နေထိုင် စီးပွားရှာလို့ အကောင်းဆုံး အဆင့် ၄ ချိတ်တဲ့ စင်္ကာပူ

Friday, May 11, 2012



မြန်မာများစွာရှိတဲ့ စင်္ကာပူနိုင်ငံဟာ ကမ္ဘာပေါ်မှာ နေထိုင် စီးပွားရှာတဲ့နေရာမှာ စတ္တုတ္ထ အကောင်းဆုံး အဆင့်မှာ ရှိတယ် လို့ ဟိုင်ဒြိုဂျင် အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီနဲ့ ESCP Europe စီးပွားရေး ပညာ တက္ကသိုလ်ကျောင်းတို့ရဲ့ စစ်တမ်း တခု က ဆိုတာပါ။

ကမ္ဘာတ၀ှမ်းက လူပေါင်း ၂၃၅၃ ဦးကို မေးမြန်းစစ်တမ်းကောက်ယူခဲ့တာပါ။
အဆင့် ၁ အမေရိကန်၊ အဆင့် ၂ ဗြိတန် နဲ့ အဆင့် ၃ သြစတြေးလျ ပြီးရင် စင်္ကာပူဟာ အခုလိုအဆင့် ၄ ဖြစ်လာရတာက သန့်ရှင်း သတ်ရပ်မှု၊ စနစ်ကျကောင်းမွန်တဲ့ စွမ်းအင်၊ စီမံခန့်ခွဲရေး၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေးခိုင်မာမှု၊ ဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေး စနစ်များ ကောင်းမွန်မှု ဒါတွေက အခုလို အဆင့်ကို တွန်းပို့လိုက်တာလည်းဖြစ်ပါတယ်။

ဟိုင်ဒြိုဂျင်ရဲ့ အာရှ မန်နေဂျာကတော့ စင်္ကာပူကို အာရှရဲ့ ဆီလီကွန်တောင်ကြား ဒါမှ မဟုတ် အာရှရဲ့ ဆွစ်ဇာလန် ဖြစ် လာ မလားလို့ မေးခွန်းလည်း ထုတ်လိုက်ပါတယ်။

နည်းပညာ၊ စွမ်းအင်၊ စီမံခန့်ခွဲမှု စတဲ့ ကဏ္ဍအသီးသီးမှာ အာသာချက်တွေရှိတာကြောင့် စင်္ကာပူမှာ လာရောက် နေထိုင် စီးပွားရေးလုပ်ငန်းတွေ လာလုပ်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါပေမယ့် မြန်မာအများစုဟာ စင်္ကာပူမှာ နေထိုင်စီးပွားရှာနေကြပေမယ့် အဲဒီအထဲက လူနည်းစုလောက်ပဲ လခ ကောင်း ကောင်းရကြတာပါ။ ကျန်တဲ့ အများစုကတော့ အခြေခံ လုပ်သားများဘ၀နဲ့ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း လုပ်ကိုင်နေကြ ရတာပါ။







2 comments :

  1. Anonymous said... :

    အမေရိကန်ကအဆင့်၁တဲ့စစ်တမ်းကောက်တဲ့လူ သေချာလည်းမသိသေးဘူးဖြစ်မယ်အမေရိကားစီပွားရေးဘာဖြစ်နေလည်းဆိုတာသေချာလည်းစီစစ်ပြီးမှပြောကြပါ စစ်တမ်းကောက်တဲ့ထဲမှအထက်တန်းစားကတွေပဲဖြစ်မယ်

  1. Anonymous said... :

    စင်ကာပူက နိုင်ငံသေးတော့ အဲဒီလောက်တော့ လုပ်နိုင် မှာပေါ့။ ဒါမထူးဆန်းပါဘူး။

    အမှန်က အဆင့် ၁ ဖြစ်သင့်တာ မြန်မာနိုင်ငံပါ။ စီးပွားရေးမကောင်းဘူးလို့ အားလုံးက ငြီးနေကြပေမယ့် ကားဆိုလည်း ဒီလောက်ဈေးကြီးတာ စီးနိုင်တာပဲ၊ ဈေးနှုန်းတွေကြီးတယ်ဆိုပေမယ့် စားသောက်ဆိုင်တွေမှာ လူတွေပြည့်နေတာပဲ။ ပိုက်ဆံရှာရခက်တယ်ဆိုပေမယ့် စိန်နန်းတော် မြနန်းတော် ရွှေအရောင်းမြှင့်တင်ရေးပွဲတွေမှာ အလားပေးသလိုပဲ ၀ယ်နေကြတာပဲ။ hand phone တွေဆိုလဲ အားလုံးလို ၀ယ်ကိုင်နိုင်တာပဲ။ ကဲ ဒီထက်နေထိုင်စီးပွားရှာလို့ကောင်းတဲ့နိုင်ငံရှိသေးလား။ မြန်မာပြည်ပဲ အဆင့် ၁ ဖြစ်သင့်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved