အစားကြီးတဲ့ ဦးတင်အောင်မြင့်ဦး

Friday, May 25, 2012

~






"အစိုးရဘက်က တာဝန်ယူမှု ဘယ်လောက်ကင်းသလဲ ဆိုရင် ဒုတိယသမ္မတ တင်အောင်မြင့်ဦး နုတ်ထွက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး အခုထက်ထိ အားလုံးကို ရေရေရာရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဦးတင်အောင်မြင့်ဦးဟာ တပ်မတော်မှာကော၊ သူ အရပ်သားတာဝန်ကို ထမ်းဆောင်စဉ်မှာပါ ရေနံသဘာဝဓာတ်ငွေ့ ရောင်းတဲ့ နိုင်ငံတော်ရဲ့ စီးပွားရေး လုပ်ငန်းတွေ၊ နေပြည်တော် ဆောက်တဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်ဘဏ္ဍာငွေ ဒေါ်လာသန်းပေါင်း များစွာကို သူ့အိတ်ထဲ ထည့်သွားတယ် ဆိုတဲ့ သတင်းတွေ အခုထိ ထွက်နေဆဲပါ။ ဒီသတင်းတွေ မှန်၊ မမှန် ရှင်းဖို့ လိုပါတယ်။ သူဟာ အသွင်ကူးပြောင်းရေး စနစ်သစ်ကို မကြိုက်လို့ ထွက်တာလား၊ ခေါင်းရွေ့တဲ့ဘက်ကို မလိုက်နိုင်လို့ ထွက်စာတင်တာလား စဉ်းစားစရာပါ"


ဧရာဝတီ ပင်မစာမျက်နှာမှာ ဖော်ပြထားတဲ့ ခေါင်းပဲရွေ့တယ် ဆိုတဲ့ ဆောင်းပါးမှာ ရေးထားတာပါ။

DVB သတင်းတပုဒ်မှာတော့ သီဟသူရ ဦးတင်အောင်မြင့်ဦးက မြစ်ဆုံရေကာတာ စီမံကိန်းကနေ ဒေါ်လာ သန်းပေါင်း ၃၀၀ ရယူခဲ့တယ်၊ ရပ်နားထားတဲ့ မြစ်ဆုံ စီမံကိန်းကြောင့် ဦးသိန်းစိန် နဲ့ ဦးတင်အောင်မြင့်ဦးတို့ အချင်းများကြတယ် ဆိုပြီး အစိုးရနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်တခုကို ကိုးကား ရေးထားပါတယ်။

Sources close to the government say Tin Aung Myint Oo claimed around $US300 million in official and unofficial commission payments, which include three percent of the commission from the $US3.6 billion project plus additional payments valued at about $US50 million.
....
Sources claim Tin Aung Myint Oo has clashed with the president by continuing to support the Myitsone prjoect, despite President Thein Sein ordering a stop to the dam’s construction in response to public outcry over the potential environmental impact.


သြော် ... တော်တော် အစားကြီးတဲ့သူပါလား။

သီဟသူရ ဦးတင်အောင်မြင့်ဦးနဲ့ ပတ်သက်တဲ့ ဖြစ်ကြောင်းကုန်စင်ကို
မင်းတြားကြီး သန်းရွေှ့ နဲ့ နေပြည်တော် ခိုးသားများ အပိုင်း (၃) မှာ ဖတ်နိုင်ပါတယ်။



~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved