ဒီငြိမ်းလင်းနဲ့ ရဲမြတ်ဟိန်းတို့ နေ့ကျောင်း ပြန်တက်ခွင့်ရပြီ

Wednesday, May 30, 2012



နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်၊ ကျောင်းသား သမဂ္ဂ ပေါ်ထွန်းရေး ကြိုးပမ်းနေသူတွေလည်းဖြစ်တဲ့ ကိုဒီငြိမ်းလင်းနှင့် ကိုရဲမြတ်ဟိန်းတို့ နှစ်ဦးဟာ အရင် အကျဉ်းထောင်တွေက ပြန်လွတ် လာပြီးနောက် ပိုင်း အစေးသင်ကျောင်းတက်ခွင့်သာ ရခဲ့ကြရာ အခုတော့ နေ့ကျောင်းပြန်တက်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် မော်ကွန်းထိန်းက သူတို့ထံ သမ္မတ၏ ခွင့်ပြုချက်နဲ့ ကျောင်းပြန်တက်ခွင့်ရှိ တာကို အကြောင်းကြားလာတာလို့ သိရပါတယ်။

သူတို့ ၂ ဦးဟာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုအပြီး ဖမ်းဆီးထောင်ချခံခဲ့ကြရပြီး လွန်ခဲ့တဲ့ ဇန်န၀ါရီလ ၁၃ ရက်နေ့က သမ္မတ လွတ်ငြိမ်းချမ်းသာ အမိန့်နဲ့ ပြန်လွတ်လာခဲ့ကြတာပါ။

အကျဉ်းထောင်တွေက ပြန်လွတ်လာပြီးနောက်ပိုင်းမှာ ကျောင်းပြန်တက်ခွင့်ရရေး ကြိုးစားခဲ့ကြပေမယ့် အဝေးသင်တက္ကသိုလ်တက်ရောက်ခွင့်သာ ပေးခဲ့တာလို့ သိရပါတယ်။

ကိုဒီငြိမ်းလင်းက အနောက်ပိုင်းတက္ကသိုလ် ဘူမိဗေဒ နောက်ဆုံးနှစ် ကျောင်းသားဖြစ်သလို ကိုရဲမြတ်ဟိန်းတော့ အနောက်ပိုင်း တက္ကသိုလ် သင်္ချာအထူးပြု ပထမနှစ်ကျောင်းသားဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved