နေပြည်တော်တွင် လမ်းမီးများ စတင်ငြှိမ်းပြီ

Thursday, May 24, 2012



by CJMyanmar

မြန်မာနိုင်ငံ မြို့အတော်များများတွင် ဆင်နွှဲနေကြသော လျှပ်စစ်မီးပုံမှန်ရရှိရေး ဖယောင်းတိုင်မီးထွန်း ငြိမ်းချမ်းစွာ ဆန္ဒပြုပွဲများ၏ အကျိုးဆက်အဖြစ် "နေပြည်တော်တွင် (၂၂၊ ၅၊ ၂၀၁၂) ညမှစတင်၍ လမ်းမီးများ ငြှိမ်းထားကြောင်း၊ မထွန်းမဖြစ် ထွန်းရမည့် လမ်းမီးများကိုလည်း ဓာတ်တိုင် ၃ တိုင်ကျော် လမ်းမီးတစ်မီးသာ ထွန်းကြောင်း၊ မကြာမီ လူနေအိမ်ယာများကိုပါ အလှည့်ကျ မီးပေးစနစ် ပြောင်းလဲကျင့်သုံးရန် စီစဉ်နေသည်ကို ကြားသိရကြောင်း၊" နေပြည်တော်မှ ပြည်သူတစ်ဦးက CJMyanmar သို့ ပြောကြားပါသည်။

ဓာတ်ပုံမှာ ယနေ့ (၂၄၊ ၅၊ ၂၀၁၂) ည ပိုင်းတွင် တွေ့မြင်ရသော-
"အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး၊ နေပြည်တော်"

8 comments :

  1. nike said... :

    ဖြစ် သင့်တာကြာပြီ ဒီလို

  1. Anonymous said... :

    အုပ်ချုပ်တဲ့သူတွေမှာ ခေါင်းမရှိဘူးဆိုတာ သိသာလိုက်တာ။ ပြည်သူလူထုလိုချင်တာ တတိုင်းပြည်လုံး အလင်းရောင်ရရှိရေး နေပြည်တော်လမ်းတွေကို ဖိတ်ဖို့ တောင်းဆိုတာမဟုတ်။ အခုလို နေပြည်တော်ဆိုတဲ့ သင်္ဂြိုင်းလမ်းတွေမှာ မီးမလင်းတော့တာနဲ့ ပြည်သူတွေက သူတို့ ရဲ့  ဆန္ဒထုတ်ဖော်မှုတွေရပ်ဆိုင်းမယ်လို့ ထင်နေလား၊ ချီးပရိန်းနဲ့တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ လူသတ်သမားတွေရေ

  1. Anonymous said... :

    We need apologize negligence of human amenities instead of buying arms

  1. Anonymous said... :

    လျှပ်စစ်မီးအားကို အားလုံး တပြေးညီ ခွဲတမ်းနဲ့သုံးရမယ် ဆိုတော့လည်း ကောင်းတာပေါ့ ဒီလိုဘဲဖြစ်သင့်တယ်

  1. Anonymous said... :

    လျှပ်စစ်မီးအားကို အားလုံး တပြေးညီ ခွဲတမ်းနဲ့သုံးရမယ် ဆိုတော့လည်း ကောင်းတာပေါ့ ဒီလိုဘဲဖြစ်သင့်တယ်

  1. zaw said... :

    နေပြည်တော်မှာ ရပ်ကွက်တွေရဲ့ လမ်းပေါ်နဲ့ လမ်းမကြီးတွေရဲ့ လမ်းတွေရဲ့ ဓာတ်တိုင်တွေ မီးမထွန်းတာ (၃) ရက်လောက်ရှိပါပြီ။ ထမင်းစားပြီး ညဖက်လေညှင်းခံ လမ်းလျှောက်လို့မကောင်းတော့ဘူး။

  1. thitsar said... :

    လမ်းမီးလျှော့တာ အိုကေပါ။ အိမ်မီးအလှည့်ကျကတော့ . . . အင်း . . .
    မရသေးတာတွေကို ရအောင်လုပ်ပေးလေ၊
    ရပြီးသားကို လျှော့ဖို့ တော့ မတောင်းဆိုကြပါဘူး . . .

  1. anawmar said... :

    စိတ်လျှော့ကြပါဗျာ။ အခုဆို ဦးသန်းရွှေတောင် ဖယောင်းတိုင်မီးလေးထွန်း၊ ဆိုလာနဲ့ TV ကြည့်ပြီး၊ ယပ်တောင်လေးတဖျပ်ဖျပ်နဲ့နေရရှာတာပါ။
    Believe it or not.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved