မောင်ဝံသ သတင်းစာ သင်တန်း

Friday, May 11, 2012


မောင်ဝံသ သတင်းပညာသင်တန်း တက်ရောက်လိုသူများသို့

၁။ ကျွန်တော် အနှစ်နှစ်အလလက ကြံရွယ်ထားတဲ့ စိတ်ကူးတစ်ခု အကောင်အထည်ဖော်နေပါပြီ။ သတင်းပညာ Journalism သင်တန်းတစ်ခု ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပါတယ်။

၂။ ပြည်သူ့ခေတ်ဂျာနယ် သတင်းထောက်များကို အမာခံထားပြီး စတင်ပို့ချခဲ့တာပါ။ သူတို့ရဲ့ သူငယ်ချင်းများနဲ့ သတင်းကြားလို့ ကျွန်တော့်ထံ လာရောက် စာရင်းပေးသူများကိုလည်း လက်ခံပို့ချပေးနေပါတယ်။ ယခု ပထမပတ်သင်တန်း ပြီးပါတော့မယ်။

ပထမပတ်သင်တန်းအခြေအနေကို ကျွန်တော် အလွန်ကျေနပ်အားရပါတယ်။

၃။ ဒုတိယပတ်သင်တန်းကို ၂၀၁၂ ဇွန်လ ၄ ရက်မှာ စတင် ဖွင့်လှစ်ပါမယ်။
လက်ရှိသတင်းထောက် အယ်ဒီတာ လုပ်နေသူများထဲက ၁၀ ဦး၊ ပြင်ပ လူသစ် ၁၀ ဦး လက်ခံပါမယ်။

သင်တန်းကျောင်းမှာ ခုံ နေရာ ၂၀ ပဲ ရှိပါတယ်။ စုစုပေါင်း ၂၀ ဦးထက် ပို လက်မခံနိုင်ပါတဲ့။
ဒုတိယပတ်မှာ လူပြည့်သွားရင် တတိယပတ်မှာ တက်နိုင်ဖို့ စာရင်းပေးလို့ရပါတယ်။


၎။ အကြမ်းဖျင်းကတော့ သင်တန်းချိန် - တနင်းလာကနေ သောကြာအထိ နံနက် ၈ နာရီက ၁၀ နာရီအထိ
သင်တန်းကာလ ၁၂ ပတ် ကြာမြင့်ပါမယ်။

၅။ အသေးစိတ်အချက်အလက်များကို သိချင်ရင် မောင်ဝံသ ဖုန်း ၀၉ ၅၀၄၀ ၉၉၄ နဲ့
email: maungwuntha@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

သတင်းစာပညာကို နှစ်နှစ်ကာကာ ၀ါသနာပါပြီး ရက်ပျက် နည်းနိုင်သမျှနည်းအောင် တက်နိုင်မှ အမည်စာရင်းပေးသွင်းစေချင်ပါတယ်။


မောင်ဝံသ

1 comments :

  1. Anonymous said... :

    ဆရာကြီးတို့ဦးစီးဆောင်ရွက်ကာ
    ပြည်တွင်းမှာသတင်းသင်တန်းများ
    ပို့ချမူကိုဖတ်ရ၍၀မ်းသာရပါသည်။
    အာဏာရှင်ဆန်ဆန်ကျင့်သုံးပြီး
    တာဝန်ယူမူ့ မရှိသောပြည်ပအယ်ဒီတာ၊
    အာရှတာဝန်ခံတို့၏လုပ်ရပ်နှင့်ဘာ
    မှမနှိုင်းယှဉ်နိုင်လောက်အောင်
    မြင့်မြတ်လှပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved