ရပ်ကွက်ထဲမှာ ကလေးရော လူကြီးပါ လူတိုင်း နားယဉ်နေပေမယ့် အမြဲကြားရတဲ့ အသံက " မီးလာပြီ ဟေးးးးး " ဆိုတဲ့ အသံပါ ပဲ။ မြန်မာနိုင်ငံမှာ ကလေးတယောက် စကားစတင် ပြောတတ်တာကလည်း "မီးလာပြီဟေးးး " ဆိုတာပါဘဲ။
အခုတော့ အဲဒီလိုမဟုတ်တော့ပါဘူး။ ငိုတဲ့ ကလေးအတွက် မုန့်စားရသလိုပါပဲ။ မန္တလေးက ပထမဆုံး လျှပ်စစ်မီး ရရှိရေး ဆန္ဒပြခဲ့တာကြောင့် မီးစက်ကြီးတွေ အခုလို အားချင်း ရောက်လာခဲ့တာပါ။
အခုတော့ မန္တလေးက အော် သံ က ပြောင်းသွားပါပြီ မီးစက်ကြီးတွေ လာပြီဟေးးး တဲ့ ။
ဒါပေမယ် လူကြီးသူမတွေက ပြောနေပါတယ်။ ဒီဇယ်ဖိုး ရပ်ကွက်တွေထဲ လာကောက်လိမ့်မယ်တဲ့ - မှတ်သားစရာပါပဲ။
လတ်တလောမီး၇တာကောင်းပေမယ့် ကုန်ကျမယ့်စက်သုံးဆီဖိုးတွေ ပြည်သူတွေဆီက တိုက်ရိုက်ပြန်မကောက်ဘူးဆို၇င်တောင် နောက်တဖက်လှည့်နဲ့အခွန်ထမ်းပြည်သူတွေကပဲပေး၇မှာပါ ကိုယ့်တိုင်းပြည်ထဲကပိုက်ဆံချင်းတူတူပါပဲ ကိုယ်ချင်းမစာမိတာမဟုတ်ပေမယ့် တစိတ်၇ှိနေပြည်တော်ကိုလက်ညှိုးထိုးနေတဲ့သူတွေကိုမေးချင်ပါတယ် ၂၄နာရီမီးနဲ့ 5 movie လိုင်းနဲ့အလကား၇မယ်နေပြည်တော်မှာနေမလားလို့
ပြောချင်တာတခုက နေပြည်တော်မှာ၇ှိတဲ့သူလည်းပြည်သူထဲကပြည်သူဖြစ်တဲ့ မ၀ေ၇စာစားနေ၇တဲ့ကျပ်တည်းတဲ့ဝန်ထမ်းကအများစုပါလို့