမှာလည်းသူတို့အခန်းထဲကိုဝင်လိုက်ရင် သူတို့ကြည်တဲ့သူဆိုဘာမှမပြောဘူး မကြည်ရင်သူတို့က နိုင်ငံအုပ်ချူပ်တဲ့ သမ္မတလောက်ကို သြဇာကကြီးတယ် အော်ငေါက်နေတတ်တာလေ .....

  1. အဲဒါကြောင့် စတိုဌာနကလူကြီးတွေသေဌေးဖြစ်နေတာပေါ့၊၀န်ကြီးကတော့အစည်းအဝေးမှာတောင်တင်ဒါခေါ်တယ်ဆိုပြီးလက်သင့်ရာကုမ္ပဏီသာပါဝင်နိုင်မယ့်ကန့်သတ်ချက်ပုံစံတွေလုပ်နေတာ၇ပ်ဖို့လက်အောက်ဌာနကြီးမှုးတွေကိုသတိပေးခဲ့တာကြာပြီ။လက်အောက်ကလိုင်းမန်းနဲ့မီတာစာေ၇းတွေပိုက်ဆံနှစ်ထောင်လောက်လက်ဘက်ရည်ဖိုးတောင်းမိလို့ပြုတ်နေချိန်မှာသူတို့ကတော့စည်းလွတ်ဝါးလွတ်စားမြဲစားလျက်ပေါ့ဗျာ။

  1. ပုဂ္ဂိုလ်ရေးပုတ်ခတ်မှုနှင့်ဝေဖန်မှုမှာမသင့်လျော်သောဌာနအပေါ်အဆိုးမြင်ဝါဒဖြစ်နေပါသည် ။

  1. Unknown said... :

    ပုဂ္ဂိုလ်ရေးပုတ်ခတ်မှုနှင့်ဝေဖန်မှုမှာမသင့်လျော်သောပါ။ဌာနအပေါ်အဆိုးမြင်ဝါဒဖြစ်နေပါသည် ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved