တပ်ရင်းမှူးလက်ထဲက မန္တလေးတောင် အလှူခံပုံး

Friday, May 18, 2012

~


ခရီးသွားဧရာဝတီ


မန္တလေးတောင်ခြေက မြင်ကွင်းတခု (photo - Robert Wilson)

မန္တလေးတောင်တော်သည် ရှေးယခင်အဆက်ဆက်ကစ၍ မန္တလေးရဟန်းပျိုအဖွဲ့၏စီမံအုပ်ချုပ်မှုအောက်တွင် ရှိခဲ့ပြီး မန္တလေးသူမန္တလေးသားတို့၏ အထွဋ်အမြတ်ထားသော နေရာလည်းဖြစ်ခဲ့ပါသည်။

ထိုတောင်တော်သည် ၁၉၉၃ခုနှစ်(စစ်အစိုးလက်ထက်)မှစတင်၍ ဘက်စုံအာဏာအဖွဲ့၏ လက်အောက်သို့ မောင်ပိုင်စီးခံခဲ့ရပါသည်။

၁၉၉၅ခုနှစ်တွင် ခလရ(၉၅)တပ်ရင်းမှူးအား မန္တလေးမြို့တော်ဝန်က သူ၏ကိုယ်စား စီမံခန့်ခွဲ အုပ်ချုပ်ခွင့်ကိုပေးအပ်ခဲ့သည်မှာ ယနေ့အထိဖြစ်ပါသည်။

ယခုအစိုးရသစ်လက်ထက်တွင် မန္တလေးမြို့တော်ဝန်အသစ်ပြောင်းလဲသွားခဲ့ပြီဖြစ်သော်လည်း မန္တလေးတောင် စီမံခန့်ခွဲမှုမှာ မပြောင်းမလဲ ခလရ(၉၅)တပ်ရင်းမှူး လက်ထဲ ရှိနေဆဲဖြစ်ပါသည်။

ထိုသို့မပြောင်းလဲခြင်းကြောင့် မန္တလေးတောင်ရံပုံငွေမှာလည်း သိသာအောင် တိုးတက်ခြင်းမရှိဟု မန္တတောင်ဈေးသည်တစ်ဦးက ဆိုပါသည်။

“ကျွန်မတို့ မန္တလေးတောင်မှာ ဈေးရောင်းလာတာ နှစ်ပေါင်း အတော်ကြာနေပါပြီ။ မန္တလေးတောင်မှာ ဈေးဆိုင်ခန်းပေါင်း(၈၀၀)ကျော်ရှိပါတယ်။ တစ်ဆိုင်ကိုနေ့စဉ် ၃၀၀ကနေ ၅၀၀ ဈေးကောက်ပေးရပါတယ်။

ဒီတော့ တစ်ဆိုင်ကို တစ်လ ၁၀,၀၀၀ ပဲ ထားပါ။ ဆိုင် ၈၀၀ ကျော် ဆိုတော့ တစ်လ သိန်း(၈၀) ၀င်ငွေရှိပါတယ်။

အလှူခံပုံးတွေကို (၃)လတစ်ကြိမ် ဖွင့်ဖေါက်ပါတယ်။ တစ်ခါဖွင့်ဖေါက်ရင်သိန်း(၂၀၀)ကျော်ရပါတယ်။ နောက် ဓါတ်ပုံလေလံ။ စက်ဘီးလေလံ။ ဓါတ်လှေခါးလေလံ။ ယာဉ်တက်ခလေလံ။ ဖိနပ်အပ်ခံတဲ့လေလံ ဆိုတာတွေလည်း အများကြီးရှိပါတယ်။

အဲဒါကို တလောလေးက ရှင်းတမ်းထွက်လာတာဖတ်ရပါတယ်။ ၄ လ လုံးလုံး ဆိုင်ခန်းခ ရရှိငွေ ၈,၀၀၀ ကျပ်ပဲ စာရင်းဝင်နေတယ်။

အဲဒါနဲ့ ၂၀၀၇ ခုနှစ် က မန္တလေးတောင် လက်ကျန်ငွေကို စုံစမ်းတော့ သိန်း(၁,၄၀၀)ရှိပါတယ်။

၂၀၁၂မှာ လက်ကျန်ငွေဟာသိန်း(၁,၆၀၀) ဆိုတော့ (၅)နှစ်နေမှ သိန်း(၂၀၀)ပဲတိုးလာတဲ့သဘောဆိုတော့ ကျွန်မတို့ မန္တလေးတောင်ဈေးသည်တွေက ဘယ်ကျေနပ်ကြမှာလဲ။

မန္တလေးတောင်မှာ ဂေါပကအဖွဲ့ရှိပါတယ်။ သူတို့က တကယ့် အရုပ်တွေလိုပါပဲ။ အလှူခံပေးရတယ်။ အလှူခံပုံး ဖွင့်ရင် ငွေ ရေပေးရတယ်။ ပြီးရင် ခလရ(၉၅)တပ်ရင်းမှူးကို အပ်ရတယ်လို့ပြောပါတယ်။

တလောလေးကတော့ ဂေါပကတစ်ယောက်ကို မေးကြည့်ဖြစ်ပါတယ်။ ဓါတ်ပုံလေလံခက တစ်နှစ်ကို ဘယ်လောက်ရသလဲလို့။ အဲဒီမှာဂေါပကမင်းက ကျွန်မကိုအော်သွားပါတယ်။ ငါတို့က ဘာလေလံ ဘယ်လောက်ရလဲ မသိရဘူးဟ။ ခလရ(၉၅)က အကုန် လုပ်သွားတာ။ လေလံပိုင်ရှင်တွေကို စုံအောင်တောင် ငါတို့ဂေါပကတွေ မြင်ဖူးတာတောင် မဟုတ်ဘူးတဲ့လေ” ဟုပြုံးစိစိနှင့် ဆိုပါသည်။

မျက်နှာ ပြုံးနေသော်လည်း မျက်လုံးတွေမှာ မျက်ရည်တွေက ပြည့်နေရှာပါတော့သည်။


~

9 comments :

  1. Anonymous said... :

    Seriously I comment. Desperate action not good enough on the internet post. Find way and organize active groups.
    Not stop no mercy.

  1. Anonymous said... :

    မိုင်းနင်း၊ သေနပ်မှန်ပြီး သေမဲ့အကောင်တွေ...ဘုရာကို မလှူတဲ့အပြင် အလှူခံငွေတောင်နှိုက်စားတဲ့ကောင်တွေပါလား... ဘုရာကြီးပြုပြင်ဖို့မဟုတ်ပဲ မယားကြီးပြုပြင်ဖို့ ဖြစ်နေတယ်... ကံ ကံ၏အကျိုးပေးပါလိမ့်မယ်... အလှူတွေပြန်လုပ်ပါတယ်လို့ မပြောနဲ့ ငါးကြင်ဆီနဲ့ငါးကြင်းကြော်တာ ချွေးနည်းစာမပါတဲ့ အလှူ၊ စေတနာမပါတဲ့ အလှူ ကုသိုလ်မရဘူး... ဒီဘဝ အခု ချမ်းသာနေပေမဲ့ ဘယ်အချိန် အကုသိုလ် အကျိုးပေးမလဲ စောင့်ကြည့်နေပါ...အရင်ကတော့ ရှင်ဘုရင်တွေ စစ်မြေပြင်ထွက်ရင် ဘုရားမှာအောင်မြေနင်းလေ့ရှိတယ်... အခု နင်းကြည့်ပါလား... ပြောရဲတယ် နင်းရဲမှာမဟုတ်ဘူး... ဘာဖြစ်လို့လဲဆိုတော့ ဤမှန်သော သစ်စ္စာစကားကြောင့်လို့ ချီရတာကိုး... ကဲ စားကောင်းတုန်း မစားကောင်းတာကို စားအုံးပေါ့... မိဘပြည်သူများ မေတ္တာများများပို့ပေးလိုက်ပါ ထိရောက်တယ်လို့ ကြားဖူးတယ်.... မောင်းမင်းကြီးသားတို့ မှန်သာလုပ်ရင် ကျန်းမာပါစေ... ချမ်းသာပါစေသား....

  1. Pone Nya said... :

    ကံအကျိုးပေးတွေကသိပ်ကြောက်ဖို့ကောင်းတယ် လက်ရှိဘ၀မှာကို အကျိုးပေးမှာ ဘ၀မကူးဘူး

  1. Anonymous said... :

    သူ့စရိတ်နဲ့ သူသွားမှာ ပါဗျာ...
    နိုင်ငံတကာမှာ escalator တွေ elevator တွေ walk moving တွေ ကို လမ်းတွေ ခုံးကျော် တံတားတွေ မှာ တောင် အခမဲ့ တပ်ဆင်ပေးထားပါတယ်... မန်းလေး တောင် ကျ မှ ပဲ တောင်ပေါ်တတ်ဖို့ စက်လှေခါး သုံးခ တဲ့...
    သြော် မြန်မာ ပြည် တော်တော် ငတ် နေရှာပီနော်...

  1. Anonymous said... :

    ဘုရားငွေတွေလည်း မရှက်မကြောက် ကိုယ်ကျိုးအတွက် သုံးနေကြပါလား။ အေးလေ.. ဘုန်းကြီးတောင် သတ်ကြသေးတာ။ What does Clean Government mean?

  1. Anonymous said... :

    င်္facebook မှာ များများ Share ကြပါ။

  1. Anonymous said... :

    ဖွဲ့စည်းပုံဥပေဒထဲမှာတပ်မေတ်ာကိုဦးဆောင်မှုအာဏာပေးရမယ်ဆိုပြီးရေးထားတာ၊ ဒီလိုစားပေါက်တွေကြာင့်ကိုး။

  1. Anonymous said... :

    ခင်ဗျာတို့ကစာဆိုမကြားဘူးလို့ပါ
    ဗိုလ်မှူးဘ၀-ကားစီး
    တပ်ရင်းမှူးဘ၀-တိုက်ဆောက်
    ဗိုလ်ချုပ်ဘ၀-companyထောင်
    ရဲဘော်တွေဘ၀-ဗိုက်မှောက်

  1. Anonymous said... :

    အဲဒီလိုလူသိရှင်ကြားဖြစ်သွားပြီဆိုရင်တော့
    သမ္မတကြီးကတိုးတိုးတိတ်တိတ်အရေးယူ
    မယ်လို့ထင်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved